Followers

Monday 14 May 2012

Facebook ထဲက ကလေးခိုးကာ ငွေလိမ်ညာတောင်းမှု


မနေ့က(၁၃.၅.၂၀၁၂)  Mother's Day မှာ မိခင်တစ်ဦးကတော့ အရမ်းကို ထိတ်လန့် တုန်လှုပ်ဖွယ် သတင်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။
အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး။ Facebook ထဲက သတင်းတစ်ပုဒ်ကြောင့်ပါပဲ။
Mother's Day မှာ ဖေ့ဘွတ် စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့ရတဲ့ သတင်းတစ်ပုဒ်။
ဒီသတင်းကို ဖတ်လိုက်ရသူတိုင်းက ရင်ထဲမှာ ဝမ်းနည်းတဲ့ ခံစားမှုတွေ ဂရုဏာသက်တဲ့ ရသတွေ ခံစားခဲ့ကြရတယ်။ သူတို့ မိသားစုလေးအတွက် ဝိုင်းဝန်းဆုတောင်း ပေးကြသူတွေကလဲ ဒုနဲ့ဒေး။
ဖြစ်ပုံကလဲ အမှန်သာ ဆိုရင် တကယ့်ကို သနားစရာ ဖြစ်ရပ်လေးကိုး။
Deniedဆိုတဲ့ သူတစ်ဦးရဲ့ Facebook အကောင့်မှာ သူ့ရဲ့  ကားအက်ဆီးဒင့်နဲ့ ရုတ်တရက် သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်လေးအကြောင်း။
သူ့မှာ ကလေး (၁၁)ယောက်နှင့် ကျန်ရစ်ဖြစ်နေတဲ့ အကြောင်း။ အဲ့ဒီကလေးတွေထဲမှာမှ Eli ဆိုတဲ့ သားလေးဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့ အကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။
သူ့သားလေး အဲလီရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုချင်တာ သွားလေသူ ဇနီးသည်ရဲ့ ဆန္ဒပါ။ သူ ဘယ်သူ့ဆီမှာမှ ငွေကြေးအလှူခံတာမဟုတ်ပါဘူး။ ကလေးတွေ အားလုံးကို ပြည့်စုံအောင် ထားနိုင်တဲ့ အနေအထား သူတို့မှာ ရှိပါတယ်။ ကနေဒါ နိုင်ငံမှာ နေထိုင်ရင်း သားလေးကို ဆေးကုနေတာ ကုသစရိတ်အားလုံးနီးပါးလောက် ပေးပြီးနေပါပြီ။ သူတို့ အနေနဲ့ ကလေးဆေးကုသစရိတ်ကို ပူပင်စရာမလိုပါဘူး။
အကယ်၍များ သူနဲ့သူ့ကလေးငယ်တွေရဲ့ အဖြစ်ကို စာနာ သနားခဲ့မယ်ဆိုရင်ဝိုင်းဝန်း ဆုတောင်းပေးတာ၊ဘုရားရှိခိုးတာမျိုး စသည့် အလုပ်တွေနဲ့ပဲ မရပ်တန့်ကြပါနဲ့။ ဘုရားရှစ်ခိုးယုံ၊ဆုတောင်းပေးယုံလေးနဲ့တင် ရောဂါက ပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။ သင်တို့ရဲ့ စေတနာနဲ့ ကူညီမဆမှုတွေကသာ ထိရောက်စွာကူညီနိုင်မှာပါ။ အကယ်၍များ ကူညီချင်တယ်ဆိုရင်တော့ Alex's Lemonade Stand Foundation in memory of Dana ကို အလှူငွေတွေ ထည့်ဝင်နိုင်ပါတယ်။ ဒီဖောင်ဒေးရှင်းလေးဟာ သွားလေသူ ဇနီးသည်အနှစ်သက်ဆုံ ပရဟိတ လေးဖြစ်သည့်အတွက်ကြောင့် သူ့ရင်ထဲမှာလဲ ရှိနေပါတယ်..ဘာညာ စသည်ဖြစ် ရေးသားထားပြီး သူ့စာမျက်နှာပေါ် တင်ထားလိုက်တာ ဖတ်ရသူအပေါင်းလဲ ရင်ထဲမှာ မကောင်း ကူညီချင်စိတ်တွေ တစ်ဖွားဖွားနဲ့ပေါ့။
သူ့စာမျက်နှာပေါ်မှာ အဲ့ဒီအကြောင်းအရာလေး ရေးတင်ပြီးတဲ့ နာရီပိုင်းအတွင်းမှာပဲ အလှူထည့်ဝင်ကြတာ ဒေါ်လာ ၁၀၀၀ ကျော်နေပါပြီ။ Facebook စာမျက်နှာမှာ အလှူခံတာ ထည့်စရာလားလို့ တွေးကောင်းတွေးနေကြပါလိမ့်မယ်။  သူ နာမည်ခံအလှူခံတဲ့ ပရဟိတလုပ်ငန်း Alex's Lemonade Stand Foundation ဟာတကယ့် ကင်ဆာရောဂါသမားတွေကို ကုသပေးနေတဲ့ ပရဟိတ လုပ်ငန်း တစ်ခုဖြစ်ခဲ့တာကြောင့် Facebook စာမျက်နှာပေါ်က အချို့သော သူတွေကလဲ အမှန်အကန်ပဲ ထင်နေခဲ့ကြတာပါ။ သူဟာ နာမည်ကျော် ပရဟိတလုပ်ငန်းရဲ့ နာမည်ကိုပါ အလွှဲသုံးစားလုပ်သွားခဲ့တယ်။  ထိုထက်ဆိုးတာက သူ့ရဲ့ ကလေးတွေပါလို့ ပြောပြီး တင်ထားတဲ့ ဓာတ်ပုံ

