Followers

Saturday 4 February 2012

ချစ်သူများနေ့ ရောက်တော့မယ်နော်......



ချစ်သူများနေ့ ရောက်တော့မယ်ဆိုပဲ.......။ချစ်သူရှိတဲ့ သူတွေကလဲ ရင်တဖိုဖို ထိုနေ့လေးရောက်ဖို့ကို စိတ်ကူးယဉ်မျှော်လင့်နေကြတယ်...။
ချစ်သူမရှိသေးသော ကိုကိုတွေ မောင်မောင်တွေက မိမိတစ်ဖက်သတ် ချစ်နေရတဲ့ မိန်းကလေးတွေကို ပန်းစီးလေးတွေပေး ရိုမန်တစ် ဆန်ဆန် ဖွင့်ပြောဖို့ အားယူနေကြပြီး..။
အိမ်က တစ်ချို့သော မိဘတွေကလဲ ကြိုတွေးကာ ရင်ပူစိတ်ပမ်းနေကြပြီ...။


စူပါးမားကက်တွေ ကုန်တိုက်ကြီးတွေမှာလဲ ချစ်သူများနေ့ကို ဖြတ်သန်းမည့် ချစ်သူတွေအတွက် လက်ဆောင်လှလှလေးတွေ ပြင်ဆင်ရောင်းချလို့..အကျီ င်္၊ဦးထုတ် ၊ဖိနပ်၊နာရီ ၊ပိုက်ဆံအိတ် စသည့်အသုံးအဆောင်ပစ္စည်းလေးတွေကိုလဲ ကိုလဲ ဆင်တူဖန်တီးရောင်းချလို့ ပန်းစီးတွေ ချော့ကလက်ဘူးတွေကလဲ အလျှံပယ် ရောင်းချကာ စီးပွားရေးဈေးကွက်ကို ချဲ့ထွင်နေကြလေရဲ့...။


ခေတ်ရေစီးကြောင်းနောက်လိုက်ရင်း ယဉ်ကျေးမှုတွေက တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရောယှက်လာလို့ မေချစ်တဲ့ နိုင်ငံလေးမှာလဲ Valetine Day ဆိုတဲ့ နေ့လေးကို အသိအမှတ်ပြု အထိမ်းအမှတ်ပွဲလေးတွေ ပြုလုပ်ရင်း ချစ်သူစုံတွဲများစွာ ဖြတ်သန်းလာကြပြီ...။


ကြည်နူးစရာပါ...။ ထိုနေ့လေးကို ထိတွေ့ခံစားနေကြသူများရော လက်ချင်းဆုပ်ကိုင်လို့ ချစ်ရည်ချစ်ဆိပ် အရည်ပျော်ဝင်နေတဲ့ မျက်ဝန်းအစုံတွေနှင့် ကြည်နူးမှုတွေ ပြည့်လျှံနေတဲ့ နှုတ်ခမ်းပါးပါးလေးထက်က အပြုံးတွေကို တွေ့မြင်ရသူ ဘေးပတ်ဝန်းကျင်ကပါ ရင်ဖိုပြုံးလေးတွေ စွဲထင်လောက်အောင် ခံစားရတဲ့ ကြည်နူးစရာမြင်ကွင်းလေးတွေပါ...။


ယခုလို ကြည်နူးမှုတွေလျှံနေတဲ့ ပတ်ဝန်းကျင်လေး ရှိနေသလို မျက်ရည်တွေ လျှံနေရတဲ့ အဖြစ်အပျက်တွေကလဲ ဒုနဲ့ဒေးပေါ့..။


ကြည်နူးမှုတွေနောက်က တိမ်းညွတ်မှုတစ်ချို့...။
ပျော်ရွှင်မှုနောက် ကောက်ကောက်ပါ လိုက်ရင်း အမှောင်ထဲ ရောက်ခဲ့တဲ့ ဘဝတစ်စိတ်တစ်ဒေသ..။
လက်ခံရရှိခဲ့တဲ့ လက်ဆောင်တစ်ချို့တစ်ဝက်နောက်က ပြန်ပေးလိုက်ရတဲ့ ဘဝ...။
ဆိတ်ငြိမ်ခြင်းတွေနောက်က ရှိုက်သံသဲ့သဲ့....။
ဘယ်သူတွေ ပြိုလို့ ဘယ်သူတွေ ငိုခဲ့ရသလဲ...........။


ဒီနေ့ ညီမလေးတစ်ယောက်က တိုးတိုးလေး လာတိုင်ပင်တယ်...။
မီးမီးမှာ ချစ်သူရှိပါတယ်..။ချစ်သက်တမ်းတစ်လမပြည့်သေးတဲ့ကာလတစ်ခုမှာ ချစ်သူများနေ့အတွက်  ဘဝနဲ့ရင်းပြီး တောင်းဆိုလာတဲ့ တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်...။သူ့ဆန္ဒကို ငြင်းခဲ့ပါတယ်..။ဒါပေမဲ့ မီးသူ့ကို အရမ်းချစ်တယ်..။ သူ့ကို ချစ်လဲချစ်တယ်..အဲ့လောက်ထိလဲ မပေးဆပ်ရဲဘူး..။ ဘာလုပ်ရမလဲဟင်..။


