Followers

Tuesday, 5 July 2011

အပေါက်များစွာနဲ့  သူတွေ..........

အပေါက် အပေါက်...
ဘာအပေါက်များထင်ကြပါသလဲ..။
တစ်မျိုးတမည် ထင်ကြမှာစိုးလို့ ပါ..။ ဘာရယ်လို့ တော့ မဟုတ်ပါဘူး..။ ခုခေတ်လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အပေါက်များစွာတွေ အကြောင်းပြောချင်လွန်းလို့ ပါပဲ..။ ဖောက်လိုက်ကြတဲ့ အပေါက်တွေ လက်ညှိုးထိုးလို့  မလွဲအောင် မျက်နှာတစ်ခုလုံးပြည့်နှက်လို့  နေတတ်ပါတယ်..။
                 ဘာကို ကြည့်ပြီး လှနေကြလဲတော့ မသိနိုင်ကြပါဘူး..။ မေပဲ ခေတ်နောက်ကျနေတာလား သူတို့ တွေပဲ ခေတ်မှီလွန်းတာလား မသိနိုင်တော့ပါ..။ တစ်ခါတစ်လေများ သူတို့ ကို ကြည့်ရတဲ့ ကိုယ်ပါ အသက်ရှုလို့  မဝသလို ခံစားလာမိတယ်..။စိတ်ထဲမှာ ဘယ်လိုများနေကြတာပါလိမ့်လို့  တွေးပြီး သနားမိတယ်..။ ဝဋ်ရှိလို့ များ ခံနေရတာလား မသိပါဘူးနော်..။ မျက်နှာတွေမှာ အနာခံပြီး ဖောက်နေလိုက်ကြတာ..။
                  ဂုဏ်ယူစွာ ပြင်ဆင်ထားကြတဲ့ သူတော့ ဘယ်လို ခံစားရလဲ မသိနိုင် တွေ့ မြင်ရသူတွေမှာတော့ ဟူးးးးးးးးးးးးးး  ရင်တွေမောပြီး သက်ပြင်းရှည်သာ ခပ်ပြင်းပြင်းလေး ဖိချလိုက်ချင်တော့တယ်...။
                ယောင်္ကျားလေးတွေ နားဖောက်တာ မဖောက်နဲ့ လို့ မပြောပါဘူး..ဖောက်ပါ..ယောင်္ကျားလေးတွေ နားဖောက်တာ ခုမှ မဟုတ်ပါဘူး..။ ရှင်ဘုရင် ခေတ်ကတည်းကနေ ယောင်္ကျားတွေ နားဖောက်ပါတယ်..။ အဲ့ဒီခေတ်ကနေ ၂၀ ရာစုထိ ယောင်္ကျားလေးတွေ နားဖောက်ကြပါတယ်..။ အများအားဖြစ် တောမှာ ရှင်ပြုခါနီးရင် ရှင်လောင်းလှည့်တဲ့အခါ အလှဆင်ဖို့   ရှင်လောင်းလှည့်ခါနီး ကိုရင်လောင်းတွေ နားဖောက်လေ့ရှိကြပါတယ်..။ နားဖောက်တာဟာ တောဆန်တယ်ဆိုပြီး ဖြစ်လာခဲ့လို့  မြို့က ကိုရင်လောင်းတွေဆီမှာတော့ တဖြည်းဖြည်း တိမ်ကောလာရင်းနဲ့  ယောင်္ကျားလေးတွေ နားဖောက်တဲ့ အကျင့်က တိမ်းမြုပ်လုနီးနီးဖြစ်ခါမှ ခုတော့ တဖန်  ပြန်ပေါ်လာကြပြန်ရော..။
                ပြန်ပေါ်လာတဲ့ အစကနဦးမှာတော့ အရင်လို နားတစ်စုံလုံး မဟုတ်တော့ပဲ နားတစ်ဖက်ထဲကိုသာ..။ နားတစ်ဖက်ထဲမှာ နားကွင်းသေးသေးလေးတွေဝတ်...  ဒါလောက်တော့ ခေတ်လူငယ် တစ်ယောက်အနေလက်ခံလို့ ရပါသေးတယ် အမြင်လဲ မရိုင်းပါဘူး..။ ဒါတောင် အိမ်က မောင်လေးက အဲ့ဒီလို ဖောက်လာလို့  ဖေဖေက
