Followers

Sunday 13 May 2012

ရွှေမြို့တော် အမေများနေ့ အမှတ်တရ ကျောက်စာတိုင်

ရွှေမြို့တော် မိသားစုမှ မိခင်၏ ကျေးဇူးကို သိတတ်သော သားသမီးများ၏ အမှတ်တရ ကျောက်စာတိုင်လေးကို စိုက်ထူခွင့်ရခဲ့တဲ့ အတွက် ရွှေမြို့တော် မိသားစုအနေနှင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။









ရွှေမြို့တော်သူ/သားများ၏ အမေများအတွက် ရင်တွင်းစကားသံများ








thway thitsar oo ၏ ထာဝရကောင်းကင်မေမေ




အမေရယ်,


ရှေးရေစက်ကြောင့်ဆုံနေရသူတွေပါ။


တစ်ဘ၀လုံးစာအတွက်ပဲဖြစ်ဖြစ်၊ တခဏတာမှာဘဲဖြစ်ဖြစ် တွေဆုံမှုတိုင်းမှာ ကျွန်တော့်ဘက်က မှားတာတွေရှိခဲ့ရင်


ခွင့်လွှတ်ပေးကြပါ။ လွဲမှားခြင်းကို ဂရုတစိုက်နဲ့ ပြုပြင်သင်ကြားသူတွေက ကျွန်တော့်ရဲ့ ဆရာတွေပါ။


စိတ်ရှည်သည်းခံတတ်သူတိုင်းက ကျွန်တော့်ရဲ့ အစ်ကို၊ အစ်မတွေပါ။


နွေးထွေးတဲ့ အကြင်နာနဲ့ ဂရုဏာတွေပေါင်းစပ်ပြီး ဘ၀တစ်ခုကို ရှင်သန်အောင် ပေးဆပ်မှုတွေနဲ့အတူ ကျေနပ်နေသူတွေက


ထာဝရဘုရားသခင်က ဆုလာဒ်အဖြစ် ကျွန်တော့်ကို ဆောင်နှင်းပေးအပ်ခြင်းခံရတဲ့ ကျွန်တော့်ရဲ့ မိဘတွေပါပဲ။


ဆက်လက်ဖတ်ရှုရန် ဤနေရာကို ကလစ်လိုက်နော် >>>>




~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




♫♥✿*•♫♥မေ♥သ♥ဇင် ♥♫✿*•♫♥ ၏ အချိန်နှင့်အတူ ပြောင်းလဲသွားခဲ့တဲ့ ကလေးတစ်ယောက်စိတ်ထား





(၅)နှစ်အရွယ်ကလေးတစ်ယောက် နှုတ်ဖျားက ခပ်ဖွဖွ ထွက်ကျလာတဲ့ စကားတစ်ခွန်းက


“မေမေ့ကို အရမ်းချစ်တယ်”







ထိုကလေး (၁၀)နှစ်သားအရွယ်ရောက်လာပြန်တော့ သူ့အတွေးထဲမှာ ကိန်းအောင်းနေတာက




“မေမေဟာ အရာရာကို စွမ်းဆောင်နိုင်တယ်”







(၁၆) နှစ်အရွယ်ရောက်လာရော သူတွေးမိခဲ့တာက


“မေမေဟာ နားပူအောင် အတော်လေးကို မြည်တွန်းတောက်တီးတတ်သူပါလား”







(၁၈)နှစ်ဆိုတဲ့ ကာလတစ်ခုကို ကြာမြင့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့အတွေးထဲမှာ


“ငါ အမေ့အိမ်ပေါ်က ဆင်းသွားပြီး လောကကြီးထဲမှာ အတွေ့ကြုံသစ်ရှာတာ ပိုကောင်းလိမ့်မယ်”


ဆက်လက်ဖတ်ရှုရန် ဤနေရာတွင် ကလစ်ပါ













~*~*~*~*~*~*~*(^0^)*~*~*~*~*~*~


















မင်းသူရမောင် ၏ မွေးမေမေ





အမေ..... ပဋိသန္ဓေတည်တဲ့အချိန်မှာ မိမိဗိုက်ကလေးကိုပွတ်ပြီး ပြုံးရွှင်နေတဲ့အမေ. သားလေးလားသမီးလေးလားမသိသေးသော်လည်း


