Followers

Monday 13 February 2012

(!_!)မျက်ရည်တစ်စနဲ့ ဗာလင်တိုင်း (!_!)

ချစ်သူများနေ့  ဆိုတဲ့ နေ့ လေးကို နှစ်များစွာ တစ်ကိုယ်တည်း ငါ ဖြတ်သန်းပြီးပြီး....။

ဒီ နှစ်မှာတော့ အခြားနှစ်တွေ နဲ့ မတူတဲ့ ခံစားမှုတွေ ရင်မှာ ပြည့်လို့ .............။

တွဲလက်တစ်စုံနဲ့ ချစ်သူကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ဘယ်ဆီမှန်း မသိတဲ့ ချစ်သူရယ်............။

နာနာကျင်ကျင်နဲ့ တစ်အစ်အစ် ရီမောနေတဲ့ နာရီကြီးကို တစ်စိုက်စိုက်ကြည့်ရင်း ငါမျှော်နေမိတယ်......။

မရောက်ခင်တုန်းကတော့ ဘာမှ မဖြစ်လောက်ပါဘူးလို့  တွေးထင်ထားပေမဲ့ တကယ်တမ်း ရောက်လာတော့ ရင်တစ်ခုလုံး ခံစားလို့  မနိုင်အောင် ဖြောင်းဆန်နေမိတယ်.........။

လွမ်းဆွတ်မှုတွေက ရင်မှာပြည့်လို နှလုံးသား တစ်ခုလုံး ကြေမွနေတယ်...........။

မျက်ရည်ဆိုတာ ချစ်သူများနေ့ အတွက် ငါ့ရဲ့ အဖော်လား....။

ဝမ်းနည်းမှုတွေနဲ့  လှိုင်းထနေတဲ့ ပင်လယ်ပြင်မှာ အထီးကျန်ခြင်း လှိုင်းလုံးတွေက အားငယ်မှု ဆိုတဲ့ ဒိုက်တွေကို သယ်ဆောင်လာပြီး ကြေကွဲခြင်း ကမ်းစပ်မှာ အမှိုက် ချခဲ့ထားခဲ့တယ်......။

ငါကတော့ အဲ့ဒီ ကမ်းစပ်မှာ ထိုင်ရင်း အလွမ်းလေတွေ ရှုရှိုက်ကာ တစ်ကိုယ်တည်း ချစ်သူအလာကို မျှော်လင့်ချက်များစွာနဲ့  စောင့်နေတဲ့ ကောင်မလေးပေါ့.....။

ဘယ်အချိန် ရောက်လာမယ်မှန်းမသိတဲ့ ချစ်သူရယ်.....။

နေနိုင်သူက အေးစက်စွာ နေနိုင်ပေမဲ့ မျှော်လင့်နေတဲ့ ငါ့ရင်မှာတော့ မီးတောက်ကြီးတွေ ဖြိုင်ဖြိုင်ညှီးလို့ လေ....။

အဲ့ဒီ မီးတောက်ကြီးတွေက ငါ့ရင်ကို လောင်ကျွမ်းနေပေမဲ့ မင်းကို ချစ်တဲ့ ငါ့အချစ်က လောင်ကျွမ်းပြီး ကုန်ဆုံးမသွားပါဘူး..........။

လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို အန်တုလို့ မီးတောက်တွေနဲ့ အပြိုင် ရှင်သန်နေဆဲပဲ........။

လုံးဝ ကုန်ဆုံးခွင့် သွားမှာ မဟုတ်ပါဘူး.....။

နင်တောင်ပံတွေညောင်းလို့ ခြေလှမ်းတွေအနာတရနဲ့ တွန့်ဆုတ်နေတဲ့ အချိန်ရောက်ရင်သာ ငါ့ဆီပြန်လာပါ......။

ငါ့ရင်ခွင်က နင့်အတွက် တံခါးဖွင့်လျှက်ပါ ချစ်သူ..........။

မျက်ရည်တစ်စက်တွေ စွန်းထင်နေတာက လွှဲလို့ ပေါ့ ချစ်သူ............။





1 comment:

  1. နှစ်ခြိုက်စွာအားပေးသွားပါသည်.. ကောင်း၏..။

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်