ပြင်းထန်လွန်းတဲ့
နှလုံးသား ဒဏ်ရာတစ်ခုသာ မရရှိခဲ့ဘူးဆိုလျှင် သူမ ထိုနေရာလေးမှ စွန်
့ခွာဖို့ မရှိပါ.....။ မိဘအုပ်ထိန်းသူ မရှိတော့တဲ့ သူမ ....သူမထက်ကြီးသော
အစ်မနှင့် အတူနေထိုင်းရင်း ဝါသနာပါရာ ကျောင်းဆရာမ အလုပ်လေးနှင့် ပျော်မွေ
့ခဲ့သူပါ.....။ ပီတိကိုစားသော ဆရာအဖြစ်နှင့်ပျော်မွေ့ နေခဲ့တဲ့ သူမ “ကို”
ဆိုသောလူတစ်ယောက်နှင့် သာမန်ရိုးကျတွေ့ ဆုံပြီး
ချစ်ကျွမ်းဝင်ခဲ့ရပါသည်..........။
သာမန်ရိုးကျတွေ့ ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြပေမဲ့ ချစ်ခရီးလမ်းမှာတော့ သာမန်ရိုးကျ မဟုတ်ခဲ့ရပါ...။ ပြည့်စုံကုံလုံသော ကို့ မိဘအသိုင်းအဝိုင်းမှ ဆင်းရဲ နှိမ့်ကျသော သူမနှင့် သဘောမတူနိုင်ပါဆိုတဲ့ ရိုးစင်းတဲ့ အကြောင်းပြချက်နှင့် လမ်းခွဲရန် ကြိုးစားအားထုတ်လာကြပြီး ..နောက်ဆုံးအကြောင်းပြချက်က သူမမှာ မိဘမရှိဘူးဆိုသော မခိုင်လုံသော အကြောင်းပြချက်တစ်ခုနှင့် ရက်စက်မှုကို ဖန်တီးဖို့  စကားလုံးကြမ်းများနှင့် ရင်ဝကို တစ်ဆုံး ထိုးချလာခဲ့သည်...။
မိဘမရှိတာ အပြစ်လား...။ မည်သူက မိဘမရှိတဲ့ အဖြစ်ကို လိုချင်ပါ့မလဲ..။ အချိန်မတန်ခင် သေဆုံးသွားတဲ့ မိဘကို အပြစ်ဆိုရမှာလား....။ မဖြစ်နိုင်ပါ...။ သူမ ထိုထက်ပို၍တော့ ခါးသီးမှုတွေ မခံစားနိုင်ပါ...။ “ကို” နှင့်လမ်းခွဲဖို့ သာ ဆုံးဖြတ်လိုက်သည်....။ မာန တစ်ခုနှင့်ဆုံးဖြတ်လိုက်ရပေမဲ့ ရရှိလာတဲ့ အကျိုးဆက် အသဲကွဲခြင်းဝေဒနာက ပြင်းထန်လှ၏...။
“ကို” နှင့် အတူသွားလာခဲ့ဖူးသော ပတ်ဝန်ကျင် ၊ အတူဖြတ်လျှောက်ခဲ့ဖူးသော လမ်းတွေတိုင်းမှာ သူမအတွက် ဒဏ်ရာ အနာတရတွေကြီးသာလို့  ခံစားလာရတဲ့နောက် သူမ ထို နေရာဒေသ ပတ်ဝန်ကျင်မှ စွန့် ခွာရန် ဆုံးဖြတ်လိုက်သည်...။ အချစ်ကြောင့်ရတဲ့ ဒဏ်ရာတွေကို သတ္တိမဲ့စွာ ရှောင်ခွာပြေးတဲ့ နည်းနှင့် ဖြေရှင်းခဲ့သည်ဟုဆိုဆို သူမ တို့ နေရာပတ်ဝန်းကျင်မှာ ဆက်လက်ရှင်သန်ဖို့ အတွက်ကိုတော့ နှလုံးသားက ခံနိုင်ရည် မရှိလှပါ...။
တစ်ဦးတည်းသော အစ်မက အတန်တန် တားမြစ်နေသည့်ကြားမှ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချ၍ တောင်တန်းဒေသ တစ်နေရာရဲ့  နယ်စွန်နယ်ဖျားဒေသသို့  သူမ အလုပ်တာဝန်ကို ရွေ့ ပြောင်းခဲ့သည်........။
မြို့ ပြရဲ့  အရိပ်အာဝါသအောက်မှာ ကြီးပြင်းလာတဲ့သူမ နယ်စွန်နယ်ဖျားကျေးရွာလေးရဲ့  မပြည့်စုံမှုကို တွေ့ ရှိခဲ့တဲ့ အခါမှာတော့ ရင်ထဲက ခံစားရတဲ့ ဝေဒနာတစ်ခုတောင် ဘယ်ဆီကို ရောက်မှန်းမသိ ပြေးထွက်သွားရလောက်အောင်ကို ခံစားမိခဲ့ရသည်......။
ပညာသင်ကြားပေးရန် ရောက်ရှိလာမည့် ဆရာများကို မျှော်လင့်တကြီး စောင့်စားနေကြတဲ့ ဆရာငတ် တပည့်တွေရဲ့ မျက်နှာလေးတွေက သနားဂရုဏာသက်စဖွယ်...။ မြို့ ကျောင်းတွေလို ဆရာတွေ ပြည့်ပြည့်စုံစုံမရှိရှာခဲ့..........။