အနေအထိုင်အစားသောက်ဆင်ခြင်ပြီးပဋိသန္ဓေထိခိုက်မှာကိုစိုးရိမ်နေတဲ့အမေ...ကိုးလလွယ်လို့ဆယ်လဖွားခဲ့ပြီအမေ....သားလေးဖြစ်စေ


သမီးလေးဖြစ်စေ မေတ္တာကွန်ရက်ကိုလွှမ်းခြုံပေးတဲ့အမေ.....အမေသည်သားသမီးတို့အတွက်နေပူသော်လည်းလသာသလို မိုးရွှာသော်လည်း ထီးကလေးတစ်ချောင်းလို အရိပ်လိုက်မိုးပေးတဲ့အမေ..




ဆက်လက်ဖတ်ရှုရန် ဤနေရာလေးကို ကလစ်လိုက်ပါနော်>>>>>>>>>>>






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




အိမ့်သက်မှူးခိုင် ၏ မေတ္တာမေမေ




** ကိုးလလွယ်ကာ ဆယ်လဖွားပြီး ချစ်သမျှကို အကုန်စုကာ ဒီသားမသီးအချစ်မိးတွက် ပြုစုကာရယ်ကျွေးမွေးကာ မစားနိင်ကာမသောက်နိင်ပဲမွေးဖွားပေးလေ မေတ္တာမေမေ......


** အမေမေတ္တာရဲ့  သည်စမ်းေ၇ပမာပင် အေးဆက်ကြည်ကာပင်သောက်၇်ျ မကုန်ပင် တကယ်အေးလှသည့်အမေရဲမေတ္တာပင် ကျေးဇူးဆက်ကပင် ညှိနိင်းမရနိင်ပေ..........


ဆက်လက်ဖတ်ရှုရန် ဤနေရာလေးကို နှိပ်ပါနော်....









~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




ဒီဇင်ဘာ ၏ အမေများနေ့ အမှတ်တရ


အိမ်နဲ့ခွဲပြီး အလုပ်လုပ်နေရသည့် အချိန်မှ စပြီး အမေ့ကို ကျေးဇူးတွေ ပိုသိခဲ့ပါတယ်


အမေ ... လောကကြီးက သမီး ထင်သလို မလွယ်ကူဘူး အမေ..


အိမ်မှာ ဆိုးလို့ရပေမယ့် အလုပ်ထဲမှာ ဆိုးလို့မရမှန်းလည်း သိပါပြီ အမေ ..


အမေ့ ချက်တဲ့ ထမင်း/ဟင်း ကို ချေးများပြီး စားခဲ့တဲ့သမီး အခုတော့ အဆောင်ထမင်းကို ချေးမများရဲဘဲ စားနေရပြီ အမေ


အိမ်မှာ အဆင်ပြေပြီး အမေစိတ်ချမ်းသာအောင် ထားနိုင်တဲ့ သမီးတစ်ယောက်ဖြစ်ရပါလို၏


အမေ ကျန်းမာပါစေ ...




~*~*~*~*~*~*~*(^0^)*~*~*~*~*~*~





မောင်ခင်မင် ၏ အမေဆိုတာ





အိုဘယ့်မိခင်..ကျေးဇူးရှင်


စမ်းရေလိုအေး...မေတ္တာပေးလှု


က်ျဇဗ္မူဝယ်...မြင့်မိုရ်နှယ်ပင်


ဦးထိပ်တင်အပ်...ဂုဏ်အင်မြတ်ကို


ရိုကျိုးအစဉ်...ဂိုဏ်းဝင်အနန္တ


နှိုင်းယှဉ်ပြလျှက်...ဗုဒ္ဓရှင်မြတ်


မပြတ်မိန့်ခြွေ..ဒေသနာတွေလည်း


ကိန်းနေရင်ထဲ...သားရင်ထဲမှာ


အမေဆိုတာ...နေလိုလင်းတဲ့


မျှော်လင့်ခြင်းပါ....အမေ................၊


ဆက်လက်ဖတ်ရှုရန် ဤနေရာကို ကလစ်ပါနော်...






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




စတီဗင်ငင် ၏ မေမေ ငိုနေပြီလား




@. မေမေ ငိုနေပြီလား?..


မငိုပါနဲ့ မေမေ... ခက်ထန်တဲ့ လောကဓံ


ပူလောင်တဲ့ ဒီသောက ဒဏ်ကို...


