ဖြတ်သွားဖြတ်လာရင်းနဲ့ သော်၎င်း ၊ အနီးအနား ပတ်ဝန်းကျင်မှသူများစီမှသော်၎င်း ရံဖန်ရံခါ ကြားရတတ်သည့် စကားလုံး တစ်ပိုင်းတစ်စများ
“မြန်မာပြည်မှာ လူဖြစ်ရကျိုးမနပ်လိုက်တာကွာ.ဆင်းရဲတွင်းကလဲ နက်လိုက်တာ”
ဆင်းရဲတွင်းနက်တာ
လူဖြစ်ရကျိုးမနပ်တာလား..။ အတိတ်က ကိုယ်ပြုခဲ့တဲ့ ကုသိုလ်
ပါရမီတွေကြောင့်သာ ခုဘဝမှာ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခကို ကြုံတွေ့ နေရတာပါ...။
မေကိုယ်တိုင်လဲ ဆင်းရဲသူပါပဲ..ဒါပေမဲ့ တစ်ခါမှတော့ လူဖြစ်ရကျိုး
မနပ်ဘူးဆိုတဲ့ အတွေးမျိုးမတွေးမိခဲ့ပါဘူး..။ ပြီးတော့ မြန်မာပြည်သား
ဖြစ်ရတဲ့ အတွက်ကိုလဲ တစ်ခါဖူးမှ ဝမ်းနည်းသိမ်ငယ်စိတ် ၊လူဖြစ်ရကျိုး
မနပ်ဘူးဆိုတဲ့ အတွေးမျိုးမဝင်ခဲ့ဖူးပါဘူး...။မြန်မာပြည်မှာ
လူဖြစ်ရကျိုးနပ်ပါတယ်နော်...။မေတို့  မြန်မာတွေ မဆင်းရဲကြပါဘူး...။
ဘာကြောင့် မေ
ဒီလိုပြောလဲ...။ မေတို့  နိုင်ငံဟာ ဘာသာတရားတွေရဲ့  အဆုံးအမအောက်မှာ
ကြီးမားတဲ့ မေတ္တာတရားတွေနဲ့  ကိုယ်ချင်းစာတရားတွေကို လူတိုင်းနီးပါး
ပိုင်ဆိုင်ထားကြလို့ ပေါ့...။ မိမိရဲ့  ကိုယ်ကျင့်တရားကို အတတ်နိုင်ဆုံး
လုံခြုံအောင် ထိန်းကြလို့ ပေါ့....။ မနာလို ဝန်တိုမှုတွေလဲ
ကင်းကြတယ်...။ငွေကြေးနဲ့ ဝယ်ယူပိုင်းဖြတ်လို့ မရတဲ့ မေတ္တာ ၊ဂရုဏာတရားတွေကို
မေတို့  မြန်မာလူမျိုးတွေမှာ ပိုင်ဆိုင်ထားကြတယ်..။
မေ မနှစ်က တောင်အာဖရိကကို ရောက်သွားစဉ်က မေ ကြုံတွေ့ ခဲ့ရတဲ့ အတွေ့ အကြုံလေးတစ်ချို့ ကြောင့် မေ တွေးမိတာက
“ငါတို့ နိုင်ငံက ငါတို့ လူမျိုးတွေ ကံကောင်းလိုက်တာ....”
ဟုတ်ပါတယ်...
လူဖြူနဲ့ လူမည်း ၊ဆင်းရဲနှင့်ချမ်းသာ ကွာခြားမှုက အတော်လေး
တစ်ဖက်စောင်းနင်းအခြေအနေမျိုး ကံတရားက ဖန်ပေးခဲ့တာလား မဆိုနိုင်ပါ..။
ချမ်းသာတဲ့ လူတွေကြတော့လဲ အတော်လေးချမ်းသာကြပြီး ဆင်းရဲတဲ့ လူတွေကျတော့လဲ
စားစရာတောင် မရှိလောက်အောင်ကို အခြေအနေဆိုးရွားလွန်းလှပါတယ်...။
အလုပ်လက်မဲ့တွေက
မြို့ လည်ကောင်တစ်နေရာမှာ စုဝေးလို့ ...... တစ်ယောက်တစ်လေများ
အလုပ်ပေးမလားလို့  မျှော်လင့်ချက်တွေနဲ့  ထိုင်စောင့်နေကြသော်လည်း အလုပ်က
ရမလာခဲ့...။ ဒီတော့ သူတို့ ရဲ့  ဝမ်းစာရေးကို ဘယ်လိုဖြေရှင်းကြရသလဲ.....။
မနက်မိုးမလင်းတစ်လင်း
ဝေလီဝေလင်းမှာ ကြွပ်ကြွပ်အိပ်လေး ကိုယ်စီကိုင်ပြီး လူချမ်းသာရပ်ကွက်တွေမှာ
တစ်လမ်းဝင် တစ်လမ်းထွက် အိမ်တွေရဲ့  အမိုက်ပုံးတွေကို လိုက်ဖွင့်ပြီး
ထိုသူတို့  ညက လွင့်ပြစ်လိုက်တဲ့ စားကြွင်းစာကျန် အရိုးအရင်းလေးတွေ
ပေါင်မုန့် တစ်ပိုင်းတစ်စလေးတွေကို သူတို့ ရဲ့  ဝမ်းစားအဖြစ် ရှာဖွေ
စားသောက်ကြရပါတယ်..။ ဒါက ရိုးသားတဲ့ လူအနည်းစုတွေ လုပ်ရပ်...။
