မှောင်ရီမိုးသားအောက်က တစ်ဖွဲဖွဲနဲ့ 
ပျင်းရိစွာ ရွာသွန်းနေတဲ့ မိုးရေစက်များနဲ့ သူမရဲ့ 
မျက်နှာပြင်ပေါ်က
ခံစားမှုကလဲ မိုးသားနှင့်အတူ အုံ့ မှိုင်းကာမျက်ရည်အချို့ ကတော့
မျက်ဝန်းမှာ ခိုတွဲလို့ ပေါ့...။
ခုဆိုရင် သူနှင့်သူမ လမ်းခွဲခဲ့တာ
(၁)နှစ်ဆိုတဲ့ ကာလအတိုင်းအတာတစ်ခုထဲမှာ....။
သူကို သူမ အရမ်းချစ်ခဲ့သည်...။
တကြိမ်တစ်ခါမှ မချစ်ခဲ့ဘူးတဲ့ သူမ.......။
သူမတို့  မိုးဖွဲဖွဲအောက်မှာ ခံစားချက်တွေ ပေါက်ကွဲပြီး ချစ်သူဖြစ်ခဲ့ကြသည်...။
မိုးဖွဲဖွဲအောက်မှာ တစ်ယောက်လက်ကို တစ်ယောက်
ကြင်နာစွာ ဆုပ်ကိုင်ရင်း
တစ်ယောက်ရင်ခုန်သံကို
တစ်ယောက်ပြန်လည်ကြားယောင်ရင်း ကြည်ကြည်နူးနူး
နှစ်ယောက်အတူတူ
လမ်းလျှောက်ခဲ့ဖူးသည်...။
ချစ်သူဆိုတဲ့ ဝေါဟာရနဲ့  ရင်ထဲက ချစ်မြတ်နိုးခြင်းများစွာနှင့် ကျွန်မသူ့ ကို ချစ်ခဲ့ရတဲ့ အချိန်က ကာလအတိုင်းတာတစ်ခုထိသာ...။
တိုတောင်းလှတဲ့ ချစ်သက်တမ်းကာလအတွင်းမှာပဲ သူမ ရူးသွပ်စွာ ချစ်ခဲ့သူမှာ သူမမဟုတ်တဲ့ အခြားချစ်သူတစ်ယောက် ရှိနေခဲ့နှင့်ပါလားလို့  သိလိုက်ရတဲ့ တခဏမှာပဲ သူမ အတော်လေးကို တုန်လှုပ်သွားမိခဲ့သည်...။
မထင်မှတ်ခဲ့ပါ..။ ဘယ်လိုမှ
မထင်မှတ်မိခဲ့တာပါ...။ သူမ ခံစားသိရှိခဲ့သည်မှာ “ကို” သူမကို
အရမ်းချစ်ခဲ့သည်...။ သူမကို အလွန်တရာ ဂရုစိုက်ခဲ့သည်..။သူမကို
အလေးထားခဲ့သည်...။
သို့ သော်.....
@@@@@@@@@@@@@@@@@@@@@
“ကို...ကို့ မှာ မြရာမဟုတ်တဲ့ အခြားချစ်သူတစ်ယောက်ရှိနေသေးတယ်ဆိုတာ တကယ်လား”
ကို့  ဆီမှာ သက်ပြင်းရှိုက်သံသဲ့သဲ့မှ လွဲ၍
တခြားဘာသံမျှတော့ ထွက်မလာခဲ့ပါ..။ ဘယ်သူကပြောလဲ..ဘယ်က
သိလာလဲဆိုသောမေးခွန်းများလဲ ရောက်ရှိမလာခဲ့ပါ..။ အတော်လေးကြာမှ ကို့ 
ဆီက...
“တစ်နေ့  မြရာ သိလာလိမ့်မယ်ဆိုတာတော့ ကို တွေးမိပြီးသားပါ...။ ဟုတ်တယ်မြရာ..ကို့ ဆီမှာ မြရာထက်ဦးစွာ ချစ်သူတစ်ယောက်ရှိနေခဲ့ပါတယ်..”
