Followers

Monday 13 February 2012

ချစ်သူမြို့တော် ပြည်ထောင်စုနေ့ အခမ်းအနား



တိုင်းရင်းသားပေါင်းးစုံ နေထိုင်ကျတဲ့ ချစ်သူမြို့တော်လေးမှာ တိုင်းရင်းသားများ တစ်သွေးတစ်စည်းထဲ ပေါင်းစည်းရေး အထိမ်းအမှတ် ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်ရှင်...။ ပြည်ထောင်စုနေ့ မတိုင်ခင်ကတည်းကနေ ချစ်သူမြို့တော်တွင်းမှာ ရှိတဲ့ တိုင်းရင်းသားများစုဝေးရာ တိုင်းဌာနီ အသီးသီးသို့ ပြည်ထောင်စု အလံတော် လှည့်လည်ခဲ့ပါတယ်..။

တိုင်းရင်းသားကိုယ်စားလှယ် အသီးသီးတို့ကလဲ အလှည့်ကျ မိမိတို့ ပြည်နယ်တွင်း အလှည့်ရောက်လာသည့် အလံတော်ကို အလေးအမြတ်ထား ဂရုတစ်စိုက် သယ်ဆောင်ကာ မြို့တွင်း လှည့်လည်ခဲ့ကြပါတယ်ရှင်..။
ပြည်နယ်အသီးသီးရှိ မြို့သူမြို့သားများ၏ သောင်းသောင်းဖျဖျ ကြိုဆိုမှုကလဲ ကြက်သီးထလောက်အောင် လှိုက်လှဲခဲ့ပါသည်..။ မြို့တော်သူ မြို့တော်သားတွေရဲ့ နိုင်ငံချစ်စိတ် ၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်မှုများကလဲ အံ့မခန်းပင် ဖြစ်ပါတော့သည်..။

တိုင်းနှင့်ပြည်နယ် အသီးသီးသို့ လှည့်လည်ခဲ့သော နိုင်ငံတော် အလံအား ယနေ့နံနက် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ချစ်သူမြို့တော်သို့ သယ်ဆောင်ခဲ့ပါပြီး..။
ထို့ကြောင့် ချစ်သူမြို့တော်သူ မြို့တော်သား အားလုံးက စည်းလုံးညီညာစွာ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရာ နေရာ ချစ်သူမြို့တော် မိန်းစာမျက်နှာ အစည်းအဝေး ခမ်းမသို့ ချီတက်လာခဲ့ကြကာ ပြည်ထောင်စုနေ့ အခမ်းအနားကို လာရောက်ကျင်းပကြပါသည်.....။

ဒီအခမ်းအနားတွင် အခမ်းအနားမှုးအဖြစ် မေသဇင်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်...။

အခမ်းအနားတွင် သဘာပတိအဖြစ် မြို့တော်ဝန် ဆိတ်မှိုင်း(ကိုငြိမ်း)က ဆောင်ရွက်သွားမှာဖြစ်ပြီး အတွင်းရေးမှုးအဖြစ် မ.ထ.သ.မင်းသား၊တွဲဖက်အတွင်းရေးမှုးအဖြစ် ခန့်ချောလေးက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်...။

အခမ်းအနားအစီအစဉ်အရ............

အစီစဉ်(၁) နိုင်ငံတော် အလံအား နိုင်ငံတော် သီချင်းဖြစ်ဦးညွှတ်ခြင်း ၊
အစီစဉ်(၂) သဘာပတိမှ မိန့်ခွန့်ပြောကြားခြင်း ၊
အစီစဉ်(၃) မြို့တော်သူ မြို့တော်သားတို့ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခြင်း ၊
အစီစဉ်(၄)အတွင်းရေးမှုမှ မိန့်ခွန်းပြောကြားခြင်း ၊
အစီစဉ်(၅) အခမ်းအနားရုတ်သိမ်းခြင်းတို့ပဲ ဖြစ်ပါတယ်ရှင်........။

အစီစဉ် (၁) အရ... အခမ်းအနားကို စတင်ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်..။
အခမ်းအနားကို နိုင်ငံတော် သီချင်းဖြစ်သီဆိုဖွင့်လှစ်မှာဖြစ်ပြီး နိုင်ငံတော် အလံကို အလေးပြုခြင်းဖြစ် အခမ်းအနား ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြွရောက်လာကြသည့် ပရိသတ်များအားလုံး နိုင်ငံတော် အလံကို ဦးညွှတ်အလေးပြုရင်း အခမ်းအနားကို ဖွင့်လှစ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်...။

