( ဖန်ဆင်းမထားခဲ့တဲ့ ကွပ်လပ်တစ်ခု )
ရင်မောင်။ အာဒံ . . . . ရင်မောင် ချစ်သူတစ်ယောက်လောက် လိုချင်တယ်ဗျာ . . . ။
အာဒံ ။ လိုချင်ရင် ရှာပေါ့ . . . . မရှာဘဲနဲ့ စိတ်ကူးမယဉ်နဲ့ ရင်မောင်. . . . . . ။
ရင်မောင်။ ကံဆိုးချင်း
အချစ်ကို စိတ်ကူးယဉ်သူ မရှိပေမယ့် ကံကောင်းချင်းအချစ်ကို
ရင်မောင် စိတ်ကူးတော့ ယဉ်ဖူးတယ် အာဒံ . . . . ။
အာဒံ ။ မင်းလို စိတ်ကူးယဉ်သမားတွေသာ ဒိုင်နိုဆောနဲ့အတူ ကျောက်ခေတ်မှာ ကျန်ခဲ့ပြီ ရင်မောင်။
ရင်မောင် ။ ဒါဆိုရင် “ ငါ . . . . ဘာဆက်လုပ်ရမှာလဲ အာဒံ ” . . . . . . . ။
အာဒံ ။ အချစ်ဆိုတဲ့
အစဉ်အလာ ထဲက မရုန်းထွက်နိုင်မှတော့ ဖွင့်ပြောသင့်တာပေါ့
မရဏ ဆိုတဲ့ သေခြင်းတရားကတော့ အဲဒီအစဉ်အလာကို ထိန်းနေမှာမဟုတ်ဘူး ရင်မောင်။
ရင်မောင် ။ အာဒံ . . . အွန်လိုင်းသံသယ ၀ဲသြဃ ထဲမှာ ဆက်လက်လည်ပတ်နေတဲ့ လူတွေကို
ချစ်တယ်ဆိုတဲ့ စကားလုံးလေးကို လူတိုင်းက သုံးနေကြတော့ ငါဖွင့်ပြောရင် “ သူတို့တွေ
ရယ်စားလေမလား အာဒံရာ . . . . . . ။
အာဒံ ။ နူးညံသိမ်မွေ့တဲ့ စစ်မှန်တဲ့ အချစ်ကို မာယာတွေနဲ့ လှည့်ဖြား စံမထားလောက်တဲ့
ရယ်မောနေမှုတွေဟာ သမိုင်းမတွင်ဘူး ရင်မောင် ။ ကြိုးစားမှုနဲ့ ပြုပြင်ပြောင်းလဲပြီး ချစ်သူအပေါ်
ထာဝရ သစ္စာတရားတွေကသာ သမိုင်းတွင်မယ်ဆိုတာ “ ယုံ ” လိုက်ပါ ရင်မောင် ။
ရင်မောင် ။ “ အာဒံ . . . . . ။
အာဒံ ။ “ ဟေ ” . . . . . . ။
ရင်မောင် ။ “ ဧ၀ရဲ့ မေတ္တာကိုရဖို့ ဘယ်လိုပြောခဲ့လဲ ဟင် . . . . . ။
အာဒံ ။ “ ငါမသိဘူး ရင်မောင် . . . . . ဘုရားသခင်က ငါ့အတွက် ဖန်ဆင်းပေးခဲ့တာပဲ ငါသိတယ် ။
ရင်မောင် ။ “ အို . . . . ဘုရား သခင်ရယ် . . . ရင်မောင့် အတွက် ဘာကြောင့်များ
ချစ်သူတစ်ယောက် မဖန်ဆင်းခဲ့တာလဲဗျာ . . . . .။
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်