သူရဲ့ ကလေးတွေ မဟုတ်ပဲ အခြားသူများရဲ့ ကလေးတွေပါ။ မေ မြှားပြထားတဲ့ အမွှာကလေး နှစ်ယောက်ဟာ မေ့ရဲ့ မိတ်ဆွေ Tertia Loebenberg Albertyn ရဲ့ အမွှာကလေး  Adam & Kate ပါ။လူလိမ်ကတော့  Lily & Jade လို့ နာမည်ပေးထားတယ်။
ွှTertia ဟာ စာရေးဆရာမ တစ်ယောက်ပါ။အာဖရိကမှာ နာမည်ကျော် အောင်မြင်နေတဲ့ ဘလော့ဂါ တစ်ဦးပါ။ အင်္ဂလန်က ချီးမြင့်တဲ့ စာပေဆုတွေကို လက်ခံရရှိထားသူ တစ်ယောက်ပါ။ အဲ့ဒီအပြင် ကိုယ်ဝန်ဆောင်လိုချင်သူတွေ ၊သားမျိုးဥ မအောင်မြင်တဲ့ ဇနီးမောင်နှံတွေကို မျိုးဥ လှူဒါန်းသူ(သို့) ရောင်းဝယ်သူတွေနဲ့ ဆက်စပ်ရှာဖွေပေးပြီး အလှူခံသူနှင့် အလှူရှင်တွေကို ရှာဖွေပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ခုလောလောဆယ်မှာ ကိုယ်ပိုင်ဆေးရုံ ဆောက်ဖို့ စီစဉ်နေပါတယ်။
နာမည်ကျော် စာရေးဆရာမ တစ်ယောက်ဖြစ်တဲ့ ထရက်ရှာကို လူသိလဲ များလှပါတယ်။ ဖေ့ဘွတ်မှာ ကိုယ်ပိုင် fan page တွေလဲ ရှိကာ မိတ်ဆွေတွေလဲ များလှတာကြောင့် ဒီသတင်းကို ဖေ့ဘွတ်ပေါ် တင်ပြီး နာရီပိုင်းအတွင်းမှာ သူသိခဲ့ပါတယ်။
မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးရဲ့ ပုံကို အခြားသူ တစ်ဦးက သူတို့ကလေးလိုပုံစံမျိုးနဲ့ ပုံမှာရိုက်ပြီး အလှူငွေတွေ တောင်းခံနေတဲ့ အဖြစ်မျိုးတွေ့လိုက်တော့ ယူကြုံးမရဖြစ်ခဲ့ပါတယ်။

