ခုတော့ နင် ဘယ်ဆီရှောင်ပုန်း ပြေးထွက်သွားခဲ့သွားခဲ့သလဲ............။
လှည့်မကြည့်ဘဲ ရှေ့ ဆက်နေတဲ့ နင့်ခြေလှမ်းတွေကို နောက်ပြန်လှည့်စေဖို့  ငါ့ရဲ့ အချစ်က မစွမ်းဆောင်နိုင်တော့ဘူးလား ချစ်သူ............။

ချစ်သူရေ..........
ဟောဟိုမှာကောင်းကင်ပြာကြီး...........။ နင်ရောက်ရာ အရပ်ကနေ မော့ကြည့်လိုက်ပါနော်.................။

ချစ်သူရေ...................
ကောင်းကင်ပေါ်မှာ ခွန်အားရှိသလောက် ထွန်းလင်းတောက်ပနေတဲ့ နေမင်းကြီးရဲ့  အလင်းရောင်ကို ခံယူလိုက်ပါနော်............။

ချစ်သူရေ.............
ကောင်းကင်ပြာကြီးနဲ့  နေမင်းကြီးရဲ့  အလင်းအောက်မှာ တီတီတာတာ သီချင်းဆိုနေတဲ့ ငှက်ကလေးတွေရဲ့  သာယာနာပျော်ဖွယ် သီချင်းသံစဉ်တွေကိုရော နင်ကြားရဲ့ လား................။

ချစ်သူရေ.............
ကောင်ကင်ပြာကြီးအောက်မှာ ခြေစုံရပ် ၊
ထွန်းလင်းတောက်ပနေတဲ့ နေမင်းကြီးကို အံတုလို့  ၊
ငှက်ကလေးတွေနဲ့ အပြိုင်

ငါ့နှလုံးသားက အော်ဟစ်နေလေရဲ့ 
“အရမ်းချစ်တယ်”
“အရမ်း လွမ်းတယ်”
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်