Followers

Sunday 12 February 2012

ချစ်သော အဖေ့မွေးနေ့အမှတ်တရ

သူငှာတွေ အပြိုင်ရေး
အဖေ့ဂုဏ်ပုဒ် များလှသေး
တုနှိုင်းမမှီ ၊ စံတင်ထားတဲ့ အဖေ့အတွက်
ပဉ္ဖလက်တွေ မတတ်တဲ့ ၊ အညာတရလက်နဲ့
ကာရံ နဘေမမျှ ၊ မလှပတဲ့ ကဗျာတစ်ပုဒ်
အချစ်တွေ ရင်မှာပိုက်ရင်း
ရေးဖွဲ့ဖို့ ကြိုးစားမိခဲ့ပြီ အဖေ...........။
အဖေ့ကောင်းချီး ၊ထိန်းထိန်ငြီးကို
ရင်ထဲက စေတနာ သဒ္ဒါပိုနဲ့ ၊ ဖွင့်ဆိုချင်ခဲ့ပေမဲ့
မှင်ရည်ကျဲတဲ့ ၊ သမီးလက်ရာ
ညံ့ခဲ့ပါလျှင် ၊ခွင့်လွတ်ပြုံးနဲ့
နားလည်ပေးပါ အဖေ..........။
ရှေ့နေဦးဖာ ၊ဒေါ်စုမှာ
ထွန်းတောက်ကြယ်ကို မွေးဖွားလာ
ငယ်အမည်မှာ မောင်ထိန်လင်း
မြန်ပြည်ကြီးတွင် သူသက်ဆင်း............။
နမိတ်မကောင်းတဲ့ (၁၃) ၊ သူကသုံးလို့
မြန်မာလွပ်လပ်ရေး ၊ ရတက်အေးအောင်
ကိုယ်ကျိုးမငှဲ့ ပြည်ကြီးအလင်းရောင် ဖန်တီးခဲ့သူ ...........။
အပုတ်ကောင်ကို ရုပ်ကဆောင်သူတွေကြားထဲ
လောဘရမ္မက် ၊ အမှိုက်ဖက်ကြောင့်
ရုပ်ခန္ဓာချုပ်ငြိမ်း ၊ဇီဝိန်တိမ်းသွားသော်ငြား
သားနှင့်သမီး မြေးမြစ်တို့ရင်မှာ ၊
ထာဝစဉ် ရှင်သန်နေတဲ့ အဖေ..........။
အဖေ................
ကမ္ဘာမြေပုံ တစ်နေရာမှာ
ဟောဒီ မြန်ပြည်ကြီး တည်နေသရွေ့
လူတိုင်းရင်မှာ အဖေရှင်သန်နေမြဲပါ......။
အဖေ့သတင်း ဘယ်သူတွေဖုံးဖုံး
ပတ္တမြားမှန်ရင် နွံမနှစ်ဆိုတဲ့ ဆိုရိုး
အဖေဆောင်ကာ သက်သေပြလို့
တစ်ကြိမ်သာ သေတဲ့ လူ့ဘဝမှာ
မပါဝင်သူ အဖေ...........။
သူရဲကောင်း တစ်ယောက်အတွက်
သေနေ့ ဆိုတာ ဘယ်ခါမရှိ
ထာဝစဉ် ရှင်သန်နေဆဲပါ.............။
၁၉၁၅ ဖေဖော်ဝါရီ (၁၃) မှ
အစပြုသည့် ၊ အဖေ့မွေးနေ့
ဟောဒီ ကမ္ဘာကြီး
ဆုံးသည့်တိုင်..............။

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်