ကျောင်းတစ်ခါလာတက်ဖို့ အရေး လယ်ကွင်းတွေကို ဖြတ်ကျော်ပြီး မိုင်ချီခရီးကို လာရတဲ့ ကလေးငယ်လေးတွေ...။ မိုးရွာတဲ့ နေများဆို မိုးရေထဲမှာ ဝါးခမောက်လေးတွေ ဆောင်းလို့  တစ်ကိုယ်လုံး ရွှဲရွှဲစိုလျှက် တစ်ခါတစ်ရံများ နုနယ်လှတဲ့ နှုတ်ခမ်းဖျားလေးတွေ ပြာနေတဲ့ထိအောင်တုန်ခိုက်လို့  ကျောင်းကို ရောက်လာတဲ့ ကလေးကို တွေ့ တော့ သူမ အတော်လေး ဝမ်းနည်းခဲ့မိ၏..။
ဒါတွေ သူမ အရင်က တစ်ကြိမ်တစ်ခါမှ မမြင်မတွေ့ ဖူးခဲ့ပါ...။ မပြည့်စုံခဲ့ဘူးဆိုပေမဲ့ ဒီလိုအဖြစ်မျိုးတွေတော့ မကြုံခဲ့ရတာ အမှန်ပါ...။ ပညာရေးအတွက် အပင်ပမ်းခံနေတဲ့ ကလေးငယ်တွေ..လာရောက်သင်ကြားပြသမည့် ဆရာမရှိ၍ ရွာမှ (၈)တန်းအောင် ကျောင်းစားရေးရာထူးနှင့် ဝန်ထမ်းဖြစ်သူက စာဝင်သင်ပေးရတဲ့ အဖြစ်တွေက သူမ မြို့ ပေါ်မှာနေစဉ်က မကြုံဘူးခဲ့တဲ့ အတွေ့ အကြုံတွေ....။
မနက်ကျောင်းလာတက်ဖို့ ကို မနက်စာအဖြစ် စာသုံးလာတဲ့ အရာတွေကရော...။ သခွားသီး ၊ကန်စွန်းဥမီးဖုတ် ၊ တစ်ခါတစ်ရံများ ထမင်းကြမ်းခဲလေးကို မီးဖိုထဲ ထည့်ဖုတ်ပြီး ဆားဖြူးပြီး စားလာတယ်ဆိုပဲ..။ ခက်ခဲလှတဲ့ အခြေအနေတွေကြားထဲမှ ပညာသင်ကြားချင်နေတဲ့ သူတို့ မျက်နှာတွေက ပြုံးရွှင်လို့ ...။

ခုချိန်မှာ ဂရုဏာသက်စရာတွေ ပြည့်ဖုံးနေတဲ့ ဒီရင်က အသဲကွဲခြင်းဆိုတာကိုလဲ သတိမရတော့....။ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကိုတောင် ကျေးဇူးတင်ရမလိုလို...။ ဒီရွာလေးကို ပြောင်းလာပြီး တတ်ထားတဲ့ပညာနဲ့  လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သူမကိုယ်သူမ ကျေနပ်ဂုဏ်ယူမိလိုက်ပါ၏...။
နေသွားတော့မည်.........................။
ထိုရွာလေးမှာနေပြီး တစ်ထောင့်တစ်နေရာက လိုအပ်နေတဲ့ ပညာဥာဏ်အလင်းကို သူမ အစွမ်းရှိသလောက် ဖွင့်ပေးတော့မည်...။ မြေနိမ့်ပင်တို့ ရဲ့  မြင့်မားမှုတွေကို ဖော်ထုတ်ပေးရမည်..........။
နေရာ တစ်နေရာအတွက် လုယက်နေရာယူနေရတဲ့ မြို့ ပြထက်စာလျှင် အမှန်တကယ်လိုအပ်နေတဲ့ ဒီလိုနေရာလေးမှာပဲ သူမ နေသွားတော့မည်...။ ပင်ပမ်းဆင်းရဲချင် ဆင်းရဲပါစေတော့....။ ရိုသေလေးစားမှုနှင့် မေတ္တာတရားတော့ ချမ်းသာသည်ဟု သူမထင်မိသည်......။
ထို့ ကြောင့်သာပဲ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုနှင့် ထိုနေရာလေးမှာပဲ သူမရဲ့  အချိန်တွေကို တန်ဖိုးရှိစွာ မြုပ်နှံသွားပါတော့မည်.............။

♣
♣ ♣ စက်တင်ဘာ (၂)ရက်နေ့ မှာ ကျရောက်တဲ့ ဆရာများနေ့ ကို ဂုဏ်ပြု၍ မေတ္တာ ကို
အခြေခံ စေတနာ ၊ ဂရုဏာ ၊ အနစ်နာ..နာ(၃) နာနဲ့ အနာခံ ပီတိကိုစား
ဆရာသမားများအား ဂုဏ်ပြုလျှက် ..ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ ယနေ့ ထက်တိုင်
ကြုံတွေ့ ခဲ့ရသော ဆရာသမားများနှင့်တကွ သင်ဆရာ ၊ မြင်ဆရာ ၊ကြားဆရာ ၊
အွန်လိုင်းဆရာများအားလုံးကိုလဲ ကျွန်မမေသဇင်မှ ဒီနေရာမှ ဂါရဝ
ပြုလိုက်ပါတယ်ရှင့်...။< ♣ ♣ ♣
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်