အများစုကတော့
လုယက် အလစ်သုတ် အကြမ်းဖက်ပြီး ယူငင်ကြပါတယ်....။ သူတို့ တွေ
တောင်းရမ်းကြပါတယ်..။တောင်းရမ်းလို့ မပေးခဲ့ဘူး ဆိုလျှင်တော့ ကိုယ့်အိတ်ကို
လုပြေးတယ်.....။ အဖွဲ့ လိုက်ပေါင်းပြီး လုပ်ကြတာမို့  ကိုယ်သာလျှင်
ခံရစမြဲပေါ့...။
ကားလမ်းတွေမှာ
လမ်း ဖြတ်ကူးဖို့  လုပ်ထားပေးတဲ့ တံတားတွေပေါ်ကနေ ကျောက်တုံးတွေနဲ့  ကားကို
ထုချပြီး လုယက်ကြတယ်ဆိုတဲ့ ပြဿနာကလဲ မကြာခဏ....။အစိုးရက သွယ်တန်းထားတဲ့
မြေအောက်မီးကြိုးတွေ ဖုန်းကြိုး အစရှိတဲ့ ကြေးနန်းကြိုးတွေပါ
တူးယူဖော်ထုတ် ခိုးဝှက်ကြတာလေ....။
ချမ်းသာသူတွေကလဲ
စိတ်အေးငြိမ်းချမ်းစွာနဲ့  နေခွင့်မရခဲ့သလို ဆင်းရဲသူတွေကလဲ အကုသိုလ်တွေ
တစ်ရစ်ပြီး တစ်ရစ်ပိုကာတိုးလို့ ဒီဆင်းရဲချင်းသံသရာမှ
လွတ်နိုင်ပါ့တော့မလား....။
အဲ့ဒါတွေကို
တွေ့ မြင်မိတော့ ကိုယ့်မြန်မာပြည်ဖွားတွေရဲ့ စိတ်ဓာတ်... သူတစ်ပါး
ပိုင်ဆိုင်မှုတွေကို မတရား မယူလိုတဲ့ စိတ်ဓာတ်... ဆင်းရဲပေမဲ့
ကိုယ်ကျင့်တရားဆိုတဲ့ ခါးဝတ်ပုဆိုးကို မြဲမြံစွာ ကြိုးစားဝတ်ဆင်ကြတဲ့
စိတ်ဓာတ်က အလေးထား မြတ်နိုးစရာပါ...။ကိုယ်ချင်းစာတရားကို လက်ဝယ်ထားပြီး
ဒုစရိုက်ကို ရှောင်ကြသူတွေပါ.....။
ချမ်းသာသူတွေကလဲ
ကျီးလန့် စာစာဘဝမျိုးနဲ့  မဟုတ်ပဲ ငြိမ်အေးစွာ နေရတဲ့ သုခတွေ
ပိုင်ဆိုင်နေရတဲ့ အခြေအနေ...။ ကိုယ့် စေတနာ သဒ္ဒါတရားတွေနဲ့  အလှူရေစက်
လက်နဲ့ မကွာ နေခွင့်ရတဲ့ နောင်သံသရာအတွက် ကုသိုလ်ကောင်းမှုတွေပြုနေကြရပြီး
ငြိမ်းချမ်းနေရခြင်း....။
မေ
သေချာလေး ဆန်းစစ်တွေးကြည့်လိုက်တော့ မေတို့ မြန်မာနိုင်ငံလေး ဆင်းရဲတဲ့
နိုင်ငံလို့  ခေါ်ဝေါ်ခြင်း ခံရပေမဲ့ မဆင်းရဲခဲ့ပါဘူးနော်...။ ငွေကြေးအားဖြစ်
ဆင်းရဲချင် ဆင်းရဲပေမဲ့ မေတ္တာ၊ဂရုဏာ ၊ ကိုယ်ချင်းစာတရား ၊ အကျင့်သိက္ခာ တွေ
ချမ်းသာကြပါတယ်....။ ငွေကြေးတွေထက် တန်ဖိုးရှိတဲ့ စိတ်အေးချမ်းသာခြင်းကို
ပိုင်ဆိုင်ကြတာမို့  ဒီနိုင်ငံသူ နိုင်ငံသားတွေ ဖြစ်ရတာ ဂုဏ်ယူတတ်မယ်
ထင်ပါတယ်နော်...။
ကိုယ်ချင်းစာတရားတွေနဲ
့ လဲနေသူကို ထူပေးတတ်တဲ့ စိတ်ဓာတ် ၊ ရှိတာလေး ဝေငှစားသောက်တတ်တဲ့
မြန်မာလူမျိုးအများစုရဲ့  နွေးထွေးတဲ့ မိသားစု စိတ်ဓာတ်တွေကြောင့်
ဒီအသိုင်းအဝိုင်းရဲ့  စုဆုံရာမြေ မြန်မာ့မြေမှာ လူဖြစ်ရကျိုးနပ်တယ်
ဆိုတာကို မေ ရင်ထဲက ပီတိအဟုန်နဲ့  ထောက်ခံ ပြောပါရစေ....။
ကမ္ဘာလှည့် ခရီးသည်တွေ အသွားအလာများတဲ့ နေရာမှာ ပိုက်ဆံတောင်းစားတဲ့ အဖွဲ့ ရဲ့  ဓာတ်ပုံလေးပါ..။ မေ အမှတ်တရ ထည့်ပေးလိုက်တာပါ...။
****************မေသဇင်*****************
http://alwankhayeethe.
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်