တလူလူ လွှင့်နေသော အလံတော်ကို အလေးပြုပြီး အခမ်းအနားဖွင့်လှစ်ပြီးတဲ့ နောက်မှာ
အစီစဉ် (၂)အရ သဘာပတိကိုငြိမ်းမှ ပြည့်ထောင်စုနေ့ မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်ရှင်...။
“ကြွရောက်လာကြတဲ့ မြို့တော်သူမြှို့တော်သားများမင်္ဂလာပါခင်ဗျား..။ ၂၀၁၂ခု ၊ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မှာ ကျရောက်တဲ့ (၆၅)နှစ်မြှောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ ကျွန်တော် ဆိတ်မှိုင်းမှ သဘာပတိအဖြစ် ဆောင်ရွက်ခွင့်ရလို့ အလွန်ပဲ ဝမ်းသာဝမ်းမြောက် ဖြစ်ရပါတယ်ခင်ဗျာ...။ပြည်ထောင်စုနေ့လို့ ပြောရင် ပြည်ထောင်စုနေ့ဆိုတာ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ အကြောင်းအရင်းလေးကို မသိသေးတဲ့ နောင်လာနောင်သားတွေကို သိအောင်အရင်ရှင်းလင်းပြောကြားရမှာဖြစ်ပါတယ်..။ပြည်ထောင်စုနေ့ကြီး ဘယ်လိုဖြစ်ပေါ်လာပါသလဲ...။၁၈၈၅ ခုနောက်ပိုင်း မြန်မာနိုင်ငံဟာဗြိတိသျှလက်အောက်သို့ ကျရောက်ပြီးသည့်နောက် ၊ မြန်မာနိုင်ငံ လွပ်လပ်ရေး ပြန်လည်ရရှိအောင် မြန်မာမျိုးချစ်ပုဂ္ဂိုလ်တွေက ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့ကြပါတယ်..။
ဗြိတိသျှအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်အချိန်မှစ၍ လွတ်လပ်ရေးမပေးရရန်အတွက် နည်းမျိုးစုံဖြင့်ဟန့်တားခဲ့ကြပါတယ်။ ထိုသို့ဟန့်တားမှုများတွင် ပြည်မနှင့်တောင်တန်းဒေသများ(တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့်နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြပါတယ်..။ ဥပမာအားဖြင့် ဗြိတိသျှအစိုးရတွေသည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်နောက် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခုကူးသန်းမှုကို ၁၈၉၈ ကချင်တောင်တန်း လူမျိုးစုဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်းဥပဒေ အစရှိသည်တို့ဖြင့် ကန့်သတ်ပိတ်ပင်ထားခဲ့ကြပါတယ်...။
ထိုသို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်မြင့်ချိန်တွင် ပို၍ရှုပ်ထွေးစေခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူးပေါင်းရေးကိစ္စမှာ အရေးပါးလာသောကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ အခြားတစ်ဖက်တွင်လည်း ပြည်မနှင့်တောင်တန်း မပူးပေါင်းနိုင်ရန်အတွက် ဗြိတိသျှအစိုးရမှ နည်းမျိုးစုံသုံး ကြိုးပမ်းနေခဲ့တယ်။
ထိုသို့သောအခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွေဟာ လွတ်လပ်ရေးအတွက် ခိုင်မာသောပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ထို့နောက် ပြည်မနှင့်တောင်တန်းဒေသပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သော ပင်လုံစာချုပ်ကိုလည်း ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသ၏ ဗဟိုချက်ဖြစ်သည့် ပင်လုံမြို့တွင်ချုပ်ဆိုနိုင်ခဲ့ပြီး ထို ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းက လွတ်လပ်ရေးအပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ၁၉၄၇ ခုနှစ်ကာလများအတွင်း အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန်နှင့် ပင်လုံစာချုပ်ဖြစ်ပေါ်စေရန် ကြိုးပမ်းခဲ့သောနေ့ရက်များကို ပြည်ထောင်စုနေ့ ဟု သတ်မှတ်ခဲ့ကြပါတယ်..။
ဒါကြောင့် ပြည်ထောင်စုနေ့ဆိုတာ အကွဲကွဲ အပြားပြားဖြစ်နေတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်စည်းတစ်ဝေးတည်း ပေါင်းစည်းနိုင်တဲ့ နေ့တစ်နေ့ ဖြစ်တာမို့ မျိုးဆက်သစ်တွေလဲ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးပြီး ဆက်လက်ထိမ်းသိမ်းပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား....