“မင်းနားကို အခု နှစ်ဖက်ဖောက်ရင်ဖောက် မဖောက်ရင် မင်းနားရွက်တစ်ဖက် ငါဖြတ်မယ်” ဆိုပြီး ကြိမ်းဝါးတာကို ကြားခဲ့ဖူးသေးတယ်..။မောင်လေးကသာ တစ်ဖက်ကို တစ်ပေါက်ထဲ ဖောက်လာတာ..အဖေကိုလဲ ကြောက်လို့ ..သူ့ သူငယ်ချင်းတွေကို ကြည့်လိုက်တော့....
လား လားးး  ဘယ်နှစ်ပေါက်မှန်းကို မသိဘူး..စီနေတာပဲ..။ ခုခေတ် လူငယ်တွေ ဝတ်တာစားတဲ့ ပုံကလဲ သိတယ်မဟုတ်လား..ပွရွနေတာနဲ့ ...။အိမ်မှာများ လူစုမိရင် မေမေက
“ဟဲ့ နင်တို့ ပုံနင်တို့  မှန်ထဲလဲ ပြန်ကြည့်ကြအုံး ဖျံလိုလို ပင်ဂွင်းလိုလိုနဲ့ ..ပုတုတု ကွတတလေးတွေလိုပဲ ကြည့်လိုက်ရင် သပ်သပ်ရပ်ရပ် ဝတ်စားကြပါလား”
ခေတ်ရည်စီးချောင်းကြီးကလဲ ဘယ်ကနေဘယ်လို မြစ်ဖျားခံလာတာလဲတော့ မသိတော့ပါ..။ ရေစီးက သန်လွန်းတော့ ကိုယ့်မြန်မာလူမျိုးတွေလဲ ခေတ်ဆိုတဲ့ ဝတ်စားဆင်ယဉ်မှု  ရေစီးချောင်းထဲ မျှောပါကြရင်း မြန်မာလူမျိုးပါဆိုတာ ပြဖို့  ရှေးဟောင်းဓာတ်ပုံကိုပဲ ယူပြရတော့ မလားပဲ..။ ဒါတောင် ချမကိုက်အောင် တယုတယ သိမ်းထားရလို့  ကျန်နေသေးတာ..။
                ကိုယ်က တောမှာနေလို့  ကိုယ့်မောင်လေးနဲ့  အပေါင်းပါတွေ ဝတ်တာစားတာကိုပဲ လွန်လှပြီးထင်နေတာ.. တောသားမြို့ တက် ထန်းခေါက်ဖာလေး ထမ်းပြီး မြို့ တက်လာတဲ့ခေတ်ကုန်ပြီးဆိုပေမဲ့ အထုတ်ကလေးဆွဲလို့  မရဲတရဲ ဟိုငေးဒီငေး လိုက်ကြည့်မိခါမှ..
ဘုရား ဘုရား....လို့ တောင် အော်မိပါရဲ့ ...။ ဒီလို မြင်ကွင်းလေးတွေ့ လို့  ဘုရားတမိတာ လွန်နိုင်ပေမဲ့လဲ ဒီလိုလေးပဲ တ လိုက်ပြစေ..။ ဝတ်ထားစားထားတာတွေက ဘုရားစူး မြန်မာလူမျိုးပါလို့  ပြောရလောက်အောင်ပါပဲရှင်..။
             ယောင်္ကျားလေးတွေကလဲ ပူလို့  ပူအိုက်မှန်းမသိ..သူတို့ ကြည့်ရင် ကိုယ်ပါ စိတ်မောတယ်..ရှုပ်ပွနေအောင် ဝတ်ထားကြတာ..မိန်းကလေးတွေကြတော့လဲ ပြောင်းပြန် ..ရေကူးကန်များသွားကြမလားပဲ..။ ရှိသမျှလေးဖော်လို့ ..အမယ်  ချက်လေးမှာတောင် အပေါက်နဲ့ .နာကွင်းလေတွေနဲ့ ..။ မြေကြီးက ရွှေသီးတဲ့ တို့ မြန်မာမှာ လက်ဝတ်ရတာနာတွေက ပေါလို့ လို့  ထားစရာနေရာမရှိ ဝတ်ဆင်စရာနေရာ မရှိတော့တာဖြစ်ပါလိမ့်မယ်..။