မေမေ.... ကျော်ဖြတ် အောင်မြင်ခဲ့ ပြီလေ....


@. မေမေ ငိုနေပြီလား?...


မငိုပါနဲ့ မေမေ...အချိန်တန် အရွယ်ရောက်


ဘ၀လမ်းကို လျှောက်လို...


အမေ့အိမ်နှင့်ဝေးလည်း... တနေ့မှ မေ့မရဒါ... ဒီနေ့ထိပါ...


ဆက်လက်ဖတ်ရှုရန် ဤနေရာကို နှိပ်ပါနော်.........






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




ချစ်ဦးမောင် ၏ အမေကို ချစ်သော သားတစ်ယောက်ရဲ့ တစ်ချိန်က လေလွင့်ချိန်


အမေ


အမေဆိုတာ လူတိုင်းမှာရှိပါတယ်ဗျာ..... ကျွန်တော့်မှာလဲ အမေရှိပါတယ်....


ကျွန်တော်ဟာအမေ့ကိုအရမ်းချစ်ပါတယ်... ကျွန်တော် တို့မှာမောင်နှစ်မ သုံးယောက်ရှိပါတယ်...


အဲ့ထဲမှာကျွန်တော်ကအလတ် ပေါ့ဗျာ.. သူများတွေပြော သလိုဆိုရင်တော့ အလတ်ဟာ ဟိုမရောက်ဒီမရောက်နဲ့ မိဘရဲ့ချစ်ချင်းကို မရသလိုလိုဘာလိုလိုနဲ့ပေါ့ ....


အဲ့လိုပဲကျွန်တော်ထင်ခဲ့မိတယ်... အကိုယ့်ကိုကျတော့ပေါ့ ဦးစားပေးတယ်...


အငယ်ကိုကျတော့ပိုဂရုစိုက်တယ်လို့ထင်ခဲ့ပါတယ်.... ကျွန်တော်တွေးမိတာပေါ့ ....


ခိုင်းရင်ကျတော့ကျွန်တော့်ကို ပိုခိုင်းတယ်လို့ထင်ခဲ့မိတာပေါ့... အမေ့အပေါ်ကိုအမြင်မကြည် လင်ခဲ့ဘူးပေါ့... အဲ့လိုနဲ့ ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ပေါ့ အိမ်ပေါ်ကဆင်းသွားခဲ့တယ်.... အဲ့အချိန်မှာကျွန်တော်အသက်က13 လောက်ပဲရှိသေးတယ်....


ဆက်လက်ဖတ်ရှုရန် ဤနေရာကို နှိပ်ပါနော်...........




~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




moemaka ၏ စကားဖြစ်မပြော..အလုပ်နဲ့ သက်သေပြမယ်..မေမေ




အမြဲတမ်းလန်းဆန်း တတ်ကြွပြီးခေတ်၏ ရေစီးကြောင်းနောက်ကို လိုက်ပါရင်းတိုးတတ်မှုကို







စူးစမ်းလေ့လာမှတ်သား သုံးသပ်နေတာကတော့ ကျွန်မ၏အမေပါဘည်း။ မိန်းမဘဝဖြစ်၍ သမီးများမမှားသင့်တာ







မမှားရန် ၊ လိုက်နာသင့်တာလိုက်နာရန် အတုခိုးမမှားရန် ၊ မြန်မာမိန်းကလေး ပီသရန်နေ့စဉ်အမြဲဆုံးမနေတာကတော့







ကျွန်မအမေပါဘည်း။ အမေသည်သမီးများကို ချစ်ခြင်းကိုပြသခြင်းထက် စည်းကမ်းနှင့်စာရိတ္တ ၊ ပညာ ၊ ဘာသာရေး ၊







ကိုအဓိကကျကျလမ်းညွှန်ပါသည်။


ဆက်လက်ဖတ်ရှုရန် ဤနေရာလေးကို နှိပ်ပါနော်






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




Kyaw ၏ အဲ့ဒါ.......ကျွန်တော့်အမေ




“အောင်မလေး….ကျပြီ”


