အဖြူရောင်လွလွ မျက်နှာကျက်အောက်မှ တဝီဝီ
လည်နေတဲ့ သက်မဲ့ပန်ကာရဲ့  လှုပ်ရှားမှုကိုငြိမ်သက်စွာ ငေးမောကြည့်နေမိရင်း
သူမရဲ့  အတွေးတစ်ချို့ က မငြမ်သက်ပဲ ခန္တာကိုယ်နှင့် ဆန့် ကျင်စွာ လူးလွန့် 
လှုပ်ရှားနေမိ၏...။
သူမ ဆေးရုံဆိုတဲ့ ဒီနေရာလေးမှာ
လှဲလျောင်းနေရတာ ခုဆို (၃) ရက်မြောက်နေ့ ပဲ....။ မေ ငြိမ်သက်စွာ
ဒီတိုင်းမနေချင်ပါ..။ လှုပ်လှုပ်ရှားရှား သွားလာနေရတဲ့
အခြေအနေမျိုးကိုနှစ်သက်မိ၏...။ လူက ငြိမ်သက်နေပေမဲ့ အတွေးတွေက ကယောက်ကယက်
..။
မေ ဆေးရုံမှာ လဲလျောင်းနေရတဲ့ ရက်တွေမှာ
အိမ်က အိမ်ရှေ့ နဲ့  အိမ်အနောက်ကိုတောင် လမ်းလျှောက်ရင် မောနေတဲ့
နှလုံးရောဂါရနေတဲ့ မေ့ရဲ့  မေမေ ၊ အရွယ်ရောက်နေပြီးဖြစ်ပေမဲ့ အတွေးတွေနဲ့ 
လှုပ်ရှားမှုတွေက ကလေးသာသာ ဒုက္ခိတမောင်လေး..အက်ဆီးဒင့်ကြောင့်အမြင်အာရုံမကောင်းတဲ့
မေ့ရဲ့ မောင်လေး..မွေးရာပါနှလုံးရောဂါနဲ့  မေ့ညီမလေး..သူတို့ တွေအားလုံးနဲ
့ မေ့ဖေဖေ ဘယ်လိုများစခန်းသွားနေကြပါလိမ့်..။ မေ့ကို ဆေးရုံမှာ
လာကြည့်နေရတာ တစ်ဖက်နဲ့  ဖေဖေလဲ ပင်ပမ်းနေလောက်ပြီး..။ မေ
နေကောင်းချင်လှပြီး...။
အိမ်အတွက် စိုးရိမ်ပူပင်စွာ တွေးတောနေရင်းမှ
မေ့ရဲ့ အသက်ရှူသံတွေ တဖြည်းဖြည်းချင်းမြန်လာတာကို မေ
ခံစားလာမိသည်..။မောလိုက်တာ....။ ကိုယ့်အသက်ရှုသံ ပြင်းပြင်းကို အာရုံမှာ
ကြားတစ်ချက် မကြားတစ်ချက် ခံစားလာရရင်း မေ့ရဲ့  မျက်ဝန်းတစ်စုံပေါ်သို့ 
လေးပင်လှသော မျက်ခွံနှစ်ဖက်က ပိကျလာပြီး မေ့ရဲ့  ကမ္ဘာလေး
ခေတ္တာမှောင်မိုက်လို့  သွားရပါတော့သည်....။
@@@@@@@@@@@@@@@@@@@@@@@@
လူတွေ ဥဒဟို လှုပ်ရှားသွားလာနေတဲ့ လမ်းမ
တစ်ခုပေါ် မေ လဲအများနည်းတူ လျှောက်ကာလာရင်း ဖြတ်သန်းသွားလာသူ ကိုယ့်နံဘေးမှ
ဖြတ်သန်းသွားလာသူများကို ငေးမောကြည့်နေမိ၏...။ စိမ်းကားအေးစက်နေတဲ့