“သူ ဘယ်သူလဲ ကို”
“အသက်ပါ..သက်စုပုံပါ မြရာ”
“မြရာ ဒါတွေကို ဘာလို့  ကြိုမသိခဲ့တာပါလိမ့်...။ ကို..ရှင်မသိဘူးလားဟင်....
ဒါတွေကို အစထဲက ပွင့်လင်းစွာ ကြိုပြောထားရမှာ”
“ဖုံးကွယ်မိခဲ့တာကြောင့် ကိုယ့်အပြစ်ဆိုတာကို ကို သိပါတယ် မြရာ.. ဒါပေမဲ့ မင်းကို ကိုယ်အရမ်းချစ်ခဲ့တာပါ..
အဲ့ဒီအတွက်ကြောင့်ကိုပဲ ကိုယ်ဖုံကွယ်မထားသင့်ပဲ ဖုံးကွယ်ထားမိခဲ့တာပါ မြရာ.. ကို့  ကို ခွင့်လွတ်ပါ..”
ကို့ ဆီမှ စကားသံ အဆုံးမှာ မြရာ ခေတ္တခဏတော့
ငြိမ်သက်သွားမိ၏...။ ကြေကွဲခြင်းတွေက
ရင်ထဲမှာ လှိုက်ထန်နေသည်..။ မြရာ
ဘာလုပ်သင့်ပါသလဲ..။ ကို့ ကို မြရာ အလွန်ချစ်သည်..။ ဒါတော့သေချာသည်..။ ကိုနဲ
့ လက်တွဲပြီး ကျန်ရှိနေသေးတဲ့ ဘဝခရီးလမ်းကို အတူတူလျှောက်ချင်သေးသည်...။
ကို့ မှာ ချစ်သူ ရှိခဲ့ဖူး၍ ကိုယ့်ကိုကျွန်မ
အရင်လို စိတ်သန့် သန့် ချစ်နေနိုင်သေးသလား..။
သူမကိုယ်သူမ
ပြန်မေးကြည့်လိုက်မိတော့လဲ ရလာသည့် အဖြေက မပြောင်းလဲပါ..။
ချစ်နိုင်တာပေါ့... ကြင်နာမှုအပြည့်နဲ့ ကို ကို့ ကို ကျွန်မ
ချစ်နေနိုင်တာပေါ့..။
ဒါပေမဲ့ ကို့ ကို ကျွန်မ မချစ်ဝံ့တော့ပါ..။
ကျွန်မ အသက်အတွက် ထည့်စဉ်းစားပေးရမည်..။
မြရာ သိရှိခဲ့ရသလောက်ကတော့
အေးချမ်းစွာ ပြုမူနေထိုင်တတ်တဲ့အသက်.. ချစ်သူကို အစ်ကိုလိုတစ်မျိုး
ချစ်သူလိုတစ်ဖုံ အားကိုးတွယ်တာတတ်တဲ့ အသက်..။မြရာထက်
ငယ်ရွယ်ပြီး မြရာရဲ
့ညီမလေးအရွယ်သာ ရှိခဲ့တဲ့ အသက်အပေါ် မြရာ မိန်းကလေးချင်း
ကိုယ်ချင်းစာ
ငဲ့ညာချင်သေးသည်..။
အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလို့ 
ပြောသံတွေ ကြားခဲ့ဖူးပေမဲ့ ရက်စက်ရာကျတဲ့ စစ်ပွဲနဲ့  အချစ်ပွဲကို မြရာ
မဆင်နွှဲချင်ခဲ့ပါ..။ မိန်းမသားချင်းကိုယ်ချင်းစာပါတယ်..။ ချစ်သူကို
ချစ်ပြီး ပိုင်ဆိုင်ချင်တဲ့ စိတ်တွေကိုလဲ ထပ်တူခံစားနိုင်ပြီး
ကိုယ်ချင်းစာနိုင်ခဲ့ပါတယ်..။ မြရာ ဆုံးဖြတ်ချက်တစ်ခုကို သေချာချမှ
ဖြစ်တော့မည်..။
“ကို.. အသက်လေးကို ချစ်ခဲ့သလား...”
