မင်္ဂလာပါခင်ဗျာ ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟက်ကာတချို့ ဒီဆိုဒ်လေးကို ဒုက္ခတွေ
ပေးသွားတာ တချို့ အသင်းဝင်များသိကြမှာပါ ။ အဲဒီနေ့ မနက်မှာပဲ မေသဇင် ရင်မောင့်ကို
ပြောပြပါတယ်။နောက်ပြီး ဆိတ်လေးကလည်း ဒီလို ဒီအကြောင်းပဲကိုကြီးရေလို့ ပြောပါတယ်
ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိတာအမှန်ပါ ။Home page ဆိုရင်ဘာမှရစာရာမရှိအောင်
ပျက်ဆီးသွားပါတယ် ။ ဟက်ကာတွေ ဆိုဒ်ရဲ့ အတွင်းပိုင်းကိုပါ ၀င်ရောက်ဖျက်ဆီးကြတာပါ ။
ဝေလင်း အချိန်မှီလေး ရောက်လာလို့သာ ကျွန်တော်တို့တွေ အခုလို ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံ
နေရတာပါ ။ ပထမတော့ ဆိုဒ်ကိုပဲ ဟက်တယ်ထင်တာပါ ။တနေ့ကမှ ကျွန်တော့်ကို အရင်ဆုံး
ဟက်ပြီးမှ ဆိုဒ်ကို ဟက်တယ်ဆိုတာ သိလိုက်ရပါတယ် ။ အမှန်တော့ ဒီဟက်ကာ ဆိုတဲ့
ကောင်တွေနဲ့ ကျွန်တော်ရင်မောင်နဲ့ ဘာရန်ငြိုးရန်စမှ မရှိခဲ့ပါဘူး ။ ကျွန်တော်ရဲ့ မထီမဲ့မြင်
လုပ်မှုကြောင့် ကျွန်တော့်ကို အရင်ဟက်သွားတာပါ ။
ဟက်ကာတွေ ရန်စတော့မယ်ဆိုတာ ။ ကျွန်တော်အရင်သိခဲ့ပါတယ် စမိုင်းလေး စိတ်ညစ်မှာ
ဆိုးလို့ မပြောဘဲ နေခဲ့တာပါ ။ အဲဒီညက ဝေလင်းရှိပါတယ် ၊ နိုက်ဂျူတီမှာ မအားလို့ဆိုပြီး
ရင်မောင့်ကို ခေတ္တခဏ စောင့်ခိုင်းပါတယ် ။ ကျွန်တော်လည်း လူဝင်လူထွက်များတဲ့ ။Home
pageလို အရေးပါတဲ့နေရာမျိုးမှာ သတိကြီးစွာဖြင့် စောင့်နေခဲ့တာပါ ။ ညဥ့်ဦးယံမှာတော့
အသင်းဝင်အားလုံး အ၀င်အတွက် ပုံမှန်ပါပဲ ၊ ညဥ့်နက်သန်းခေါင် ၁ နာရီထိုးလောက်ကျတော့
လူဝင်လူထွက် နည်းသွားတယ်ဗျ ။ ဒီအချိန်လောက်ဆိုရင်တော့ ဘယ်သူမှမလာတော့ပါဘူး
လေဆိုပြီး ၊ ရင်မောင်လည်း အလုပ်ပင်ပန်းတာနဲ့ အိပ်ငိုက်လာချိန် ၊ တီးတိုးတီတိုးနဲ့ စကား
သံတွေ ကြားတာနဲ့ ၊Home page တနေရာမှာ ပုန်းနေလိုက်ပါတယ် အင်တာနက်က မှောင်
နေတော့ ဘယ်သူဘယ်ဝါ မကွဲပြားပါဘူး ၊ ဒါနဲ့ သူတို့မမြင်အောင် အမှောင်ခိုပြီး ချောင်းကြည့်
နေမိလိုက်တယ် . . . . . . . .
သူတို့ကျွန်တော်ဘက်ကို လာနေရင်း ကျွန်တော့် ပုန်းနေတဲ့ အနားရောက်လောက်မှာ ရပ်လိုက်
ကြတယ် ၊ ခဏနေတော့ ထိုင်ကြတယ်ဗျ ။ တစ်ယောက်ထဲ မဟုတ်ဘူး နှစ်ယောက်တောင်
သေချာ စူးစိုက်ကြည့်တော့ ၊ ရင်မောင့်ကို တပက်ရိုက်သွားတဲ့ ဝေလင်းနဲ့သန္တာတို့ အတွဲဖြစ်နေ
တယ် ၊ ခဏနေတော့ တိုးတိုးပြောကြတယ် ၊ ရင်မောင် အားစိုက်နားထောင်လိုက်တယ် ။
မောင် င် င် င် င်. . . . . . ။ ဗျာာာာာာာာာ . . . . ။ အဲလို လုပ်မနေနဲ့လေကွာ . . . .