မျက်နှာတွေ..။ တစ်ယောက်ကို တစ်ယောက် ပြုံးပြချင်းလဲ မရှိ...။
သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေတဲ့ မျက်နှာတွေကို ပိုင်ဆိုင်ထားတဲ့ မေ့ရဲ့ 
လမ်းသွားဖော်တွေကို ငေးမောကြည့်နေမိရင်း မေ့ရဲ့  ရင်ထဲမှာ
အားငယ်ဝမ်းနည်းမှု တစ်ချို့ နဲ့ အတူ ရင်ထဲက ဝမ်းနည်းစိတ်တွေက ရင်ထဲံမှာကို
လှိုင်းထနေသည်....။
မေ့ ဖေဖေကို သတိရလိုက်တာ.....။ မေ့ ဖေဖေ ဘယ်မှာလဲ...။ မေ့ရင်ထဲမှာ လူမသိသူမသိ အားငယ်စိတ်တွေဝင်တိုင်း မေ့ကို စိတ်ဓာတ်ခွန်အားတွေပေးတဲ့ မေ့ဖေဖေ...။ ခု မေ အားငယ်မှုတွေနဲ့  ပြည့်နှက်နေတယ် ဖေဖေ...။ မေ ဖေဖေ့ရဲ့  အားပေးစကားတွေကို ကြားချင်လိုက်တာ....။
လှိုက်လှဲနေသော ရင်တစ်ခုလုံးနှင့် မေ့နံဘေးက လမ်းသွားလမ်းလာတွေကို မေ ငေးမောကြည့်နေမိ၏..။ တစ်ချို့ သောသူတို့ ကို မေ မြင်ဘူး သိဘူး သကဲ့သို့ ပင်..။ အာရုံတွေက ခပ်ဝါးဝါး..။ တစ်ချို့ များဆို မေ မတွေ့ ရတာ နှစ်ပေါင်းအတော်လေးကြာပြီဟု မေ တွေးမိပါသည်..။ သို့ ပေမဲ့ ထိုသူတို့ က မေ့ကို သိလိုဟန်မပြ..။ မှတ်မိပုံလဲ မရပဲ.. သူတို့  လျှောက်နေသော လမ်းတစ်ခုဆီသို့ သာ ခံစားမှုကင်းမဲ့သော မျက်နှာများနှင့် သွားလာနေကြသည်...။
မေ သွားရင်းလာရင်း အကဲခတ်မိသည်က လမ်းပေါ်မှာ သွားလာနေသူများက နှစ်မျိုးနှစ်စားကွဲပြားနေသလိုလို..။ ခံစားချက်မဲ့သော မျက်နှာများနှင့် ခံစားချက်တွေ ကိုယ်စီနှင့် သူတို့ ချင်းတွေ့ ရင် တစ်ယောက်ကိုတစ်ယောက်ပြုံးပြနှုတ်ဆက်ကြတဲ့ သူမျိုးတွေ..။ ဒါပေမဲ့ သူတို့ ခန္ဓာကိုယ်က ပူလွန်းသည်..။ သူတို့ တွေအနားသို့  မကပ်နိုင်ပါ..။
ဝမ်းနည်းစွာနှင့် ဦးတည်ချက်မဲ့ လမ်းတစ်ခုကို လျှောက်မိနေရင်း ခန္ဓာကိုယ်မှ အာရုံတစ်ခုက ဆန္ဒပြလာပြီးဟု သိလိုက်ရ၏..။
“အိုးးးးးးးးးးးးးးးးးးးးးး မေ့ဗိုက်တွေ ဆာလိုက်တာ....”
အနီးနားပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိလိုက်တော့လဲ စားစရာဘာမျှမရှိ...။
ဟော...........ကြည့်စမ်း...ရှေ့ မှာ ခံစားချက်မဲ့မျက်နှာနှင့် လူတစ်ယောက် ကလေးလေးတစ်ယောက်ရဲ့  လက်ထဲမှ စားစရာလေးတစ်ခုကို ပုတ်ချနေတဲ့ မြင်ကွင်း...။ တွေ့ ရတဲ့ မြင်ကွင်းက မလှပပါ..။ အလုစားခံနေရသော အပြစ်မဲ့ ကလေးကို သနားမိ၏..။ သို့ သော်.... လုစားနေသော သူကိုလဲ သနားမိပြန်၏..။ သူလဲ ဆာနေရှာမှာပဲ..။
မေ ကြည့်နေရင်းမှ ကလေးလက်ထဲမှ မုန့် က မြေကြီးပေါ်သို့  ကျသွားပြီး ထိုသူက ထိုမုန့် လေးကို အငမ်းမရ ကောက်ယူစားသောက်နေတဲ့ မြင်ကွင်းလေးကို ကြည့်ပြီး
မေတို့  ငယ်ငယ်က မုန့် လေးတွေ ခဏ ခဏ ပြုတ်ကျရတဲ့ အဖြစ်လေးကို ပြန်လည်တွေးမိလိုက်၏...။
မေသည် သွားရင်းလာရင်းမှ မတွေ့ ဘူး မမြင်ဘူးသော မြင်ကွင်းများကို ငေးမောကြည့်နေရင်းရုတ်တရက် ဆူညံနေသော အသံများနှင့် ပြေးလွားသူများကြောင့် မေလဲ အသံလာရာ အရပ်ဆီသို့  နားစွင့်ကြည့်လိုက်မိတော့
“သုဏာတု မေ ဘန္တေ သံဃော ..&&&&&&&&&&

လို့  အစချီပြီး ရွတ်ဆိုတဲ့ ပရိတ်ရွတ်ပြီး ကမ္မဝါစာဖတ်တဲ့ အသံတွေ...။ အလဲလဲ အကွဲကွဲ ပြေးသူတွေကြားမှာ မေလဲ ရောယောင်ပြီး ပြေးမိတာပါပဲ..။ ခဲမိုးတွေရွာ ၊ဆန်တွေကျဲခံရတဲ့ ပူလောင်နေတဲ့ ဒဏ်ကိုလဲ အလူးအလိမ့်ခံစားကြရင်း ပြေးလွားနေကြရတာ..။ တစ်ချို့ သောသူတွေ တီးနေကြတဲ့ သံပုံးသံတွေ တုံးခေါက်သံတွေကလဲ နားထဲမှာ ခံနိုင်စွမ်းမရှိလှပါ..။
အိုးးးးးးးးးးး ဆိုးဝါးလိုက်တဲ့ အဖြစ်..။
ပင်ပမ်းနွမ်းနယ်မှုတစ်ချို့ တွေကြားမှ
တိတ်ဆိတ်သွားသော ဆူုညံသောအသံဗလံအောက်မှ ငြိမ်သက်မှုများကြောင့် ခေတ္တခဏမျှ
သာယာလှပလာသလိုပါပဲ...။ သူတို့ အားလုံး ကိုယ်နေရပ်ဌာနီထံ ပြန်လည်ခိုဝင်ပြီး
စောစောက ဘာမျှမဖြစ်ခဲ့သည့်အလား ပြန်လည်နေထိုင်ကြပြန်ပြီ.....။ မေ
ခုတော့သိပြီ....။
မေတို့  ပရိတ်တွေ နာကြတယ်....။ ကမ္မဝါတွေ
ဖတ်တယ်....။ ပရိတ်တရားတွေ နာပြီးရင် ဆန်တွေ၊ခဲတွေနဲ့  ကိုယ်နေတဲ့
အဆောက်အအုံတွေ ၊ကိုယ်နေတဲ့ နေအိမ်တွေကို ကြဲပက်ကြတယ်....။ သံဗုံးတွေ
သစ်တုံးတွေ တီးခေါက်နေကြတယ်..။ တကယ်တမ်းက ဒါတွေက သူတို့ ကို ခြောက်လှန်
့နေကြတာပါ..။ သူတို့ တွေ ကြောက်ရွံ့ စွာနဲ့  ထွက်ပြေးခဲ့ရတယ်..။ ပြီးတော့လဲ
ကိုယ့်နေရပ်ထံ ကိုယ်ပြန်လာတာပါပဲ..။ မေတို့  အပြင်မှာ စစ်ပွဲတွေ
