ပိုစ့်တင်သည့် ညီတွေ ညီမတွေအနေနဲ့ တချို့က ၊ ပိုစ့်တင်တဲ့အခါမှာ ပုံလေးတွေကို တွဲတင်ကြပါတယ် ။
ဒီအခါမှာ ပုံလေးတွေအပေါ်ကို ၊ မောက်မြှားလေး ထိလိုက်တာနဲ့ ၊ လက်ပုံလေးပေါ်လာတာ တွေ့ရပါတယ် ၊
ပုံကြီးကြည့်မယ်ဆိုရင် နှိပ်ပြီးကြည့်လို့ရတဲ့ သဘောပါ ။ ဒါပေမယ့် တခါတလေ စာဖတ်နေရင်း ပုံကိုမတော်
တဆ နှိပ်မိလို့ ၊ စာမျက်နှာပြောင်းသွားတာ ကြုံဖူးကြမှာပါ ။ ဒါကြောင့် ဒီလိုမဖြစ်အောင် ၊ ပိုစ့်တင်တဲ့အခါ
ပုံကုဒ်ရဲ့ အရှေ့က လင့်ခ်ကို ဖျက်ပြစ်ပြီး တင်ပေးလိုက်ရအောင် ။
ဒီလိုတင်ပေးခြင်းဟာ စာဖတ်သူကို စိတ်အနှောက်အယှက် ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ် ။ ရင်မောင် အခု
ပုံထဲ့ပါတော့မယ်ပို့စ်တင်တဲ့အခါ ၊ HTML ဖြင့်တင်ရန်(သို့)ကြည့်ရန်။ ဆိုတာကို ကလစ်ပြီး တင်တာကောင်းပါတယ် ။
ဒီလိုဖျက်ပြီး တင်ပေးလိုက်တဲ့အခါမှာ မတော်တဆ ပုံတွေကို ကလစိမရင်လည်း ၊ စာမျက်နှာ မပြောင်းသွား
တော့ပါဘူး ။ စာရေးသူတစ်ယောက်ဟာ မိမိမှ စေတနာမေတ္တာတွေနဲ့ စာရေးပေးယုံနဲ့ ၊ မပြီးပါဘူး . . . .
စာဖတ်သူ အဆင်ပြေအောင် ပိုစ့်တခုကို ဘယ်လိုတင်ပေးသင့်တယ်ဆိုတာလည်း စဉ်းစားရပါတယ် ။
တချို့ကျတော့ လိုင်းမကောင်းရတဲ့အထဲ ၊ မဆော်မဆ ပုံကို ကလစ်မိလို့ ၊ စာမျက်နှာပြောင်းသွားတော့ ၊ ဘက်ပြန်နေရတာနဲ့ အချိန်ကုန်တတ်လို့ပါ ။ ကဲ ကျွန်တော်ပြောတာကို လက်တွေ့ သိချင်ရင် ။ အပေါ်က
ပုံလေးကို မောက်ထောက်ပြီး ကလစ်ကြည့်ပါ ဘာမှ မဖြစ်တော့ပါဘူး ။ ဒါဆိုရင် ရင်မောင်အောက်ကပုံလေးကို ဗျူးကြည့်တဲ့ အရှေ့ကုဒ်ကို မဖျက်ထားပါဘူး ၊ မတော်တဆလို ကလစ်ကြည့်လိုက်ပါ ။ ဘယ်ရောက်သွားလည်းလို့ သိရမှာပါ ။မိမိလိုသလို ကုဒ်တွေ ပြင်ပြီးပြီဆိုရင်တော့ (ရိုးရိုးတင်ရန်) ဆိုတာလေးကို ပြန်ကလစ်လိုက်ပါ။
နောက်တခု သင်ပြပေးပါဦးမယ် ။ တချို့ဆိုဒ်တွေမှာ နောက်ခံ ဘက်ဂရောင်း ပြင်ထားတာ ပိုစ့်တင်သူတွေ
အနေနဲ့ ၊စာလုံးအရောင် ခြယ်သရတာ အရမ်းကိုစိတ်ညစ်ရပါတယ် တင်ပေးသူဘဲ စိတ်ညစ်ရတာလား ၊ မဟုတ်ပါဘူး မေသဇင်လို မှုံဝါးကြီးအတွက် စာဖတ်အဆင်ပြေရအောင်လည်း ၊ ပိုစ့်တင်သူအနေနဲ့
စဉ်းစားပေးရမှာ ဖြစ်ပါတယ်. . .
ဒီတော့ . . . . . . ဆိုဒ်နောက်ခံ ဘက်ဂရောင်း အဆင်မပြေတဲ့ ဆိုဒ်တွေမှာ မိမိစာရဲ့ ဘက်ဂရောင်းအတွက်ယခုလို ကုဒ်လေးတွေနဲ့ တင်သင့်က တင်ပေးရပါမယ် ။ စာရေးသူတစ်ယောက်
အနေနဲ့ကတော့ စာဖတ်သူအားလုံး အဆင်ပြေရန် စေတနာထားပြီး လုပ်ပေးနိုင်ရပါမယ်ခင်ဗျ ။
စာရေးတဲ့ အခါ နောက်ခံ ထဲ့တဲ့ကုဒ်
အဲဒါကို copy ကူးပါ ။ ပိုစ့်တင်တဲ့အခါမှာ HTML ဖြင့်တင်ရန်(သို့)ကြည့်ရန် ကလစ်ပါ ။
ဒီနေရာမှာစာရေးမှာပါ
စာရေးရန်နေရာမှာ မိမိတင်မယ့် စာသားတွေကိုထဲ့လိုက်ပါ ပြီးရင် (ရိုးရိုးတင်ရန်) ဆိုတာလေးကို ပြန်ကလစ်လိုက်ပါ။ ဒါဆိုရင်နောက်ခံအရောင်နဲ့ စာတွေကိုမြင်ရပါမယ်
ဒီနေရာမှာစာရေးမှာပါ
♣ ♣ ♣ အဆင်ပြေကြပါစေဗျာ ဂျူပီတာ ရင်မောင် ♣ ♣ ♣
ဒီလိုလှုပ်ချင်ရင်တော့ ၊ ဒါလေးကိုယူပြီး ကြိုက်သလောက် လှုပ်လို့ရပါတယ် မေသဇင်လည်း လှုပ်နေပါတယ်
♣ ♣ ♣စာရေးရန်နေရာ ♣ ♣ ♣
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်