မီးရွံပါတယ်ဆိုနေ . . . . . . . ။ ခဏလေးပါကွာ . . . . မောင် အကျင့်ဖြစ်နေလို့ပါကွာ . . . . .
ဒီလိုအသံကြားတော့ မမြင်မစမ်း ချောင်းနေတဲ့ ရင်မောင် ၊ မျက်လုံးကို အားစိုက်ပြီး ပြူးကြည့်
လိုက်တယ် . . ။
မောင်. . . ရွံစရာကြီးကွာ . ဘာလို့ အဲဒီအပေါက်ကို နှိုက်နေရတာလည်းလို့ မီးကို ဖက်ထားပါဆိုနေ . . . . . ။
( ချွဲသံလေးနော်)
ဒါနဲ့ ရင်မောင် ထင်းထင်းကြီးမြင်လိုက်ရပါပီဗျာ . . . . . ဝေလင်းတစ်ယောက် ချစ်သူနဲ့ချိန်း
တွေ့ချိန်မှာ နှပ်ချီး ကလော်နေတာကိုးးးးးးးး သေပါတော့ကွာ”း)း)း) ဟီးးးးး ။
ဒါနဲ့ သူ့ကောင်မလေးလည်း စိတ်ဆိုးပြီး ထသွားတယ် ၊ ဝေလင်းက နောက်ကနေပြီး မီးရေ
မီးရေ လိုက်ခေါ်ရင်း ပျောက်သွားကြတယ် ။ ခဏနေတော့ လှုပ်လှုပ်နဲ့လူနှစ်ယောက်လာပြန်
တယ် ။ လက်ထဲမှာ စာရွက်ကိုင်လာတာတော့ သိလိုက်တယ် ။ ဘာလုပ်ဖို့လည်း ကျွန်တော်
သိချင်တာနဲ့ အမှောင်မှာ ကွယ်နေလိုက်တယ် ။ ဟိုက်” . . . ဗုဒ္ဓေါ မိသိမ့်နဲ့ မိုးမိုးသန်းတို့
ပါလား ။ ဘာလုပ်မလို့ပါလိမ့် ဒီအချိန်ကျမှ . . . . . . ။
သိမ့် ။ မမမိုးတင်တဲ့ ရခိုင်ကဗျာကို မြန်မာတွေ ဖတ်ပြီး နားလည်ပါ့မလား မမရယ် တော်ကြာ
တမျိုးတွေးသွားမှ ဒုက္ခရယ် . . . . . . ။
မိုးမိုးသန်း ။ အိုအေ . . . .ဘာလို့နားမလည်ရမှာလည်း . . . . ဒီမှာ ကျုပ်ဖတ်ပြမယ် ညည်း
သေချာနားထောင်နော် . . . . .။
သိမ့် ။ အမလေး မမိုးရယ် . . . မမမိုးကဗျာကလည်း ၊ လီပြင်းပြင်းတိုက် ၊ လီမုန်တိုင်းထန် ၊
ခိ ခိ ခိ . . . စာလုံးပေါင်းမှားရင်တော့ ခိ ခိ ခိ . . . . . ။
*****************************************************************
ဟူးးးးတော်ပါသေးရဲ့ ပိုစ့်တင်ဖို့ လာကြတာကိုး ၊ အဆိုးမလေးတွေ ညကြီးအချိန်မတော်
ဘာတွေဖတ်ပြသွားမှန်းတိဝူးးးးးး ခိ ခိ ခိ ။
ဒီလိုနဲ့ ပုန်းနေတဲ့နေရာကနေ ရင်မောင် ထွက်လာမယ်အလုပ်မှာ ၊ မေသဇင်တစ်ယောက်
လက်တစ်ဖက်က အိုး ကိုကိုင် ကျန်တစ်ဖက်က ထဘီကိုမထားပြီး “တောင်ကြည့်လိုက်”
မြောက်ကြည့်လိုက်” ခက်သွက်သွက် ပြေးလာတာမြင်လိုက်ရတယ် ။ ဒီအချိန်ကြမှ အိုးကိုင်ပြီး
ဘာလည်းပေါ့ ။ အသာလေးငြိမ်းပြီး ချောင်းမှပဲ . . . . . ။
ကျွန်တော်နဲ့ မလှမ်းမကမ်းလောက်အရောက်မှာ ၊ မေသဇင်တစ်ယောက် လက်နှစ်ဖက်နဲ့
သူ့ထဘီလေးကို ဒူဆစ်လောက်မိတင်ပြီး ဆောင့်ကြောင့်ထိုင်းလိုက်တယ် ပြီးတာနဲ့ အိုးကို
ကိုင်ပြီး ရှဲ ရှဲ ရှဲ လျှော်နေပါလေရော ။ “ ဟိုက် ” ဘာတုန်းဟ ” တရှဲ ရှဲ ရှဲ နဲ့ ။ အသံကြား