ဘတ်စကားပေါ်မှာ စပယ်ယာပြုတ်ကျသွားသည်နှင့် ကားပေါ်မှ ခရီးသည်များ၏ အော်ဟစ်သံသည် ဆူညံသွား လေသည်။ ဘတ်စကားပေါ်တွင် လူကြပ်နေသဖြင့် ရရာဆွဲကိုင်ထားသော စပယ်ယာသည် ကားအကွေ့တွင် လက်လွတ်ပြီး အောက်သို့ အရှိန်နှင့် ကျသွားခြင်းဖြစ်သည်။


ခရီးသည်များ၏ အော်ဟစ်သံကြောင့် ယာဉ်မောင်းက ကားကိုရပ်လိုက်သည်။ စပယ်ယာမှာ လမ်းမပေါ်တွင် သတိမေ့ နေလေသည်။ ကံကောင်းသည်မှာ ဘတ်စကားနောက်မှ မည်သည့်ယာဉ်မျှကပ်ပြီးလိုက်မလာခြင်းဖြစ်သည်။ အကယ်၍သာ နောက်မှ ယာဉ်တစ်စီးစီးကပ်လျက်လိုက်ပါလာပါက မတွေးဝံ့စရာပင်ဖြစ်သည်။


ဆက်လက်ဖတ်ရှုရန် ဤနေရာကို ကလစ်ပါ.......






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




★♫ မှုံနံ.သာဖြူ ★♫ ၏ ထာဝရ အမြုတေ






“ နာသွားလား…သားရယ် ….အုံဖွ ”

လမ်းလျှောက် တတ်စ ….ယိုင်တိ ယိုင်တိုင်နဲ့ လမ်းလျှောက် နေသောသားလေးကို ဖေး မ ရင်း … ကျမရင်ထဲ အတွေး တခု ၀င်လာခဲ့ပါသည် ။ သားလေးက လောကဓံ ရဲ့ အစ ကြိုးစားခြင်းဖြစ်တဲ့ လမ်းလျှောက် ခြင်း ကို စတင်ကြိုးစားနေရ ပြီ လေ ။ ရှေ့ဆို လောကရဲ့ ဒါဏ်ရာ ဒါဏ်ချက်တွေ များစွာ ကို တွေ့ ကြုံ ရတော့မယ် ။

အမေဖြစ်တဲ့ကျမက ချစ်တဲ့ စိတ်နဲ့ ရှေ့က ကာစည်ပေးနေရင် ကလေးက ကိုယ့် ကို ကိုယ် အားကိုး ချင်စိတ်ပျောက်ဆုံးသွားနိုင်တယ် ။ အမေဆိုတာ သား၊သမီးတွေရဲ့ လမ်းပြကြယ်ပါပဲ၊ ဒါကြောင့်မို့ ချစ်နေယုံနဲ့ မပြီးသေးဘူး။ သူ့ရဲ့ဘ၀အတွက်ေ၇ှ့ဆောင်လမ်းပြကောင်းတယောက်ဖြစ်ရမယ်လေ ။



ဆက်လက်ဖတ်ရှုရန် ဤနေရာကို ကလစ်ပါ.......








~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




ရဲရင့်ရထာ ၏ မြင့်မိုရ်မေမေ


ဒကာကြီးတောင်ရောက်လာပြီပဲ


တင်ပါ့ဘုရား ဘုန်းဘုန်းဘုရား တပည့်တော်ကို ကပ္ပိယကြီးနဲ့ ဆင့်ခေါ်ခိုင်းလိုက်တာ ဘာကိစ္စများထူးလို့ပါလဲဘုရား