အာဒမ်နဲ့ ကိတ်ရဲ့(၃)နှစ်ပြည့် မွေးနေ့ဓာတ်ပုံကို ထိုသူရဲ့ စာမျက်နှာမှာ ဖော်ပြထားပေးတယ်။ သူတို့လေးတွေ လက်ရှိသက်က (၈)နှစ်ထဲမှာပါ။
ပြီးတော့ ကိတ်လေး။။ အာဖရိကလို ဗုဒ္ဓဘာသာ ဆိုတာ ဘာမှန်းသေချာမသိတဲ့ နိုင်ငံမှာ မွေးလာတဲ့ ကိတ်ဟာ သူမ (၅)နှစ်သမီးအရွယ်မှာ တရားထိုင်မယ် လို့ သူ့မိဘတွေကို ပြောပြီး ဝိပသနာ တရားရှုမှတ်ပုံနဲ့ ငြိမ်သက်စွာ ထိုင်လေ့၇ှိတယ်။ သူကြီးလာရင် မေရှိတဲ့ မြန်မာနိုင်ငံကို လာမယ်နော်လို့ မေ့ကို ခွဲခါနီးမှာ ပြောခဲ့ဖူးတယ်။ သူနဲ့ သူ့ဝမ်းကွဲညီမလေး လီလီက သူတို့ မိဘတွေကို တောင်းဆိုခဲ့တယ်။ သူတို့ ကြီးလာရင် ဗုဒ္ဓဘာသာ လုပ်မယ်တဲ့။ မေ အာဖရိကကို အလည်ရောက်ခဲ့တဲ့ ကာလမှာ ကိတ်လေးရဲ့ အနေအထိုင် အပြုအမူက တကယ်ရင်ထဲရောက်ခဲ့ပါတယ်။ သူ တရားထိုင်နေတဲ့ ဓာတ်ပုံလေး သူ့အမေက ဖေ့ဘွတ်စာမျက်နှာပေါ်တင်ပြီး မေ့ကို ပြခဲ့သေးတယ်။(ခုမရှိတော့ဘူး ။ဖျက်လိုက်ပြီ)ခုလို သူတို့ ပုံလေးတွေကို ပြပြီး ပိုက်ဆံလိမ်ညာတောင်းနေတာတွေ့တော့ အတော်လေး ခံစားခဲ့ရပါတယ်။
သူ့အမေသာဆို ပိုဆိုးမှာပေါ့။
ငွေကို လိမ်ညာတောင်းသူရဲ့ Facebook နဲ့ အခြား ဝက်ဆိုဒ်မှာရှိတဲ့ အကောင့်တွေတော့ မရှိတော့ပါဘူး။သူ နာမည်ယူသုံးထားတဲ့Alex's Lemonade Stand Foundation ကလဲ သူ့နာမည်ကို ဖျက်ထားလိုက်ပြီး   အားလုံးကို ဖျက်သိမ်းလိုက်ပါပြီ။

ဖေ့ဘွတ်မှာ ဓာတ်ပုံတွေ တင်မယ်ဆိုရင် သတိထားကြတော့နော်။ အရွယ်ရောက်တဲ့ သူတွေရဲ့ ပုံတွေသာ အသုံးချခြင်း ခံရတာမဟုတ်ပါဘူး။ ကလေးတွေ ပုံကိုလဲ ဒီလို အသုံးချတာခံရတတ်တယ်ဆိုတာ သတိထားပေးကြပါ။
ဒီလိုအဖြစ်အပျက်တွေ ဘယ်လောက်များနေကြပြီလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ခုတောင် နာမည်ကျော်နေတဲ့ စာရေးဆရာမတစ်ယောက်၊လူသိများနေတဲ့ သူတစ်ယောက် ၊တစ်ကမ္ဘာလုံးနီးပါးမှာ သူ့မိတ်ဆွေ၊သူ့ပရိတ်သတ်တွေနဲ့ လူသိများနေလို့သာ နာရီပိုင်းအတွင်းမှာ သိလိုက်ရတာ။

Tertia က သိသိချင်းပဲ ဒီကိစ္စတွေ လိုက်ရှင်းနိုင်ခဲ့ပါတယ်။
 အလိမ်အညာဇာတ်လမ်းဖန်တီးသူရဲ့ စာမျက်နှာတွေ မရှိတော့ပေမဲ့ အကြောင်းစုံကို ဖတ်ချင်သေးတယ်ဆိုရင်တော့
 Tertia ရဲ့ ကိုယ်ပိုင်င် ဘလော့ http://www.tertia.org/so_close/2012/05/someone-is-stealing-pics-of-my-kids-and-using-them-as-their-own-again.html
နဲ့
http://warriorelihoax.wordpress.com/ ဝင်ရာက်ဖတ်ရှုနိုင်ပါတယ်။
မေ အချိန်မရလို့ ဒီလောက်ပဲ အကျဉ်းချုပ်ရေးပေးနိုင်တာ ခွင့်လွတ်ပါ။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်





 



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်