“ဖြောင်း....ဖြောင်း..ဖြောင်း” (ပရိသတ် လက်ခုပ်သံ)

အစီစဉ် (၂) အရ သဘာပတိ မိန့်ခွန်းပြောကြားပြီးတဲ့ နောက်မှာ အစီစဉ် (၃) အရ မြို့တော်သူမြို့တော်သားတို့မှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားသွားမှာ ဖြစ်ပါတယ်ရှင်..။

ပထမဦးစွာ မြို့တော်သား Kyaw ရဲ့ သဝဏ်လွှာ ဖြစ်ပါတယ်ရှင်..။
၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ လွတ်လတ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံ စာချုပ် ကို ချုပ်ဆိုခဲ့ပါသည်။ ယခုအခါ နှစ်ပေါင်း (၆၅)နှစ် ပြည့်မြောက်ပြီ ဖြစ်သော ပြည်ထောင်စုနေ့ အကြို အဖြစ် ဗမာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို အရယူမည်ဟူသော သဘောတူညီချက် ရရှိ၍ ၀မ်းမြောက်သည့် အထိမ်းအမှတ်ဖြင့် ပင်လုံမြို့တွင် ရှမ်းစော်ဘွားများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် စကားကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်-....။ ဆက်လက်ဖတ်ရှု့ရန်


နောက်ထပ်တဖန် sanlin၏ ရင်တွင်းဖြစ်
ပြည် မြန်မာ၊ ဖားစ်ပေါထ်၊ကိုင်ကာ ထားတဲ့ ဒို့ဟာ၊
မြန်မာ ပြည်သားတွေ ဖြစ်၊
မြန်မာပြည်ကို ချစ်တတ်ရမယ်။ ဆက်လက်ဖတ်ရှူ့ရန်>>>>


ယခု တဖန် Ko mg mg ရဲ့ သဝဏ်လွှာ
ကျွန်တော်ဆက်မပြေးချင်တော့ အမောလဲတော်တော်ဖေါက်နေပြီ ။ ကိုယ့်ကိုကျော်တက်သွားသူများလည်းမနဲတော့ ။ခြေလှမ်းကိုရပ်ပြစ်ဖို့ စိတ်ကူးပြန်တော့လဲသူငယ်ချင်း သန်းထိုက် နှင့်ဝင်းကိုပြောစကားကနားထဲပြန်ဝင်လာသည်။ဟေ့ကောင် မောင်မောင် မင်းအရည်အချင်းနဲ့  ပထမ ဒုတိယ.မရဘူး ဆိုတာတော့ ငါတို့ သိတယ် ။ဒါပေမဲ့ပန်းဝင်အောင်ပြေးမယ်ဆိုတဲ့  ဂတိတော့ ပေးကွာ ။ဘယ်လိုလဲ ပန်းဝင်အောင်ပြေးနိုင်ရင် မင်းကြိုက်တဲ့ ကြေးအိုး စိတ်ကြိုက်အ၀စား ငါတို့ တာဝန်ယူတယ် ။ ဆက်လက်ဖတ်ရှု့ရန်>>>


ယခု တဖန် မဝင်းဝင်းလှိုင်၏
ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု
``ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် ၊ ရှမ်းတို့တတွေ၊ ပြည်ထောင်စုသား၊ တိုင်းရင်းဖွား၊ ညီအစ်ကိုမောင်နှမ တတွေ၊ သွေးစည်းကာသာလေ၊ ညီညွတ်ချစ်ကြည်နေ ၊ အေးတူပူမျှ၊ တူတကွ ခံစားစံစားကြမယ်လေ´´ လေ၀ယ် ဝေ့ပျံလာသော သီချင်း သံသည် နွေးထွေးစိတ်အား တက်ကြွဖွယ် ကောင်းလှသည်။ ဆက်လက်ဖတ်ရှုရရန်>>>>>