ဖြစ်သလိုပါပဲ..။ စစ်ဖြစ်နေတုန်းမှာ စစ်ဘေးမှ လွတ်အောင်ပြေးကြရတယ်..။
ငြိမ်းအေးသွားတဲ့ အခြေအနေရောက်ရင် ကိုယ့်ရပ်ဌာနီ
ကိုယ်ပြန်ပြီးအေးချမ်းစွာနေနေကြသလိုပါပဲ...။
တကယ်တမ်းမေတို့  လုပ်ခဲ့တာတွေက သူတို့ ကို
မရှိစေချင်တာလား..။ ဒုက္ခတွေနဲ့  ပူလောင်စေနေတာလား..။ သူတို့ ကို
မိမိပိုင်ဆိုင်ရာနေရာမှာ မရှိစေချင်ရင်တော့ မေတို့ 
ဘာတွေလုပ်ပေးသင့်သလဲ...။ သေချာတာကတော့ သူတို့ အတွက်
ကုသိုလ်ကောင်းမှုတွေသေချာလုပ်ပေးပြီး အမျှအတန်းပေးဝေပြီး
အကျွတ်တမ်းရအောင်ကူညီပေးဖို့ ပါပဲ..။
ကြုံတွေ့ နေသမျှ တွေးနေရင်းသွားလိုက်တာ နေ
့တစ်နေ့ ကို ကုန်ဆုံးဖို့  မိုးတောင်ချုပ်တော့မှာပါလား..။ မေ ဘယ်မှာ
အိပ်ရမှာလဲ...။ မေ့မှာ တည်းခိုဖို့  နေရာလဲမရှိ...။ နေစရာဆိုတာလဲ မတွေ
့သေးပါလား..။ ဒီည မေ ဘယ်မှာ အိပ်ရမှာပါလိမ့်...။ မေ
ပတ်ဝန်းကျင်အနှံလှည့်ပတ်ကြည့်ရင်း အိပ်ဖို့ နေရာကို ရှာကြည့်လိုက်တော့
မေ့မြင်ကွင်းတွေက မယုံနိုင်စရာ...။ တစ်ချို့ သော နေရာတွေ အပင်တွေမှာ
လူပေါင်းများစွာက ပြည့်ကြပ်စွာ တွဲခိုလို့ .....။ မလွယ်...ဒီပုံဆို မေ
အိပ်ဖို့ နေရာရဖို့ မလွယ်...။ မေ ဘယ်လိုနေရမှာလဲ...။
ဝမ်းနည်းအားငယ်နေသော စိတ်ဓာတ်ကို
အနိုင်နိုင်မြင့်တင်ကြိုးစားရင်း နေဖို့ တစ်နေရာတွေ့ လိုတွေ
့ငြားဝေ့ဝဲရှာဖွေနေသော မေ့ဆီသို့  လူတစ်ယောက်လှမ်းလာနေတာကို မေ တွေ
့လိုက်ရတော့ မေ အံ့ဩဝမ်းသာသွားခဲ့သည်...။ သူ့ ကို မေ သိသည်...။ သို့ သော်
မေ မတွေ့ ရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီးဟု မေ ထင်သည်....။
အားတက်သရောနှင့် ထိုသူကို
ခေါ်မယ်ဟန်ပြီပြီးကာမှ ထိုသူ၏ အေစက်ခက်ထန်လှသော မျက်နှာထားကြောင့် မေ
ထိတ်လန့် တုန်လှုပ်သွားခဲ့သည်....။ ထိုသူ၏ ရေခဲတမျှအေးစက်လှသော အမူအရာနှင့်
မေ့ဆီတန်းတန်းမတ်မတ်လျှောက်လာပုံကြောင့် မေ့ ရင်ထဲ ကြောက်လန်
့မှုနှင့်အေးစိမ့်သောခံစားချက်တစ်ချို့ က ကျောရိုးတစ်လျှောက် စိမ့်ခနဲ
့....။
အိုးးးးးးးးးးးးးးးးးးးး မေကြောက်လိုက်တာ.....။
ထို အချိန်မှာပဲ ထိုသူဆီမှ ရေခဲချောင်းမှ ဖြတ်စီးဆင်းလာသော အေးစက်စက်အသံနှင့်
“ဟေ့ ကောင်းမလေး..နင်ဒီမှာ ဘာလာလုပ်တာလဲ...။ ဒါ နင်လာရမဲ့ နေရာမဟုတ်ဘူး သွားးးးးးးးးးးးးးးးးးးး”
သူရဲ့ အားပါလှသော အေးစက်စက် လက်အစုံနှင့်