ကိစ္စရယ်လို့ ထွေထွေထူးထူးမရှိပါဘူးကွယ် ဒကာကြီးကို ပြောစရာလေးရှိလို့ပါကွယ်


တင့်ပါဘုန်းဘုန်းဘုရား


ပထမပိုင်း


ဒုတိယပိုင်း


တတိယပိုင်း ဖတ်ရှုရန် ဤနေရာကို ကလစ်ပါ






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




ဝေေ၀မွန် ၏ အမေသာရှိခဲ့ရင်


အမေ ဒီအချိန်မှာ အမေသာရှိခဲ့ရင် ဘယ်လိုနေမလဲ စဉ်းစားမိတယ်။ အမေက သမီးတို့ကို ချစ်တတ်လွန်းတယ်နော်။ စကားပြောကောင်းလွန်းတဲ့ အမေ.. လူမှုရေးကိစ္စတွေကိုအားကြိုးမာန်တက်ဦးဆောင်တတ်တဲ့သူပေါ့။ သားသမီးသုံးယောက်အပေါ် မိခင်မေတ္တာ ရော ဖခင်တစ်ယောက်လိုပါ တာဝန်ကျေခဲ့တဲ့ အမေ။ အိမ်မှာဧည့်သည်တစ်ယောက်လို နေတတ်တဲ့ အဖေ ကို ချစ်တတ်အောင်ဆုံးမတတ်တဲ့ အမေ။ အမေ့ကို လူ့ လောကကြီးထဲက ဘယ်သူကဆွဲထုတ်သွားတာလဲ။ အမေရေ.... အခုလေ အမေ့ရဲ့သားကြီးကသာသနာ့ဘောင်မှာပျော်မွေ့ နေပြီး


ဆက်လက်ဖတ်ရှုရန် ဤနေရာကို ကလစ်ပါ






~*~*~*~*~*~*~*(^0^)*~*~*~*~*~*~




Shin Thant Mayမေတ္တာရှင်မလေး ၏ သမီးဘဝ တစ်ဦးတည်းသော လမ်းပြကြယ်




မေမေ




ကျွန်မကိုလူလောကထဲရောက်အောင် မွေးပေးတယ်။




မေမေခမျာအပူအစပ် စားချင်ပါလည်း မမြင်ရတဲ့ရင်သွေးငယ်ကို ဂရုဏာဖြင့်




ဖန်ခါးချဉ်စပ်ရှောင်ပေးခဲ့တယ်။လူလားမြောက်သော်ဘ၀လောကဓံကြံ့ကြံ့ခံအောင်




လူတွေနှိမ့်ချဆက်ဆံမပြုရအောင်ပညာ အသိ ဆင်ခြင်နိုင်အောင် ပညာတွေသင်ပေးခဲ့တယ် ၊


ဆက်လက်ဖတ်ရှုရန် ဤနေရကို ကလစ်ပါ





*~*~*~*~*~*~*(^0^)*~*~*~*~*~*~




သန်းကြီး(ရင်တွင်းဖြစ်) ၏ အမေ





♥ အမေ

အမေ နဲ့ သား

ခွဲခွာ နေရတဲ့ နှစ်တွေ

အတော် ကြာ ခဲ့ပြီပဲ

အမေ့ ကို သား

သတိရနေတယ်....အမေ......။


♥ အမေ

သား အမေ့ မေတ္တာ စေတနာ

တွေကို ငတ်နေခဲ့တာ အတော်ကြာပါပြီ

သား အမြဲလိုလို မျှော်လင့် တောင့်တမိတယ်....အမေ.....။


ဆက်လက်ဖတ်ရှုရန် ဤနေရာကို ကလစ်ပါ





*~*~*~*~*~*~*(^0^)*~*~*~*~*~*~




စာဂ ဘဝင် ၏ အမြုတေပြည့် အချစ်စစ်


မဟောင်းမညိုးအစဉ်တိုးနေသည်မှာ၊မိဘမေတ္တာတည်း


၊အတုအစစ်ခွဲရန်မလိုသည်မှာ၊


မိဘရဲ့အမြုတေပြည့်အချစ်စစ်ပင်တည်း၊


ဘယ်ကြိုးတွေဘယ်လိုခိုင်ခိုင်၊


တုမနိုင်သည်မှာမိဘရဲ့သံယောဇဉ်ပင်တည်း၊


ဆက်လက်ဖတ်ရှုရန်.......




*~*~*~*~*~*~*(^0^)*~*~*~*~*~*~




Lady kiwi ၏ 'Mother'ဆိုတဲ့ စကားလုံးလေးရဲ့အဓိပါယ်...


ဒါက Jayငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ကဗျာလေးပါ။ တခြားသူတွေအတွက်တော့ မသိပေမယ့်Jayအတွက်တော့ အကြိုက်ဆုံးတွေထဲကတစ်ခုပါ။ အခုရွှေမြို.တော်အမေများနေ့ အမှတ်တရအစီအစဉ်မှာ မေမေ့ကိုအမှူးထားပြီး မြို.တော်သူမြို.တော်သားတွေလည်း ခံစားလို့ရအောင် ဒီဘလော့လေးကို တင်ပေးလိုက်ပါတယ်နော်။


"M.O.T.H.E.R(A word that means a world to me)"


if you'd like to put me to the test, There's one dear name that I can spell the best!