“အင်း” တစ်လုံးတည်းသော ကို့ ဆီမှ တိုးတိတ်စွာထွက်ပေါ်လာသည့်အသံ
“မြရာကိုရော”
“ကို မြရာကို အရမ်းချစ်မိခဲ့တယ် မြရာ”
ကို့ စကားသံတွေအောက်မှာ ကျွန်မ အရည်မပျော်ဝင်မိအောင် ကြိုးစားထိန်းရင်း
“မြရာတို့  လမ်းခွဲရအောင် ကို”
“မြရာ”
“ဟုတ်တယ်ကို.. ဒီဆုံးဖြတ်ချက်ကို
ကိုပြင်ခွင့်မရှိဘူး... ကို့ မှာ အသက်ဆိုတဲ့ ချစ်သူ ရှိခဲ့တာကို
ဖုံးကွယ်ခဲ့မိတဲ့အတွက် ကို့ မှာ ဒီဆုံးဖြတ်ချက်အတွက်
ငြင်းပိုင်ခွင့်မရှိဘူးကို”
“ဘာကြောင့် ဒီလို ဆုံးဖြတ်ခဲ့တာလဲ မြရာ.. ကို
မြရာကို လက်ထပ်ဖို့  အထိကို စိတ်ကူးတွေ ယဉ်ခဲ့တာပါ..။ ကိုနဲ့ မြရာ
ဘဝခရီးကို ရှေ့ ဆက် အတူတူ လျှောက်ကြမယ်လေ..”
“မဖြစ်နိုင်ဘူးကို ..မြရာနဲ့  ကို ရဲ့  ရှေ
့ဆက်ခရီးတွေအတွက် ဖြူစင်နေတဲ့ အသက်ရဲ့  နှလုံးသားတစ်စုံက ထွက်ပေါ်လာမဲ့
ကြေကွဲခြင်း သွေးစက်တွေနဲ့  ခင်းထားတဲ့ လမ်းကို မြရာ
မလျှောက်ချင်ဘူးကို...”
“မြရာကရော..မြရာကမခံစားရဘူးတဲ့လား..”
“ဟုတ်တယ်..မြရာခံစားရပါတယ်..အဲ့ဒါကြောင့်မို
့ကို ဘာမှမသိသေးတဲ့ နှလုံးသားတစ်စုံ မြရာကြောင့် မခံစားစေချင်တာပါ..။
အပြစ်လို့ ဆိုရရင်တော့ သစ္စာမရှိပဲ ဖုံးကွယ်ပြီး အချစ်တစ်ခု ရှာဖွေယူသွားတဲ့
ကို့ 
ကို အပြစ်ဆိုချင်ပေမဲ့ ကို့ ကို အပြစ်ရှိသူလို့  လို့  မြရာ
မပြောခဲ့တော့ပါဘူး..
ပြောခွင့်ရရင်တော့ ပြောခဲ့ချင်တာက ..ကို့ ကို
မြရာ အရမ်းချစ်ခဲ့ပါတယ်..မချစ်တတ်ခဲ့တဲ့ မြရာကို ချစ်တတ်အောင်
သင်ပေးခဲ့လို့ လဲ ကျေးဇူးတင်ပါတယ်ကို.. ကို မြရာကို ချစ်ခဲ့တယ်ဆိုရင်တော့
မြရာကို ဖြူစင်တဲ့ နှလုံးသားတစ်စုံကို ရိုက်ခွဲသူ ၊ ဗီလိန်ဆန်ဆန်ကပြခဲ့သူ
နေရာကို ရောက်အောင် တွန်းမပို့ ပါနဲ့ .. မြရာကို ကို့ ရဲ့ အဝေးက
ထွက်သွားခွင့် ပြုပါကို..”