ယခုတဖန်Aung Htet ၏ သဝဏ်လွှာ


ဆောင်းနှောင်းရာသီ..ဖေဖေါ်ဝါရီကိုပင်ရောက်ပြန်ချေပြီ..နှင်းများကား..ပိန်းပိန်းပိတ်အောင် မကျနိုင်တော့..
မှုံယုံသာ မံှုံတော့တယ်..ပမာအားဖြင့် ဇာပုဝါ ပါးပါးလေးချထားသလိုမျိုးသာ..၊ဆက်လက်ဖတ်ရှု့ရန်>>>>


ဆက်လက်ပြီး နေခြည်သစ်နွယ်(ပြည်)ရဲ့
“ပြည်ထောင်စုရဲ့အင်အား”
ပြည်ထောင်စုမှာ တည်ထောင်ပြုဖို့
ညီနောင်တစ်စုတို့ အားမာန်တွေက
ဒီရာစုရဲ့ခေတ်သစ်မှာ ပန်းလေးတစ်ပွင့်ပမာ
လန်းဆန်းလို့ရှင်သန်လာခဲ့ပေါ့…..ဆက်လက်ဖတ်ရှု့ရန်>>>


မှုံနံ့သာဖြူ၏ သဝဏ်လွှာ

ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးလမ်းစကို ဖော်ထုတ်ဖန်တီးခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပင်လုံစာချုပ်ကြီးကို ပင်လုံညီလာခံတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြရာ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ၆၅ နှစ်မြောက်ခဲ့ပြီဖြစ်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြီးကို အခြေခံ၍ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသားများသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံကို အချုပ်အချာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ဤသို့အချုပ်အချာ အာဏာပိုင် နိုင်ငံဖြစ်သော တည်ထောင်နိုင်ခြင်းသည် ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးများ၏ မလျော့သောဇွဲ၊ မဆုတ်မနစ်သော လုံ့လ၊ နောက်မတွန့်သော သတ္တိ၊ ခိုင်မာသောအဓိဋ္ဌာန်၊ မပြိုမကွဲသော စည်းလုံးညီညွတ်မှုတို့ဖြင့် အသက်၊ သွေး၊ ချွေးတို့ကို စတေး၍ ဆောင်ရွက်ခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။ ဆက်လက်ဖတ်ရှု့ရန်>>>>


sanlinnရဲ့ ရင်တွင်းဖြစ် သဝဏ်လွှာ....
စည်းလုံး ညီညွတ်စွာနဲ့၊
နေစရာ ဆောက်လုပ်ဘို့ ပြင်၊
တစ်ပင်ချင်းပဲ သယ်လာ၊
သပ်ရပ်စွာ ပြုလုပ်လို့ ထား၊
သေသပ်ခန့်ညားတဲ့ အသိုက်၊
လေတိုက်လည်း မပြိုကွဲ၊
ခိုင်မြဲလို့ တည်နေတဲ့ အခါ၊
ဒါဟာ စာကလေးတို့ရဲ့ ပြည်ထောင်စုပေါ့။ (စာ သိုက်) ဆက်လက်ဖတ်ရှု့ရန်>>>>

မင်းဆက်ဆက်ခ၏ ရင်တွင်းဖြစ်
အစကတော့ ပြည်ထောင်စုနေ့ကလေးနဲ့ပတ်သက်ပြီတော့ ၀တ္တုတိုလေးတပုဒ်ရေးမလို့ပါပဲ။ ဒါပေမဲ့ ဒီလိုအဓိပ္ပာယ်တွေလေးနက်နေ
တဲ့ နေ့ထူးနေ့မြတ်လေးမှာ ၀တ္တုတိုလေးတပုဒ်ရေးဖွဲ့လိုက်ယုံနဲ့ပြီပြည့်စုံတဲ့အရသာကို စာဖတ်သူကိုပေးစွမ်းနိင်မှာမဟုတ်ပါဘူး။အဲဒါ
ပေမဲ့ပေါ့လေ ဝေဒနာနဲ့ဝါသနာကြားက အလွမ်းအဆွေတွေပဲအမြဲရစ်ဝဲနေတဲ့ ကျွန်တော်ရဲ့နှလုံးသားနံရံထက်မှာအမှတ်မထင်ပဲ့ထန်
လာတဲ့အသံက “ မျိုးချစ်စိတ် ” ဆိုတဲ့အသံလေးကြောင့် ဒီဆောင်းပါးလေးကိုရေးဖွဲ့လိုက်ရခြင်းဖြစ်ပါတယ် .ဆက်လက်ဖတ်ရှု့ရန်>>>>