ဆက်လက်ဖတ်ရှုရန်




*~*~*~*~*~*~*(^0^)*~*~*~*~*~*~




တတိုင်းမွှေး ၏ ရေတစ်စက်လောက်သောက်ပါရစေ ....သားရယ်....


.မင်းအမေဗိုက်အောင့်လို့ဆေးရုံတင်ရတယ်



သူငယ်ချင်းစကားသံကကျနော့နားထဲသို့ဆောင့်၍၀င်လာသည်။ကျနော်လ္ဘက်ရည်



ဘိုးကိုရှင်းပြီးဆေးရုံသို့စက်ဘီးကိုသွန်းနင်းသွားခဲ့၏။ကျနော်ဆေးရုံထဲရောက်တော့



မြို.နယ်ဆရာဝန်ကြီးကအမေ့ကိုစမ်းသပ်နေသည်ကိုတွေ့လိုက်ရသည်။



နာနေတာကောင်းသွားမယ်နော်..ဟုတ်လား ..



ခုဆေးထိုးပြီးရင်သက်သာသွားမယ်.....စိတ်မပူနဲ့နော်...ကြီးကြီး..



ဆရာဝန်ကြီးကိုအမေသည်



နာနေရာမှ ခေါင်းငြိမ့်ပြရှာသည်။


ဆက်လက်ဖတ်ရှုရန်......






*~*~*~*~*~*~*(^0^)*~*~*~*~*~*~




မြတ်လေး ၏ အမေ ကိုမြင်ပြီး မျက်ရည်ကျတဲ့ည





အဲနေ့က ကျမ နဲ့ မေမေ မနက်ခင်းမှာ အိပ်အလုပ်လေး လုပ်စရာရှိတာ လုပ်ပီး


ညနေ ( ၅ ) နာရီလောက် အချိန်မှာ ကျမလဲ အပြင်က ပြန်လာပါတယ်


*သမီးရေမေမေတို့ ထင်းသွား ရှာရအောင် နောက်နေ့ အတွက် ထင်းကုန်ုနေတယ်တဲ့*


*ဟုတ်မေမေ သွားမယ်လေ ခနနော် သမီးအ၀တ်လဲအုန်းမယ်*


ဆက်လက်ဖတ်ရှုရန်






*~*~*~*~*~*~*(^0^)*~*~*~*~*~*~




+ဇောင်း+ ၏ အချစ်ဆုံး မေမေ





အမေမျာနေ့ရောက်ခဲ့ပြန်ပြီမေမေရေ.....


ဒီနှစ်အမေများနေ့မှာ မေ မေ့အတွက်ဘာတွေလုပ်ပေးရမလဲ စဉ်းစားလိုက်တော့.........


အား................သိပြီ....ငါ့မှာ မြန်မာပြည်ကထွက်လာတုန်းက ပါလာတဲ့ ဖေဖေမေမေခြေရာတွေရှိတာဘဲ(ကျွန်တော့အကြောင်းအပြည့်အစုံကို ဘလော့ရေးပြီးဖြစ်ပါတယ်) အဲ့ဒီခြေရာတွေကို အမွှေးနံသာတွေဖြန်း စားစရာတွေနဲ့ကန်တော့မယ် ပြီးရင်အိပ်ရာခေါင်းရင်းမှာထားပြီး ငယ်ငယ်ကအတူတူအိပ်လာခဲ့ရသလို သဘောထားပြီးအိပ်မယ် ပြီးရင် (မလေးရှားမှာဘုရားသွားဖို့မလွယ်တာကြောင့်)သူငယ်ချင်းတွေကိုခေါ်ပြီး မုန့်ဟင်းခါးတိုက်မယ် ဖေဖေမေမေတို့ကိုရည်စူးပြီးတော့အလှူလေးပေါ့......