နောက်ဆုံးစကားပြောအပြီးမှာပဲ
ကိုတားဆီးခွင့်မရခင် ကို့ အပါးမှ မြရာ ကျောခိုင်းထွက်လာခဲ့သည်...။
ကို့ ကို
ကျောခိုင်းပြီးထွက်လာတဲ့ မြရာရဲ့  ပါးပြင်နုနုပေါ်မှာ မျက်ရည်စတစ်ချို့ က
ခိုတွဲလို့  မြရာရဲ့  ရင်ထဲမှာ ငိုနေတယ်....။ အိုးးးး ကောင်းကင်ကြီးမှာလဲ မိုးသားတွေ လိမ့်တက်လာပြီ မိုးတွေ
ရွာနေတယ်..။
ကောင်းကင်ကြီးဆီက ကျဆင်းလာတဲ့ မိုးရေတွေက
မြရာရဲ့  ရင်ထဲက ကြေကွဲမှုကို အသိအမှတ်ပြုတဲ့ ကောင်းကင် မျက်ရည်တွေလား..။
မျက်ဝန်းထဲမှ စီးဆင်းနေတဲ့ မျက်ရည်တစ်ချို့ နဲ့  မိုးရေတွေက ရောယှက်လို့ 
တလိမ့်ပြီး တစ်လိမ့် မြရာရဲ့  ပါပြင်ပေါ်သို့ .....
@@@@@@@@@@@@@@@@@@
မိုးရေထဲမှာ မြရာတို့  ချစ်သူဖြစ်ခဲ့ကြတယ်..။
မိုးရေတွေအောက်မှာပဲ မြရာနဲ့ ကို လမ်းခွဲခဲ့တယ်...။ မိုးတွေရွာတိုင်းမြရာ
လွမ်းတတ်နေခဲ့တယ်..။
မြရာ ကို့ ကို အရမ်းချစ်ခဲ့တယ်..။
ခုချိန်ထိလဲ ချစ်ခဲ့ပါတယ်...။ နောင်ဘယ်အချိန်ထိ မြရာရဲ့  အချစ်တွေ
အလွမ်းတွေ ရှင်သန်နေမယ်ဆိုတာ မသေချာပေမဲ့ ခုချိန်ထိတော့ မိုးသံကြားရင်
လွမ်းတဲ့စိတ်က ပိုလွမ်းနေတုန်း....။
မိုးးးးးးးးးးးးးးးးးး
ဒီ မိုး အသံကြားရင် မခိုင်တဲ့ ငါ့နှလုံးသား
မိုးသားနဲ့ အတူတူ
ဗုန်းဗုန်းလဲလို့  ပြုန်းပြုန်းကြွေကျတယ်..။
အလွမ်းသီချင်းတွေ
မိုးရေထဲ ငါဆိုလို့ 
ငိုကြွေးခဲ့တဲ့ ရက်ပေါင်းများစွာက
တစ္ဆေ တစ်ကောင်လို ခုထိ ခြောက်လှန့် နေတုန်းလေ...။
ဒီ မိုး အသံကြားရင် မခိုင်တဲ့ ငါ့နှလုံးသား
မိုးသားနဲ့ အတူတူ
ဗုန်းဗုန်းလဲလို့  ပြုန်းပြုန်းကြွေကျတယ်..။
အလွမ်းသီချင်းတွေ
မိုးရေထဲ ငါဆိုလို့ 
ငိုကြွေးခဲ့တဲ့ ရက်ပေါင်းများစွာက
တစ္ဆေ တစ်ကောင်လို ခုထိ ခြောက်လှန့် နေတုန်းလေ...။
ခုချိန်မှာ.......
ရင်ခွင်ဗလာနဲ့ ငါ
တစ်ချိန်က မင်းနဲ့ အတူ ပျော်ခဲ့ဖူးတဲ့
ဒီမိုးရေထဲ တစ်ကိုယ်ထဲ မသွားရဲခဲ့ဘူး
ချစ်သူ......။
တစ်ချိန်က မင်းနဲ့ အတူ ပျော်ခဲ့ဖူးတဲ့
ဒီမိုးရေထဲ တစ်ကိုယ်ထဲ မသွားရဲခဲ့ဘူး
ချစ်သူ......။
* * * မေသဇင် * * *
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်