ချစ်တယ် ချစ်တယ်လို့
ချစ်စကား တွင်တွင်ပြောခဲ့သူရေ
နင်ဟာ လူဆိုးလေး..........။
ရင်မခုန်ခဲ့ဘူးသေးတဲ့ ငါ့ကို
ရင်ခုန်ခြင်းတွေ သင်ပေးခဲ့သူ
နင်ဟာလူဆိုးလေး............။
ခေါင်းမညိတ် တတ်တဲ့ ငါ့ကို
ပုတ်သင်ညိုလို ခေါင်းတွင်တွင်ညိတ်
နင့်ချစ်စကားကို
တုံ့ပြန်တတ်အောင် သင်ပေးခဲ့သူ
နင်ဟာလူဆိုးလေး......။
လူဆိုးလေးရေ................
ခုတော့ ငါဟာ အချစ်သီချင်းတွေ နားထောင်တတ်ခဲ့ပြီ
အချစ်ကဗျာတွေကို စိတ်ဝင်စားလာခဲ့တာ နင့်ကြောင့်ပေါ့။
လူဆိုးလေးရေ...........................
ငါဟာ အချစ်နွံတွေနစ်
အချစ်ကျေးကျွန်ဖြစ်နေခါမှ
ငါ့နှလုံးသားကို လှုပ်ခါကိုင်ဆွဲ
ငါ့ရဲ့ဝေးရာကို နင်ထွက်သွားခဲ့တော့
စိတ္တဇညတွေမှာ လူးလွန့်နေခဲ့ရတယ်။
ငါ့ကို ထားရစ်ခဲ့တဲ့ နင့်ကို မုန်းချင်ပေမဲ့
နင့်ကို ချစ်တဲ့ စိတ်တွေက မုန်းခွင့်မပေး
ငါ့ကို အလွမ်းတွေ ပေးခဲ့တဲ့ နင့်ကို
နာကျည်းချင်ပေမဲ့
နင့်ကို ချစ်တဲ့ နှလုံးသားလေးက
နာကျည်းခွင့် မပေးခဲ့လေတော့
ငါ့မှာ.......................
လွမ်းရင်း လွမ်းရင်းဖြစ်
လူဆိုးလေးနင့်ကို တမ်းတနေဆဲပေါ့ကွယ်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်