ဆက်လက်ဖတ်ရှုရန်






*~*~*~*~*~*~*(^0^)*~*~*~*~*~*~




naychi ၏ “တန်ဘိုးရှိသော အမေ့ရဲ့အမွေ”


ဒီနေ့ အမေနေမကောင်း၍ အမေ့ရဲ့ကိုယ်စား ကျွန်မ ဈေးကူထွက်ပေးရတော့မည်၊ ကျွန်မရဲ့အလုပ်တွေက တဖက်၊ အမေနေမကောင်းတာကတမျိုး၊ ဈေးထွက်ဖို့တွေနဲ့ ကျွန်မ အစောကြီးထရပေအုံးမည်၊ ဈေးထွက်တယ် ဆိုပေမယ့်လည်း အခြားသူတွေလို ဆိုင်ခန်းကြီးကြီးတွေဖွင့်ပြီး ရောင်းချရခြင်းမျိုးမဟုတ်၊သာမာန်ခေါင်းရွက်ဗျက်ထိုးရောင်းရသော ဈေးသည်ဘ၀သာဖြစ်သည်၊ ဒါပေမယ့် ကျွန်မတို့ကို အမေက မိုးမလင်းခင် အိပ်ရာထပြီး ရွာရိုးကိုးပေါက်လျှောက်၊ ရာသီဥတုမရွေး၊ ခြေထောက်ပေါက်အောင် ရောင်းချခဲ့ပြီး ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်လာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်၊ အဖေပင်ရှိခဲ့သော်လည်း အမေ့ရဲ့ မောင်တထမ်း၊ မယ်တရွက်ဆိုသလို မိန်းမကောင်းပီသတဲ့စိတ်နဲ့၊ ခြေဆုံးခေါင်းဆုံးသနပ်ခါးအဖွေးသားနှင့် အခန့်သား ထိုင်မစား ဘဲ၊ အမေတတ်သည့် ဈေးရောင်းအတတ်ပညာလေးဖြင့် ဟင်းဘိုးရရ၊ ထမင်းဘိုးရရဆိုသလို ရှာဖွေကျွေးမွေး ခဲ့သည်…အမေရောင်းချသည့် ကုန်ပစ္စည်းက “စားတော်ပဲပြုတ်”…


ဆက်လက်ဖတ်ရှုရန်






*~*~*~*~*~*~*(^0^)*~*~*~*~*~*~




Michael Lin ၏ အိုမိခင်


အိုမိခင်.....


တက္ကလရေကြည်


သနြေ္ဒတည်ကတဲက


ပု ငန် စပ် ခါး ရှောင်ရှားခါပင်


ချစ်နေရှာတာ မိခင်ပါ။


အိုမိခင်.....


မနက်ကိုဆွမ်း ညရေချမ်းနဲ့ 


ဆီမီး ပန်း နေ့ ည မငြိုးစေ








*~*~*~*~*~*~*(^0^)*~*~*~*~*~*~








ဇော်မင်းနိုင် ၏ တွဲသောလက်


ဟိုး...ကလေးဘ၀တုန်းကတော့

အမေက(ရပ်နိုင်ပေ ရပ်နိုင်ပေ)တဲ့..။

လက်နှစ်ဖက်နဲ့ ဖေးကူလို့

ကျွန်တော်ကို လမ်းလျှောက်သင်ပေးခဲ့တယ်.....။

တစ်ကယ်တော့ ဒီနေ့ထိ

ကျွန်တော် ကောင်းကောင်းမရပ်နိုင်သေးဘူး အမေ။

ကျွန်တော်မှီခဲ့တဲ့ သစ်ပင်တွေ

နားခိုခဲ့ရတဲ့ အရိပ်တွေ။

မှေးစက်ခဲ့မိတဲ့ ပုခုံးတွေအားလုံးက ကျွန်တော်ရဲ့တွဲသောလက်တွေပါ အမေ။










*~*~*~*~*~*~*(^0^)*~*~*~*~*~*~




နေမင်းခိုင် ၏ မေမေ့ ကိုလွမ်းတယ်





ကန္တာရအလယ်


စမ်းရေလေးကိုတမ်းတမိသလိုပါပဲလေ...


ဘဝရဲ့ .. လောကဓံရိုတ်ချက်တွေအလယ်


ကာလာစုံတွေကြားကျော်ဖြတ်နေရဆဲအချိန်ပေါ့


မောပန်းနွမ်းနယ်တဲ့ နှလုံးသားတစ်စုံနဲ့


အဝေးရောက်ရင်သွေးငယ် မေမေ့ကို လွမ်းလိုက်တာ


မေမေ ရယ်...။


ဆက်လက်ဖတ်ရှုရန်




*~*~*~*~*~*~*(^0^)*~*~*~*~*~*~




Aung Htet ၏ စွန့်ပစ်ခံသူတို့ရဲ့ အမေ.....