ကိုလင်း(သလ္လဝတီ)ရဲ့ ရင်တွင်းဖြစ်
ပင်လုံရိပ်မြုံ၊ တိုင်းသားစုံညီ၊
ကြွအုံနိုးကြား၊ ရှမ်းကယားတို့၊
သွေးသားနောင်ရင်း၊ ကချင်ချင်းပါ၊
မယွင်းအမှန်၊ အဓိဋ္ဌာန်ဖြင့်၊
မြန်မာကရင်၊ လက်တွဲယှဉ်လျက်၊
ကျောရင်မခွဲ၊ ညီညွတ်တွဲပြီး၊
စိတ်စွဲမှတ်ယူ၊ မော်ကွန်းထူခဲ့၊ ဆက်လက်ဖတ်ရှူ့ရန်>>>


နေမင်းခိုင်ရဲ ရင်တွင်းဖြစ်
စည်းလုံးမူအားမာန်တွေနဲ့

တစ်မြေထဲကသွေးချင်းတွေ

နှလုံးသားထဲကယုံကြည်မူသွေးစက်တွေနဲ့

တည်ထောင်ခဲ့တဲ့ ဒို့တွေရဲ့ပြည်ထောင်စု......... ဆက်လက်ဖတ်ရှု့ရန်>>>


ရှင်းသန့်မေရဲ့ သဝဏ်လွှာ
ပြည်ထောင်စု..မြန်မာနိုင်ငံအလံကိုအလေး..ပြု"

အတန်းခေါင်းဆောင်မောနီတာကအသံပြုလိုက်တယ်ဆိုရင်ဘဲ..

ကမ္ဘာမကြေ၊မြန်မာတွေ
တို့အဘိုးအဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ
ပြည်ထောင်စုကိုအသက်ပေးလို့
တို့ကာကွယ်မလေ

ဒါတို့ပြည်၊ဒါတို့မြေ

တို့ပိုင်တဲ့မြေ၊ ဆက်လက်ဖတ်ရှု့ရန်>>>


နဂါးလေးးမှ တင်ပို့လာသော အမှတ်တရ ရှိနေတဲ့ ပြည်ထောင်စု....

ကျွန်တော်တို့ငယ်ငယ်တုန်းကလေ ပြည်ထောင်စုနေ့ဆို အမြဲကျင်းကတဲ့ကျိက်ကစံကွင်းထဲမှာပေါ့
အရမ်းစီတာနော်ခုတော့အိပ်မက်တခုလိုပါပဲ အရင်ကဆိုရင်ပြည်ထောင်စုအလံကို တိုင်းနဲ့ပြည်နယ်၁၄ခုကို ပတ်တယ်လေ
ရေဒီယိုထဲမှာအမြဲကြားနေရတယ် ဒီနေဘယ်ပြည်နယ်ကိုရောက်နေပြီဆိုတာလေ ဖေဖ၀ါရီ၁၂ရက်နေ့ဆိုရင်ရန်ကုန်ပြန်ရောက်
ပြီလေဒီနေ့ကျရင် ကျောင်းမှာအလံကြိုဖို့ ကျွန်တော်တို့တွေ လမ်းမထွက်ရတယ် အလံသေးသေးလေးတွေကိုင်ပြီတော့ပေါ့
လူအုပ်ကအများကြီးလေ ဒီနေ့ဆို လူတွေအလုပ်မလုပ်ကျဘူး ဆိုင်တွေဆိုလည်းပိတ်ထား


Bo far(or) သျှောင်ပေစူးရဲ့ ရင်တွင်းဖြစ်
ပြည် တို့တိုင်းရင်းသား ပြည် သူတွေ
အားလုံးသွေးစီးညီညွတ်ကြမည်....။
ထောင် -ရန်သူတ ထောင် မကတသောင်းပင်
လာအုန်းတော့...တို့ တိုင်းရင်းသားတွေ
သွေးစည်းညီညွတ်ချင်းဖြင့်...အောင်ပွဲ
ခံမည်....။ဆက်လက်ဖတ်ရှု့ရန်>>>