                       ဒါတင်လား မဟုတ်ပါဘူး..မျက်နှာမှာလဲ ပွစာကျဲနေအောင် များလိုက်တဲ့ အပေါက် ..နှားခေါင်းမှာလား၊နှုတ်ခမ်းလောက်တော့ ခဏနေအုံး၊ မေးစေ့..ဒါလဲ မကျေနပ်သေးဘူး..၊မျက်ခွံ ..နည်းသေးတာပေါ့..မျက်လုံးထောင့်စွန်းနဲ့  နာထင်စပ်ကြား..ပျင်းတောင် ပျင်းသေးတယ်..လျှာတောင်မှ မချန်တာ..မျက်နှာ တစ်ခုလုံး သြော်..ကြည့်ရတဲ့ သူမှာတော့ သူတို့ ကို ကြည့်ရင်းသနားမိတယ်..။ တကယ်လဲ စိတ်မသက်မသာဖြစ်မိတယ်..။ ဘယ်လိုများနေပြီး ဘယ်လိုများ စားကြတာပါလိမ့်လို့  ကိုယ်နဲ့ မဆိုင်ပဲ တွေးမိလိုက်ပါရဲ့ ....။
                      တစ်ခါတစ်လေကျတော့ ကိုယ့်ကိုကိုယ် ငရဲ ခံနေရလို့  ခံနေရမှန်း မသိကြပါလားနော်..။ အန္ဒိယက ဟိန္ဒူမလေးတွေ နှားခေါင်းပေါက်ဖောက်တာနဲ့  သူတို့ လဲ လိုက်ဖောက်ချင်..ဟိုဘက်နိုင်ငံက ဘယ်နေရာမှန်း မသိတဲ့ အပေါက်တွေကိုလဲ အထင်ကြီးချင်နဲ့  တဖြည်းဖြည်း ကိုယ့်ယဉ်ကျေးမှုတောင် လုံးပါးပါးလာပြီး..။ လိုက်တု လိုက်ပြိုင်တဲ့ နေရာမှာ လမ်းလွဲတတ်တဲ့ ကိုယ့်လူငယ်တွေကြောင့် နောက်ဆိုရင်
ချမ်းသာတဲ့ မေတို့  နိုင်ငံက လူတွေတင် မဟုတ်တော့ပဲ ကိုယ့်အိမ်မှာ မွေးထားတဲ့ အိမ်မွေးကောင်လေးတွေကိုပါ အလှဆင်ကြမလားပါပဲ..။
                 ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့  ကမ္ဘာ့အလယ်မှာ နှစ်ပေါင်းကြာရှည်စွာ ရပ်တည်လာခဲ့တဲ့ မြန်မာဆိုတဲ့ မေတို့  လူမျိုးတွေရဲ့  ဇာတိဂုဏ်ကို ကိုယ့်လက်ထက်ရောက်မှပဲ မပျောက်ပျက်ပဲ ထိန်းသိမ်းကြမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးသာ နိုင်ငံသားတိုင်းမှာ ရှိနေမယ်ဆိုရင်ဖြင့် နောင်လာမည့် အနာဂတ်မှာ တို့ မြန်မာရဲ့  ဝတ်စားဆင်ယင်မှုက
 

 ဒီလောက်အခြေအနေထိ ဆိုးရွားလိမ့်မယ် မထင်ပါဘူးနော်..။
 အမျိုးဂုဏ်ကို မြှင့်တင်၍ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ကြပါစေ လို့  ဆန္ဒတစ်ခု ဆုမွန်ပြုခဲ့ပါတယ်...။

မေသဇင်




0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်