လူတိုင်းမှာအမေဆိုတာရှိပါတယ်..


ဒါပေမဲ့..လူတစ်ချို့မှာတော့ ခေါ်စရာအမေ မရှိလေဘူး..စွန့်ပစ်ခံသားသမီးတွေလေ..





လင်ကောင်မပေါ်လို့..


စားဝတ်နေရေးတွက်..မကြည့်ရှုနိုင်တော့လို့..


ဆက်လက်ဖတ်ရှုရန်






*~*~*~*~*~*~*(^0^)*~*~*~*~*~*~






ko myint mg ၏ မွေးမေ မေတ္တာ


မေမေ့ ရင်သွေး လွယ်ကာထားပေး


မွေးရမှာကို အမေမကြောက်


ရင်သွေးအတွက် အသက်နဲ့ လည်း၍


သေမင်းတမန် အံတုယှဉ်ပြိုင်


တူနိုင်ကိုယ်နိုင် အပြိုင်ကြဲယင်း


မေ့ ရင်သွေးကို မွေးဖွားခဲ့ သည်


ဆက်လက်ဖတ်ရှုရန်






*~*~*~*~*~*~*(^0^)*~*~*~*~*~*~




ကွန်ဆူးမား ၏ အဖြူရောင် သမုဒယကြိုးလေးများ၏ သခင်..


``အမေနေ့´´ တဲ့......... စဉ်စားမိတယ်..... အမေ့အတွက် နေ့တစ်နေ့ သတ်မှတ်ပေးစရာလိုသလားလို့...... အဲဒီလို


သတ်မှတ်ရတဲ့ အထိအောင်...... အမေတွေကို မေ့နေကြတာလားလို့...........


``အမေ´´ဆိုတာ...... ဘာလဲ ? လို့..... မေးခွန်းလေးမေးလာရင် ဘယ်လိုဖြေရပါ့မလဲလို့ စဉ်းစားကြည့်လိုက်တော့


အဖြေတစ်ခုရတယ်..... အမေဆိုတာ... အမေပဲပေါ့.... လို့ .... ကျန်တာတွေနဲ့ တစ်ခုမှ အစားထိုးမရနိုင်တဲ့..... မပြည့်စုံနိုင်တဲ့.....အတွက်


အမေ့ကို အမေလို့ပဲ ဖြေလိုက်တယ်


ဆက်လက်ဖတ်ရှုရန်










အမေ


အမေ ဆိုတာ သားသမီးတွေရဲ့ ရင်ထဲမှာ အမြဲတမ်း လေးစားမြတ်နိုးရသူပါ..။


အမေဆိုတာ သားသမီးတို့ရဲ့ သူရဲကောင်းပါ။


အမေဆိုတာ သားသမီးတို့ရဲ့ လမ်းပြကြယ်ပါ။


အမေဆိုတာ သားသမီးတို့ရဲ့ ဥယျာဉ်မှုးပါ။


အမေဆိုတာ သားသမီးတို့ရဲ့ ဘဝကို ပန်းချီကားတစ်ချပ်အဖြစ် ဖန်တီးပေးတဲ့ ပန်းချီဆရာပါ။


အမေ့မေတ္တာ၊အမေ့အကြင်နာတွေက စာဖွဲ့လို့ မကုန်နိုင်ပါဘူး။









သမုဒ္ဒရာရေသာ ခမ်းခြောက်သွားချင် ခမ်းခြောက်သွားပါလိမ့်မယ်။ ဘယ်တော့မှ ခမ်းခြောက်မသွားတာ အမေ့ရဲ့ မေတ္တာပါ။


ညွှန်းဆို ဖွဲ့မမှီတဲ့ အမေ့ရဲ့ မေတ္တာတွေအကြောင်းကို ဟောဒီက ရွှေမြို့တော် မောင်နှမတွေနဲ့ အတူတူ မှတ်ကျောက်တင်ခွင့်ရခဲ့တာကို ဂုဏ်ယူမဆုံးပါ အားလုံးရဲ့ မေမေ။


အမေကို ချစ်သော သားသမီးတိုင်းအတွက်


အမေများရဲ့ အမေများဆီသို့


ဦးခိုက်လျှက်


ရွှေမြို့တော် မိသားစု
















..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်

















0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်