တွန်းထုတ်လိုက်သံကြောင့် မေ့ရင်ထဲမှာ အေးးးးးးးးး ခနဲ့  ရိုးတွင်းထိ
ခံစားလိုက်ရပြီး ခန္ဓာတစ်ခုလုံးက လေထဲသို့  ဝေ့ပြီးမြောက်တက်သွားခဲ့တဲ့
အသိကို ခံစားလိုက်ရသည်.....။
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
@@@@@@@@@@@@@@@@@@@@@@@
အားးးးးးးးးးးးးးးးးးးးးး
အင်အားရှိသလောက်
ရုန်းကန်ကြိုးစားပြီးအော်လိုက်ပေမဲ့ လည်ချောင်ထဲက ဘာသံမှ ထွက်မလာခဲ့...။
တင်းကြပ်နေသော ခန္ဓာကို ရုန်းကန်လူးလွန့် ကြည့်မိ၏...။ မရ...............။
ရှိသမျှ အားအင်နှင့် လက်ချောင်လေးတွေ
လှုပ်ရှားကြည့်မိ၏...။ အတော်လေးတော့ မလွယ်....။ မေ မျက်ဝန်းတွေကို
လေးပင်စွာဖိချထားတဲ့ မျက်ဝန်းအစုံကို ဖြည်းဖြည်းချင်းကြိုးစားပြီး
ဖွင့်ကြည့်လိုက်သည်..။
စူးရှတဲ့ အလင်းရောင်တစ်ခုက မျက်ဝန်းထဲသို့ 
ထိုးကျလာသည့်ပမာ...။ မခံမရပ်နိုင်စွာဖြစ် မျက်လုံးကို ခေတ္တ
ပြန်ပိတ်လိုက်ပြီး နောက်တစ်ကြိမ်ကြိုးစားပြီး ထပ်မံဖွင့်ကြည့်လိုက်တော့
ပထမဆုံးကြည်လင်နေတဲ့ မြင်ကွင်းက မျက်နှာကျက်ဖြူဖြူ...။ နှာခေါင်းထဲကို
တိုးဝင်လာသည့် အနံ့ တစ်ချို့ ကြောင့် မေ ရောက်ရှိနေသည့် နေရာကို မေ
သိလိုက်ပြီး...။
ဒါ ဆေးရုံလေ....။ မေ နောက်ဆုံး နေခဲ့သည့်နေရာ...။
“သမီး...သတိရလာပြီးလား..”
တစ်စုံတစ်ယောက်ရဲ့  အားရဝမ်းသာသံကြောင့်
မေ့ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ဖို့  မေ သတိရလာခဲ့သည်...။ မေ့အနီးတဝိုက်
လှည့်ပတ်ကြည့်မိတော့ အိုးးးးးးးး လူတွေ စုံလို့ ပါလား...။
ကြည့်စမ်း မေ့ ဖေဖေ....စိုးရိမ်မှု့ အပြည့်နဲ့  မေ့ကို ကြည့်နေတယ်...။
မေမေ......။မေ့ မေမေ ..။
ကျန်းမာရေးအခြေအနေကြောင့် အိမ်ရှေ့ နဲ့ အိမ်နောက်တောင် လမ်းလျှောက်တာတောင်
အခန့် မသင့်ရင် အမောဖောက်တတ်တဲ့ မေ့ ရဲ့  မေမေ...။
မေ့ရဲ့  မွေးရာပါ နှလုံးရောဂါသည် ညီမလေး....။
မေ့ရဲ့  အရွယ်ရောက်နေပေမဲ့ ကလေးအတွေးသာ
ရှိသေးတဲ့ ဒုက္ခတမောင်လေးနဲ့  အက်စီးဒင့်ကြောင့် မျက်လုံးတစ်ဖက်
အလင်းကွယ်နေရှာတဲ့ မောင်လေးငယ်...။
သူတို့ တွေ အားလုံးရဲ့  မျက်ဝန်းတွေထဲမှာ
မေ့အတွက် စိုးရိမ်ပူပင်မှုတွေနဲ့  ကြင်နာခြင်းတွေအပြည့်..။ မေ့ရဲ့ 
လောကကြီးနဲ့  ပြန်လည်ဆက်စပ်လာတဲ့ သတိတရားတစ်ခုအပေါ် အားတက်သရော
လှိုက်လှဲဝမ်းသာမှုတွေ......။
မေ့ရဲ့  ခြောက်သွေ့ နာကျင်လွန်းနေတဲ့ နှုတ်ခမ်းတစ်စုံကို တစ်လှုပ်လှုပ်ကြိုးစားအားယူဖွင့်ရင်း အက်ကွဲနေသော လည်ချောင်းထဲမှ
