Followers

Sunday 22 May 2011

ချစ်သူနဲ့ လမ်းခွဲပြီးသည့်နောက်”

 သြော် အချစ် အချစ် အချစ်.............

လူရယ်လို့ ဖြစ်လာတာနဲ့  ဒီအချစ်ဆိုတာ ရင်ထဲကို ကိန်းအောင်းလာတတ်ကြပါတယ်...။ အချစ်က ရင်ထဲ ကိန်းအောင်းလာပြီးဆိုလျှင်တော့ အချစ်နဲ့ အတူ ကပ်ပါလာတဲ့ ကြည်နူးခြင်း၊ ကြေကွဲခြင်း ၊ လွမ်းဆွတ်ခြင်း တွေ အပြင် တစ်ခါတစ်ရံ ဆွေ့ မြေ့ နာကျင်ခြင်း တစ်ချို့ နဲ့  အမုန်း ဆိုတာလဲ ပါလာတတ်ပါသေးတယ်......။ချစ်ဖူးတဲ့သူတိုင်း အသဲကွဲတယ်ဆိုတဲ့ မခံစားဖူးတဲ့သူ မရှိသလောက် လို့ တော့ ထင်ပါတယ်...။ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ ခံစားခဲ့ဖူးမှာပဲ..။ ချစ်ဦးသူနဲ့  လက်တွဲခွင့်ရတာ ရှားပါတယ်နော်...။
                        မေ အခုပြောချင်တာက ချစ်သူနဲ့  လမ်းခွဲပြီးတဲ့နောက် (သို့ ) ချစ်သူက ကိုယ့်ကို စွန့်ခွာပြီးတဲ့နောက် ဘယ်လိုများရင်ဆိုင်ကြလဲ....။ချစ်သူနဲ့  လမ်းခွဲပြီးတဲ့နောက်မှာ ပူဆွေး ငိုကြွေးနေတာတွေ ၊ စားမဝင် အိပ်မပျော်ခံစားရတာတွေ..တစ်ချို့ များဆို ကိုယ့်အသက် အန္တရယ်ကိုတောင် ကိုယ်ပြန်ပြီးရန်ရှာလိုက်သေးတယ်လေ..။ အင်း..အဲ့ဒီလိုသာဆို မလွယ်ဘူးနော်....။
                     ချစ်သူနဲ့  လမ်းခွဲလိုက်ပြီး ဆိုပါစို့ ...။
              ပထမဆုံး ဘာလို့  လမ်းခွဲဖြစ်လဲဆိုတာ သေချာဆန်းစစ်ကြည့်ရမယ်နော်...။ နှစ်ဦးသဘောတူ လမ်းခွဲတာလား...ဒါမှမဟုတ် တစ်ဖက်သတ် ကိုယ့်ဆန္ဒမပါပဲ လမ်းခွဲခံလိုက်ရတာလား....။နှစ်ဦးသဘောတူ လမ်းခွဲတာ ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ဟာ ကိုယ့်ဆန္ဒလဲပါတာမို့  ကိုယ်ဆုံးဖြတ်ပြီးတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲ ရင်ဆိုင်ပြီး ကြံ့ ကြံ့ ခိုင်ခိုင် ရှေ့ လျှောက်ရမယ်နော်....။
               ကိုယ့်ဆန္ဒမပါပဲ တစ်ဖက်သတ် လမ်းခွဲခံရတာ ဆိုရင်တော့ ကိုယ်ဟာ ဘာကြောင့် လမ်းခွဲခံရလဲဆိုတာ သေချာ ဆန်းစစ်ရမှာပေါ့....။
(၁) ကိုယ်မဟုတ်တဲ့ အခြားသူ တစ်ယောက်ကိုတွေ့ လို့  ကိုယ့်ကို ထားခဲ့တာလား..။
အဲ့ဒီလိုသာ ဆိုရင်တော့ ဝမ်းနည်းမနေနဲ့ တော့...ကိုယ်အပေါ်ကို သစ္စာမရှိတဲ့ ဒီလူဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ အချစ်နဲ့  မထိုက်တန်သေးလို့ ...။ သူ့ ထိုက်နဲ့  သူ့ ကံသာ လွတ်ထားလိုက်...။ တစ်နေ့  ကိုယ်ဟာ စစ်မှန်တဲ့ အချစ်ကို တွေ့ ဖို့  သူက ကိုယ့်ကို အခွင့်အရေးပေးလိုက်တာ...။ သူ့ အတွက် ပူဆွေးပြီး ကိုယ့်ရဲ့  တန်ဖိုးရှိတဲ့ အချိန်တွေ မကုန်စေနဲ့ ...။

(၂) စည်းစိမ်၊ပိုင်ဆိုင်မှုတွေကြောင့် အလွှာချင်းခွဲခြားခံရပြီး ထာခဲ့တာ ခံရတာလား...။
အဲ့ဒီလိုသာဆိုရင်လဲ အားမငယ်နဲ့ ...။ ဒါတွေက တစ်တင်္ဂ ပိုင်ဆိုင်မှုပါ....။ ကြိုးစားရင် ဘာမဆိုဖြစ်တယ်..။ အဓိက က ကိုယ့်မှာ အရည်အချင်းရှိပြီး ရှိတဲ့ အရည်အချင်းကို ကောင်းကောင်းအသုံးချတတ်ဖို့ ပါ...။  သူဟာ ကိုယ်မှာရှိတဲ့ အရည်အချင်နဲ့ မထိုက်တန်သေးလို့ ပါ...။သွားတာတောင် နည်းသေးလို့  သာ စိတ်ထဲမှတ်ပြီး ကိုယ့်အလုပ်ထဲမှာ ကြိုးစားလိုက်စမ်းပါ....။

