Followers

Monday, 5 September 2011

အွန်လိုင်းထဲက ချစ်သူ........♥ + ♥

အွန်လိုင်းထဲကနေ ချစ်သူတစ်ယောက်ရခဲ့တယ်လို့ များ သူမက ရင်ဖွင့်ခဲ့ရင် သူမကို အတော်လေး ရူးနှမ်းတဲ့ ကောင်မလေးလို့ များ ပြောလာကြလေမလား..............။

“မမြင်ရတဲ့ အွန်လိုင်းလောကကြီးကိုများ ယုံစားပြီ ချစ်သူထားရဲလိုက်တာ” ဆိုတဲ့ ပြစ်တင်စကားများဆိုကြလေမလား.........။

“စောင့်ကြည့်နေပါ......... ဘယ်တော့ ခွာပြဲတဲ့ ဇာတ်လမ်း ကြားရမလဲဆိုတာ” ဆိုတဲ့ အပြောနဲ့  သံသယ မျက်လုံးပေါင်းစွာက ဝိုင်းပြီးစောင့်ကြည့်နေလေမလား.......။

“အသဲကောင်းလို့  ပွဲတောင်းတာလေ” အွန်လိုင်းအချစ်ကိုများ ယုံကြည်ပြီး နှလုံးသား တစ်ခုလုံး ရင်းနှီးပြီးခံစားနေတဲ့ ခပ်ပိန်းပိန်း ကောင်မလေးလို့ များ ရှုတ်ချလေမလား............။

“ချစ် ၊ ကြိုက် ၊ ကွဲ ဆိုတဲ့ အွန်လိုင်းဇာတ်လမ်းတွေထဲမှာ သူလဲ မင်းသမီးဝင်လုပ်ချင်နေသေးတယ်” လို့  ချီးကျူထောပနာများ ပြုလေကြမလား.....။

သူမ မမှုပါ...........။သူမ ကိုယ်တိုင်ကလဲ တစ်ချိန်က အွန်လိုင်းအချစ်ဇာတ်လမ်းကို အယုံအကြည်မရှိသူတွေထဲ ထိပ်ဆုံးက အပါအဝင်ပေါ့............။

အသေအချာ ပြောရလျှင် “မောင်” လို့  သူမ မြတ်နိုးစွာ ခေါ်ခဲ့သူ ချစ်သူ တစ်ယောက်ကို မတွေ့ ခင် အချိန်ထိပေါ့............။

ရင်ဘတ် တစ်ခြမ်းစီနဲ့  နှလုံးသားဒဏ်ရာဒဏ်ချက်တွေ ပြင်ထန်နေကြတဲ့ သူမနှင့် ထိုသူ မတော်တဆ ခလုတ်တိုက် ဆုံတွေ့ မိခဲ့ကြရင်း တစ်ယောက်ကိုတစ်ယောက် လဲနေသူချင်း ကူကာ တည့်မတ်တွဲခေါ်ရင်းနဲ့  ရင်းနှီးလာခဲ့ကြသူနှစ်ယောက်.............။

ထိုသူရဲ့  အိမ်လေးကို အလည်တစ်ခေါက်ရောက်ခဲ့တော့.................
အလို.................ပွစာကြဲနေလိုက်တာ..........။
ကြည့်စမ်းးးးးးး သူ့ နှလုံးသားတွေ ဟိုဒီ တစ်စစီ ကြေကွဲ ပဲ့ကြွေနေလိုက်တာ တစ်အိမ်လုံးရှုပ်ပွ နေလေရဲ့  .......။

သူမကရော...........ဘာထူးသေးလဲ..........။
အတူတူပါပဲ............။ သူမ နှလုံးသားတွေလဲ ဟိုတစ်စ ဒီတစ်စနဲ့ သူ့ အတိုင်း ပဲ့ကြွေနေတာပဲလေ.............။

သူနဲ့ ကျွန်မ နှလုံးသား အပိုင်းအစတွေ အတူလိုက်ကောက်ကြရင်း နှလုံးသား အပိုင်းအစတွေ မှားယွင်းရောထွေးသွားတယ်ထင်ပါရဲ့ .................။

