သူ့ ခေါင်းငါနင်း ငါ့ခေါင်းသူနင်းဆိုတဲ့
ခေါင်းစဉ်လဲ တွေ့ ရော ဘယ်သူတွေများ ရန်ဖြစ်ကြလဲ မသိဘူးဆိုတဲ့
အတွေးမျိုးတွေးပြီး စိတ်ပူလိုက်မိရင်တော့ ခပ်ခက်ခက်ပဲနော်..။ စိတ်တော့
မပူလိုက်ကြပါနဲ့ ... ဘယ်သူမှ ရန်မဖြစ်ကြပါ..။
တစ်ခါတစ်လေတော့ စာပေ
စီစစ်မှုတွေ မရှိတဲ့ အွန်လိုင်းဆိုတဲ့ စာမျက်နှာပြင်မှာ စာတွေ ရေးနေရတာ ၊
ရေးနေကြတာ တစ်လမှ တစ်ခါ ထွက်တဲ့ မဂ္ဂဇင်းတွေလို တစ်လတစ်ကြိမ် ကိုယ့်စာမူ
တစ်ပုဒ်ပါဖို့ အရေး ခြေတိုအောင် လျှောက်ကာ စာမူတွေ လိုက်ပို့ ပေးနေရတာထက်
အတော်လေး သက်သာပါတယ်..။ စာဖတ်သူလက်ထဲကို ခုတင် ခုရောက် ဆိုသလို
လျှင်မြန်လှပြီး တုံ့ ပြန်မှုကိုလဲ လျှင်မြန်စွာ ရကြပါတယ်..။
စာဖတ်သူတွေရဲ့ 
နှစ်သက်လျှင် နှစ်သက်သည့်အလျှောက် မနှစ်သက်လျှင်လဲ မနှစ်သက်သည့်အလျှောက်
ဝေဖန်မှုတွေ ရနိုင်သလို အမြင်မတူတဲ့ ဆွေးနွေးမှုတွေကိုလဲ
ချက်ချင်းပြုလုပ်နိုင်ပါတယ်..။
ကွန်မန့်တစ်ချက်ဟာ
စာရေးသူတွေအတွက် အားဆေးတစ်ခွက်ပါပဲ..။ စာဖတ်သူတွေရဲ့  အားပေးမှုကို
ရလာပြန်တော့ စာပေလေးတွေကို အားတက်သရော ရေးသားချင်စိတ်လေးတွေ
တိုးပွားလာလေ့ရှိပါတယ်..။ နေ့ စဉ်နှင့်အမျှ ပို့ စ်လေးတွေ ရေးရတာကိုပဲ
ကြည်နူးကျေနပ်နေမိတတ်တယ်..။
ဒါပေမဲ့ ရေးသားလာရတာတွေ
များလွန်းလာပြန်တော့ ၊ပို့ စ်လေးတွေ ထပ်မှာကို စိုးရိမ်လာလေ့ရှိတယ်..။
တစ်ခါတစ်ရံ ကိုယ်ရေးမယ်လို့  တွေးထားတာလေး ဆင်တူရေးမှားလေကို ကိုယ်နှင့်
အကြံတူ တခြားတစ်ယောက်က ရေးထားတာလေး တွေ့ လိုက်ပြန်တော့ ငါများ ရေးလိုက်ရင်
သူ့ ကို အတုခိုးတယ် ဆိုတာများ ဖြစ်နေမလားလို့  တွေးပြီး ရေးဖို့ လက်က
ရွယ်နေကာမှ တွန့် သွားတတ်ပြန်ရော..။
တစ်ခါတစ်လေကြပြန်တော့လဲ
တစ်စုံတစ်ယောက် ရေးထားတဲ့ ပို့ စ်လေးကို ဖတ်ရင်း ကိုယ့်ရဲ့  ပို
့စ်လေးအတွက် ကြောရိုးလေး ရသွားတတ်ပြန်ရော..။ တစ်ခါတစ်လေတော့လဲ
ကိုယ့်ကိုယ်ပိုင်အတွေး လုံးလုံးကြီးဖြစ်ပေမဲ့ တစ်ခါတစ်လေတော့လဲ ကိုယ့်ရဲ့ 
စာပေမောင်နှမတွေရဲ့  အတွေးတစ်ပိုင်းတစ်စကို ကောက်ယူမိလိုက်တာပင်...။
ဒီလိုနဲ့  သူ့ အတွေး
တစ်ပိုင်းတစ်စကို ကိုယ်က တစ်ခါတစ်လေ ဆွဲယူပြီး ကိုယ့်အတွေးတစ်ပိုင်းတစ်စကို
သူလဲ ဆွဲယူကာ ရေးသားတတ်ပြန်တာမို့  သူ့ ခေါင်းကိုယ်နင်း ကိုယ့်ခေါင်းသူက
နင်းဆိုသလို တင်စားရမလိုပင်..။
ဒါပေမဲ့
ဒီအချက်လေးတွေကြောင့်ပဲ တစ်ယောက်ရဲ့  လိုအပ်နေတဲ့ တစ်ပိုင်းတစ်စလေးတွေကို
တစ်ယောက်က ဖြည့်စွက်လို့  စာကောင်းပေကောင်းလေးတွေ ပိုပြီး ဖတ်နိုင်ခဲ့တာလဲ
ရှိခဲ့ပါတယ်..။ တစ်ခါတစ်ရံ အတွေးအမြင်ချင်း မတူကြတာမို့  ဘက်စုံ
အတွေးအမြင်တွေကို ခံစားသိရှိလာခဲ့ပြီး ဗဟုသုတလေးတွေ ပိုမို
တိုးပွားလာခဲ့တာတွေလဲ ရှိခဲ့ပါတယ်..။
တစ်ပိုင်းတစ်ဆ
အတွေးဟောင်းလေးတွေကို အတွေးသစ် အမြင်သစ်လေးတွေနဲ့  ရေးလာကြတော့
ရသစုံလင်လေးခံစားလို့  လာခဲ့ရပါတယ်..။ တစ်ပိုင်းတစ်ဆ အတွေးလေးတွေကို
ဖြည့်စွက်ရေးနေတာ ကော်ပီလို့ တော့ မေ မထင်ပါ..။
အမြင်ချင်းမတူတာတွေကို ဖြည့်စွက်တာပါလို့  ပြောလျှင်များရနိုင်သလားပဲ..။
မေ့ရဲ့  စာပေချစ် အွန်လိုင်းစာပေမောင်နှမများကရော ဘယ်လိုများထင်ပါသလဲ..။
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေနော်...။
******************မေသဇင်******************
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်