(၃) ရုပ်ရည်ကြောင့်လား......။ကိုယ်ထက် ရုပ်ရည် သာတဲ့ သူကို တွေ့ လို့ လား...။အဲ့လိုသာဆိုရင် ခေါက်ထားလိုက်....။ ဒီလောကမှာ အလှဆုံးဆိုတာ ကိုယ်ကိုတိုင်ပဲ...။ မယုံရင် လိုက်ရှာကြည့် ..အလှဆုံးဆိုတဲ့ လူသားမရှိဘူး...။ သူ့ ထက်သူ ပိုလှကြတာလေ...။ ဒီတော့ ကိုယ်သာလျှင် အလှဆုံး...လူတိုင်မှာ မွေးရာပါ အလှဆိုတာ ရှိကြတယ်..။ ဒါကို သူမမြင်တတ် မခံစားတတ်လို့ ..။ အမှန်တော့ ကိုယ်က မလှတာ မဟုတ်ဘူး..သူက အမြင်အာရုံမကောင်းတာ...။

(၄)သူဟာ နဂိုကတည်းက မျက်နှာများသူလား...။ အဲ့ဒီလိုသာဆိုရင်တော့ သူသွားချင်ရာလမ်းကို သွားပါစေလို့ သာ ပျော်ပျော်ကြီး သွားခွင့်ပေးလိုက်..။အချိန်စောစောသိရလေ ကိုယ်ဟာ ကံကောင်းလေပဲ...။ကိုယ့်နှလုံးသား ဒီ့ထက် နွံမနှစ်ခင် လမ်းခွဲခွင့်ရတာ ဘယ်လောက်များကံကောင်းလိုက်ပါသလဲ..။ ဒီကမ္ဘာမှာ ကိုယ်ဟာ ကံအကောင်းဆုံးလူသားပဲ...။

             သူဟာ ဒီထက်များတဲ့ အကြောင်းပြချက်များစွာနဲ့ ကိုယ့်ကို ထားရစ်ခဲ့ပါစေ.... ဒါဟာ ကိုယ့်အားနဲချက် ကိုယ့်အမှားတွေ မဟုတ်ဘူး...။သူတစ်ပါးအပေါ် အပြစ်ဖို့ တတ်တဲ့ သူ့ ရဲ့  အားနဲချက်တွေပဲ...။ အဲ့ဒီတော့ ပူဆွေး မနေနဲ့ တော့နော်...။

              ချစ်သူနဲ့  လမ်းခွဲရလို့  ပူဆွေး ငိုကြွေးနေတယ်ဆိုရင်လဲ ငိုကြွေးနိုင်ပါတယ်..။ ဆောင်းဦးလှိုင်သီချင်းထဲကလို တစ်ရက်လောက် ငိုပါ မဟုတ်ပါဘူး...တစ်လလောက်လဲ ငိုချင်ရင် ငိုလိုက်ပါ...။ဒါပေမဲ့ ငိုသာငိုပါ....ကိုယ့်ကိုကိုယ် မထိခိုက်ပါစေနဲ့ ...။ အချိန်တန်ရင် ဒဏ်ရာက အနာဖေးတွေ တက်လာပြီး ရင့်ကျက်လာမှာပါ...။ ဒုက္ခရောက်စေမဲ့ အတွေးမျိုးတွေ တွေးပြီး ပေါက်ကရ မလုပ်ပါနဲ့ နော်...။ ငိုကြွေးနေရင်းနဲ့  တွေးနေရမှာက ဘယ်လို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမလဲ..ကိုယ့်မှာ အရည်အချင်းမရှိဘူးလို့  ထင်တဲ့ ကိုယ့်ကို ထားရစ်ခဲ့သူ နှမြောနိုင်လောက်တဲ့ အရည်းအချင်းမျိုးရှိတယ်ဆိုတာ အသုံးချပြပြီး တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေ ကြိုးစားပြလိုက်နော်...။ 
                     ကိုယ်ဟာ သူထင်သလို အရည်အချင်းမဲ့ ခပ်တုံးတုံး မဟုတ်ဘူးဆိုတာ နောင်တတွေ တစ်လှေကြီးနဲ့  သူနှမြောတမ်းတ နေရမယ်...။ အဲ့ဒီအချိန်မှာ တကယ်တမ်း ပူဆွေးနေရမှာ ကိုယ်မဟုတ်ဘူး........။
ကိုယ့်ကို ထားရစ်ခဲ့သူ...................။


မှတ်ချက်။  ။ သူငယ်ချင်းတစ်ယောက်အတွက် ရည်ရွယ်ရင်း တိုက်ဆိုင်စွာ အသဲကွဲနေသူများအတွက်သို့ ပါ ရည်ရွယ်လျှက်......။

*******************မေသဇင်*******************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်