Followers

Wednesday 20 July 2011

နင့်ရဲ့  ဝေးရာကို .....

တစ်ခါတစ်လေ နင့်ရဲ့  ခင်မင်တွယ်တာမှုတွေကို ငါ ဘယ်လို အဓိပ္ပါယ် ဖွင့်ရမလဲ... နင်ပြောတော့ ငါ့ကို ခင်တယ်ဆို... ဘာကြောင့်များ ငါ့ကို စိမ်းကားစွာနဲ့  နင့်ရဲ့ အဝေးကို တွန်းထုတ်နေရတာလဲ...။ အဓိပ္ပါယ်ဖွင့်မကုန်တဲ့ လေးနက်တဲ့ ငါတို့  ခင်မင်မှုတွေကို နင် ပြောင်းလဲပြစ်ဖို့  စာမျက်နာသစ် လှန်ဖွင့်ခဲ့လေတာလား............။

ငါတို့  ဆုံခဲ့ဖူးတဲ့ ညတွေ ခုတော့ ကြယ်ရောင်တွေ မှိတ်တုတ်လို့  တိတ်ဆိတ်စွာ ငိုနေပြီလေ။

ပြောခဲ့ဖူးတဲ့ စကားတွေ လေယူရာတိမ်း ယိမ်းကုန်ခဲ့ပြီး....။

နင်ဆိုပြခဲ့ဖူးတဲ့ သီချင်းသံအချို့  သံစဉ်တွေ ကျိုးပဲ့ခဲ့လို့   နင့်အသံတွေ ဝေးလွင့်ရာ ပုန်းရှောင်ခဲ့လေသလား....။

ဖုန်းဆက်တိုင်လဲ ဖုန်းမကိုင်တဲ့ နင့်ကြောင့်...။ ငါ့ဖုန်းလေး ခေါ်နေရလွန်းလို့  နာကျင်ပြီး ငိုကြွေးနေလေရဲ့ ...။  နင့်ရဲ့  အေးစက်စိမ်းကားဥပက္ခာ တစ်စုံတရာကြောင့် ငါ့ရဲ့ ဘယ်ဘက်ရင်အုံ အတွင်းတစ်နေရာက လှိုက်စားပြီး အောက်သက်နေတာ နင်မသိနိုင်ဘူမဟုတ်လား............။
ငါ.......... ငါဆိုတဲ့ ငါ့ကိုယ်ငါကို သေချာ ပြန်မေးကြည့်ခဲ့တယ်.....။
နင့်ရဲ့  အဝေးမှာ နေနိုင်သလား...။ ဟင်အင်း..........ငါ့ကိုယ်ငါ မသေချာခဲ့ဘူး...။ ဒါပေမဲ့ သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ငါ ပိုင်ပိုင်နိုင်နိုင် ချလိုက်တယ်...။

နင်မမြင်ချင်တဲ့ ငါ့ကို မမြင်စေရဘူး......။

နင် မပြောချင်တဲ့ ငါ့ဖုန်းလေးကို နင်နဲ့  စကားပြောခွင့် မပေးတော့ဘူး

နင့်မကြားချင်တဲ့ ငါ့စကားသံတွေ နင် မကြားစေရတော့ဘူး........။

နင် ပျော်ရွှင်စေချင်တဲ့ ငါ..................

နင် မပိုင်ဆိုင်စေချင်တဲ့ ခြောက်သွေ့ မှုကမ္ဘာမှာ ပြန်လည်ခိုဝင်လို့  တစ်ကိုယ်ထဲညတွေကို ငါတစ်ယောက်ထဲသာ ဖြတ်သန်းပါတော့မယ်..။

ငါ့ကို ညစဉ် စောင့်ရှောက်မယ့်အဖော် မွေးပွရုပ်လေး ရင်ဝယ်ပိုက်လို့ ပေါ့......။

နင့်နားမရှိစေချင်တဲ့ ငါ...နင့်ရဲ့  ဝေးရာကို ဦးတည်ချက်မဲ့  ပြေးပြီနော်.....။


မေသဇင်

1 comment:

  1. မမရေ..
    ချမ်းပြောင်လေးလာလည်တယ်
    အရမ်းလှတဲ့ မမဆိုဒ်ကိုလည်းသွားရေကျသွားတယ်
    ပြောင်လေးဆီကိုလည်းလညလည်ပါဦးဗျ

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်