ရွှေမြို့သူမှ ပေးပို့လာသော သဝဏ်လွှာ
သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှအစိုးရလက်အောက်ကျရောက်နေသော မြန်မာနိုင်ငံသည်
လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကလတစ်လျှောက်လုံးတွင် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရလေသည်။
နယ်ချဲ့ကိုလိုနီတို့၏ သွေးထိုးမှုများကြောင့် မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများ
တစ်ဦးနှင့်တစ်ဦးအထင်အမြင်လွဲမှားလျက်ရှိနေ့သည့် အချိန်ကာကလည်းဖြစ်သည်။ ထိုသို့မြန်မာနိုင်ငံကြီးတွင်
မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ စိတ်ဝမ်းကွဲခြင်းကို ပြန်လည်သင့်မြတ်အောင်လုပ်၍
လွတ်လပ်ရေးတည်းဟူသော အောင်မြင်မှုကို ရယူပေးခဲ့သော ခေါင်းဆောင်ကြီးတစ်ဦး မြန်မာ့ရာဇ၀င်သမိုင်းတွင်
ပေါ်ထွန်းခဲ့ဖူးလေသည်။ ဤသူမှာ ဗိုလ်ချူပ်အောင်ဆန်းတည်း...... ဆက်လက်ဖတ်ရှု့ရန်>>>>





မြို့တော်သူမြို့တော်သားများမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားပြီးတဲ့နောက်မှ အစီစဉ် (၄)အရ အတွင်းရေးမှုးမှ အမှာစကားပြောကြားခြင်းပဲ ဖြစ်ပါတယ်ရှင်.
“အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ချစ်သူမြို့တော် ပြည်ထောင်စုနေ့ အခမ်းအနားလေးမှာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခွင့်ရလို့ ကျွန်တော် အတိုင်းမသိဝမ်းသာခဲ့ပါတယ် ။ ထိုထက်ပိုပြီး ကျွန်တော့ရင်ကို ရိုက်မှန်လာတဲ့ ပီတိတစ်ခုကတော့ ကျွန်တော်တို့ချစ်သူမြို့တော်လေးရဲ့ မန်ဘာအားလုံးစည်းလုံးမှုပဲ ဖြစ်ပါတယ်ခင်ဗျာ.. တိုင်းရင်းသားတွေကို အခြေခံ ဖွဲ့စည်းထားတဲ့ ဒီမြို့တော်လေးမှာ အားလုံး စုစုစည်းစည်းနဲ့ ပါဝင်ခဲ့ကြတဲ့ စည်းလုံးခြင်း မှတ်တိုင်တစ်ခု ကျွန်တော်တို့ မြို့တော်လေးက စိုက်ထူလိုက်ပါပြီ... ကျွန်တော် မျက်ဝန်းက မျက်ရည်အိုင်ဖွဲ့လောက်အောင်ကို ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်..။ နောက်နောင်တွေမှာလဲ ယခုလို အင်တိုက်အားတိုက် စည်းစည်းလုံးလုံး လုပ်ဆောင်ပေးကြဖို့ ကျွန်တော် တိုက်တွန်းပါရစေ.. ကျွန်တော်တို့လဲ အစွမ်းကုန်ကြိုးစားကြမယ် မြို့သားတွေလဲ ကြိုးစားကြပါလို့ အလေးအနက်ထားပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ..”

ဖြောင်း....ဖြောင်း....ဖြောင်း (ပရိသတ် လက်ခုပ်သံ)
အစီစဉ် (၄) အတွင်းရေးမှူး မ.ထ.သ.မင်းသားမှ အမှာစကားပြောကြားပြီးတဲ့ နောက်မှာ အစီစဉ်(၅)အရ အခမ်းအနား ရုတ်သိမ်းခြင်းပဲ ဖြစ်ပါတယ်ရှင်..

“၂၀၁၂ ခု ဖေဖော်ဝါရီလ (၁၂)ရက် နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ချစ်သူမြို့တော် ရွှေမြို့တောာ် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားပါကြောင်း
ကြေငြာအပ်ပါတယ်ရှင်”

စီစဉ် တင်ဆက်သူ














0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်