ရုံနဲ့ ကျွန်တော့် မကြည့်ရဲတော့ဘူး ဒါနဲ့ မျက်လုံးကို စုံမှိတ်ထားလိုက်တယ် ။ အတော်ကြာ
တဲ့အထိ တရှဲ ရှဲ ရှဲ လုပ်နေတုန်းဗျ ” ပြီးတော့ အနံ့ကြီးက ထောင်းခနဲ့ ထွက်လာတယ် ။
ရင်မောင် သိချင်လာပီပေါ့ ဘာကြောင့် ဒီလောက်တောင် နံနေရတာလည်းပေါ့ဗျာ ၊ ရင်မောင်
မျက်လုံးလေးကို မသိမသာ ဖွင့်ကြည့်လိုက်ပြီး ၊ “ ဟေ့ မေသဇင် ” “ အမလေးတော့ ဆိုပြီး
လန့်သွားတယ် ။ “ နင်ဘာလုပ်နေတာလဲ အချိန်မတော် ” ။ “ ဟဲ့ သေနာကောင်ရဲ့ မြို့ထဲမှာ
အောင်ထက် အသုဘနဲ့လေ ပြီးတော့ မိဖူးကလည်းနေမကောင်းဘူး ။ ဒါကြောင့် မြို့ပြင်ထွက်
ပြီး ငရုပ်သီးခြောက်လှော်နေတာပေါ့ သေနာကောင်ရဲ့ ” ။
“ အောင်မာ ” ငါ့ကိုများ သေနာကောင်တဲ့ မရေမရာ အချောင်နှိုက်လိုက်ရ ၊ နင့်ငရုပ်သီးတွေ
ကုန်သွားမယ် ဟိ ဟိ ။
“ ဒါနဲ့ ရင်မောင် နင်ကဒီမှာဘာလုပ်နေတာလည်း ။ ”
“ ဝေလင်းအစား ဆိုဒ်လုံခြုံရေး စောင့်နေတာလေ ”
“ စောင့်ရင်လည်း သေချာစောင့်ဦး မိုဘာဆိုဒ်မှာ ဟက်ကာတွေ စာတင်ထားတယ်ဆိုပဲ ”
“ အမလေးဟာ ကြောက်စရာမှတ်လို့ မိမေရယ် ငါရှိနေတဲ့အချိန် သတ္တိရှိတဲ့ ဟက်ကာ လာခဲ့
ချစ်သူကို ခြေဖျားလေး မချမိစေရဘူး ၊ ငါ့လက်နဲ့ ပက်လက်လန် ဇောက်ထိုး ကိုယ်ကျိုးနည်း
သွားစေရမယ် . . . . . နင်သိပါတယ် . . . ငါ့အကြောင်း ဟားးးးးးးးး ။”
“ အေးပါ ဒါဆိုလဲ ငါသွားတော့မယ် သေချာစောင့်နော် ”
မေသဇင်သည် မရှိမဲ့ ရှိမယ့် သူအိုးလေးကိုလှုပ်ကာလှုပ်ကာ ကျွန်တော့်အရှေ့မှထွက်သွား
ပါတော့သည် ။ အချိန်လေးအတော်ကြာလာတော့ မျက်လုံးကို မျက်လွှာလေးက ပိတ်ဖုံးဖို့
ကြိုးစာလာတော့ ၊ အဆံမရှိနေ ဟန်ရှိဖို့လိုသည် ဆိုတဲ့စကားအတိုင်း ဟိုကြည့် ဒီကြည့်၍
ကျွန်တော်လှမ်းအော်လိုက်ပါသည် . . . . . . ။
“ ဟေ့ကောင် ဟက်ကာတွေ လာဟက်လေကွာ မလာရဲကြဘူးလား မင်းတို့မှတ်ထားကွ
ချစ်သူမြို့တော်မှာ ရင်မောင်ရှိနေသ၍ လာဟက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့ကွ ၊ “ အေး
ငါပြောတာ မကြေနပ်လို့ ဟက်ချင်ရင် ငါ့ကိုအရင်လာဟက် ဖင်လှန်ပြီး အိပ်နေလိုက်မယ်
“ ကြားလားကွ ” ဒီလို သတ္တိရှိရှိ ပြောရဲတဲ့သူကို ရင်မောင်လို့ ခေါ်တယ်ကွ” မှတ်ထားးးး
ခေါ . . .ခေါ . . . ခေါ . . . . ခေါ . . . .
ဟက်ကာတွေကို ဖင်လှန်ပြပြီး စိန်ခေါ်အိပ်နေတဲ့ ရင်မောင် . . . . . . . . အခုတော့ . . . . . . . .

တနေ့တာ ပင်ပန်းနွမ်းနယ်သမျှ အမုန်းတရားကင်းမဲ့စွာဖြင့် ပျော်ရွှင်ကြပါစေဗျ. . . . ဂျူပီတာ ကိုရင်မောင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်