“ဖေဖေ”
မေ့ မျက်ဝန်းထဲမှ မျက်ရည်တွေက စီးဆင်းလာလျှက် မေ အုံးအိပ်ထားသော ဆေးရုံခေါင်းအုံးဖြူဖြူလေးပေါ်သို့ ....။
မေ့လက်ရဲ့  လက်အစုံက ဖေဖေရဲ့  လက်ဖဝါးဆီသို့  တစ်ရွေ့ ရွေ့ သွား၍ ဖေဖေလက်ဝါးတစ်ဖက်ကို ဖျစ်ညစ်ဆုပ်ကိုင်ထားမိ၏...။
မေ့ရင်ထဲမှာ အားငယ်ခြင်းတွေ ပြည့်နေတယ်
ဖေဖေ...။ ဖေဖေ့ဆီက စိတ်ဓာတ်ခွန်အားတစ်ချို့ ရယူဖို့  လိုပါသေးတယ်...။ မေ
ဖြတ်သန်းလျှောက်ခဲ့ရတဲ့ ကာလအပိုင်းအခြားတစ်ခုရဲ့  နာကျင်မှုခံစားချက်တွေ
ဖြေသိမ့်ဖို့  မေ့ကို အားပေးပါ ဖေဖေ...။
ဒီမိသားစုရဲ့  မေ့ကို လိုအပ်မှု...မေ့ရဲ့ 
ဒီမိသားစုလေးအပေါ်တွယ်တာမှုတွေအတွက် မေ ပြန်လည်ရှင်သန်နိုးထခွင့်ရလာတာပါ...။
ဒီမိသားစု လေးရဲ့  ပို့ သတဲ့ မေတ္တာတွေကြောင့် မေ လန်းဆန်းလာတာပါ...။
မေ ကောင်းမွန်စွာ ပြန်လည်ရပ်တည်ဖို့ ကတော့ ခွန်အားတွေ လိုနေသေးတယ် ဖေဖေ...။ မေ့ကို အားပေးပါ...။
မေ့ရင်ထဲမှ စကားလုံးပေါင်းများစွာက
တီးတိုးတီးတိုးနှင့် တိုးတိတ်စွာ အဆက်မပြတ် ဆိုလို့ နေသည်...။
နှုတ်ဖျားမှတော့ တစ်ခွန်းတစ်လေလောက်တောင် ပြောဖို့  အင်အားမရှိသေးပါ...။
ဖေဖေ့လက်တွေကိုသာ တင်းတင်းဆုပ်ကိုင်ထားရင်း စီးဆင်းကျလာတဲ့ မျက်ရည်တစ်ချို
့ကိုတော့ မျက်တောင်တံခါး အစုံကို ပုတ်ခတ်ကာကွယ်ရင်း
ကြိုးစားတားဆီးနေလိုက်သည်...။ ဝမ်းနည်းနေသော ဒီမိသားစုရဲ့  ရှေ့ မှာ မေ
ငိုလို့ တော့ မဖြစ်သေး....။ မေ အားတင်းထားရမည်....။
မေ လွတ်မြောက်ခဲ့ပြီ...။ လမ်းတစ်ခုမှ
လွတ်မြောက်ခဲ့ရပြီ....။အနိဌာန်ရုံမြင်ကွင်းတစ်ချို့ နှင့် ဆိုးဝါးမှု
တစ်ချို့ ကို မျက်ဝါးထင်ထင် ခံစားသိရှိခဲ့ရပြီး..။ မေ့ ကိုယ်တိုင်အတွက် မေ
ဘာလုပ်သင့်လဲ ကြိုတင်ပြင်ဆင်ဖို့  သိခဲ့ရသလို ထိုသူတို့ အတွက် ဘာတွေ
လုပ်ပေးသင့်သလဲဆိုတာ မေ သိရှိခဲ့ပြီ...။
ဒါတွေကို သိရှိဖို့ အတွက် မေ့ကို
လွတ်မြောက်ခြင်းတစ်ခုပေးခဲ့တာလား...။ လွတ်မြောက်ခြင်းတစ်ခုရဲ့  နောက်က
သိရှိလာတဲ့ အသိတရားတွေအတွက် မေ ကြိုးတင်ပြင်ဆင် ကြိုးစားရပါအုံးမည်......။
မေ့ရဲ့  အပြန်ခရီးတစ်ခုရဲ့  အရသာကို ခံစားသိရှိပြီး မေ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါအုံးမည်....။
♣ ♣ ♣ မေသဇင် ♣ ♣ ♣
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်