ခုတော့ သူနှင့် သူမ ပိုင်ဆိုင်ခဲ့တဲ့ တစ်ခြမ်းပဲ့ နှလုံးသားတွေက ထပ်တူကျပြီး  ပန်းနုရောင်သွေးစက်တွေနဲ့  ပြည့်စုံတဲ့ နှလုံးသားတစ်စုံလေး တစ်စုံအဖြစ် စီးဆင်းသက်ဝင်သွားခဲ့လေပြီ............။


အားနည်းသူချင်းမို့  တစ်ယောက်ကို တစ်ယောက်ဖေးမကူရင်း သံစဉ်သစ်တစ်ခုဆီ စီးဝင် မျောပါလာခဲ့ကြပြီး.........။

သူ ငတ်မွတ်နေတဲ့ အချစ်တွေကို သူမက ဖြည့်ဆည်းပေးရင်း သူမလိုအပ်နေတဲ့ ကြင်နာယုယ ဂရုစိုက်မှုတစ်ချို့  ကို သူ့ ဆီမှ ချိုမြိန်စွာ စားသုံးခွင့်တွေ ရလာခဲ့ပြီး...........။

တစ်ဖက်နဲ့  တစ်ဖက်မမြင်ရတဲ့ အွန်လိုင်းဆိုတဲ့ မာယာများတဲ့ ကမ္ဘာငယ်လေးတစ်ခုမှာ တွေ့ ခဲ့ရတဲ့ သူ့ ကို သူမ အရိုးသားဆုံးသော ရိုးသားမှုတွေ ပေးခဲ့တာ သူမ အသိဆုံးပါလေ............။

သူမဘက်ကသာ မေတ္တာမှန်ရင် သူ့ ဆီကလဲ တူညီတဲ့ တုံ့ ပြန်မှုနဲ့  စစ်မှန်တဲ့ မေတ္တာတွေ ထပ်တူကျလာမယ်လို့  သူမ ယုံကြည့်ခဲ့ပါသည်.............။

မမြင်ခဲ့ရဘူးတဲ့ သူ့ ပုံရိပ်ထဲက သူ့ နှစ်လုံးသား တစ်စုံကိုတော့ သူမ သေချာမြင်လိုက်ပါရဲ့ ..........။

နှလုံးသားဆိုတာ နှလုံးသားနဲ့ ပဲ ကြည့်မှ သေချာမြင်နိုင်တာမို့  သူ့ နှလုံးသားရဲ့  နူးညံ့မှုတွေကို သူမ မြင်ရပြီလေ..........။


ရှေ့ ဆက် ကျော်ဖြတ်ရမဲ့ အနာဂတ် ခရီးလမ်းတစ်ခုအတွက်ကိုတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုတွေနဲ့ သာ ချုပ်နှောင်ပြီး လျှောက်ကြတာပေါ့............။

လေထဲမှာ အိမ်ဆောက်တာမျိုး မဟုတ်ပေမဲ့ သူနှင့်သူမရဲ့  ရှေ့ ရေးဆိုတာကို တွေးပြီး ရင်ခုန်ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေထဲမှာ တိမ်းမူးခဲ့တဲ့ အချိန်တွေကလဲ အများသား.........။

စိတ်ကူးယဉ်တဲ့ အခြေအနေတွေကို ကျော်လွန်ပြီး လက်တွေ့ ဘဝထဲမှာ တွဲလက်တွေ ခိုင်မြဲဖို့  သူရော သူမပါ စိတ်အားထက်သန်စွာ ရုန်းကန်တော့ဖို့  အကောင်အထည်တွေဖော်ဆောင်ရင်း...........

အွန်လိုင်းချစ်သူဘဝကနေ ဘဝလက်တွဲဖော် ဖြစ်လာရမဲ့ နေ့ လေးတစ်နေ့ ကို သူမ ရင်ခုန်စွာ စောင့်နေခဲ့ပြီ  အွန်လိုင်းထဲက ချစ်သူ..............။





************မေသဇင်**************







0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်