ဘာလုပ်ရမလဲဟင်တဲ့....။
ဒီနေရာမှာ တည်ငြိမ်ရင့်ကျက်နေသူ တစ်ယောက်အနေနဲ့ ဘာလုပ်သင့်လဲ ဆိုတာ သိနိုင်ပါတယ်..။ ဒါပေမဲ့ ခုမှ လောက ထဲကို ခြေလှမ်းစဝင်လာစ ..လောကကြီးရဲ့ မာယာတွေကို မသိသေးတဲ့ ဖြူစင်တဲ့ မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာပဲ သိပြီး သူ့နောက်က ကပ်ပါလာတဲ့ နတ်ဆိုးကိုမှ မမြင်နိုင်ခဲ့တာ...။


ကျွမ်းကျင်လှတဲ့ မျက်လှည့်ဆရာတွေရဲ့ လှည့်ကွက်အောက်မှာ ကျဆုံးရတော့မှာပေါ့...။ အစွမ်းရှိသလောက် ကယ်တင်ခဲ့ပေမဲ့ လွတ်ကျသွားခဲ့တဲ့ ဘဝတွေ ဘယ်လောက်များခဲ့ပြီလဲ...။


မိမိကိုယ်ကို ထိမ်းသိမ်းပါလို့ ပြောလိုက်တဲ့ စကားက တစ်ဖက်ထဲကို မဟုတ်ပါဘူးနော်...။
လူသားရယ်လို့ ဖြစ်လာရင် သူ့ပတ်ဝန်းကျင် ၊သူ့အသိုင်းဝိုင်းကြားမှာ ဂုဏ်၊သိက္ခာ ဆိုတဲ့ စည်းလေး ပိုင်းခြားထားရှိပြီးသားပါ...။
ဒီစည်းလေးကို အပွန်းပဲ့မခံပါနဲ့... အထိခိုက်မခိုက်ပါနဲ့...။
တားဆီးထားတဲ့ စည်းဝိုင်းထဲက ဘဝ ပြိုလဲ မခံစေပါနဲ့...။


ကိုကို ၊မောင်မောင်တွေ တောင်းလိုက်စမ်းပါ လက်ဆောင်လေးတွေ...။
ကြည်နူးစရာကောင်းတဲ့ အမှတ်တရနေ့တွေအတွက် ကဗျာဆန်ဆန် လက်ဆောင်လေးတွေ... အမှတ်တရ အချိန်ပိုင်းလေးတွေ...။


ခဏတာ သာယာဖို့ တစ်ဘဝစာ ရင်းလိုက်ရတဲ့ ဘဝတစ်ခု ပြိုလဲ ပျက်စီးဆုံးရှုံးမှုတွေက လွဲရင်ပေါ့ကွယ်...။ ရှိုက်သံကြားက ဘဝကို လွတ်မြောက်ခွင့် ပေးလိုက်ပါ...။


မေ့ညီမလေးတွေ ချစ်သူအတွက် အမှတ်တရလေးတွေ ဖန်တီးပေးလိုက်ပါ...။
တစ်သက်လုံး အမှတ်တရ သိမ်းထားနိုင်တဲ့ လက်ဆောင်လေးတွေ..တစ်စိမ့်စိမ့်တွေးတိုင်း တစ်သိမ့်သိမ့်ကြည်နူးနိုင်တဲ့ အမှတ်တရ စကားလုံးလေးတွေ...အမှတ်တရ တစ်နေ့တာ ပိုင်ဆိုင်ခဲ့တဲ့ အချိန်တွေ(ရှော့ပင်ထွက်တာမျိုး..တစ်နေရာရာလျှောက်လည်တာမျိုး)
မေ့ညီမတွေရဲ့ အနာဂတ်တစ်ခုအတွက် နုနယ်သိမ်မွေ့လှတဲ့ အပျိုစင်ဘဝ..မျက်ရည်တွေ စတေးခံပြီး မပေးပါနဲ့နော်.....။


တိုင်းတစ်ပါးက လာတဲ့ ယဉ်ကျေးမှုတစ်ခုကို တိုင်းတစ်ပါးက စရိုက်တွေနဲ့ မရောပြွန်းပါနဲ့ မေ့ညီမငယ်....။
ညီမငယ်ဟာ မြန်မာပြည်ဖွား ဖြူစင်သူလေးပါ.......။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း စရိုက်တွေ ဘယ်လိုရောယှက် မြန်မာဆိုတာ မြန်မာပါပဲ...။
သွေးထဲသားထဲမှာ မြန်မာဆိုတဲ့ စကားလုံး စီးဝင်နေဆဲပဲ..။
မြန်မာတစ်ယောက် ထိန်းသိမ်းစောင့်စည်းခြင်းတွေကို အမြဲထာဝရ ထိမ်းသိမ်းရမှာပဲ..။


ညီမလေးပျော်ပါ...။
ဒီလိုချိန်ခါနေ့ရက်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်ပါ ...။
ညီမလေးရင်ထဲ အဖြူရောင် နှလုံးသားထဲကပေါက်ဖွာလာတဲ့ အချစ်ရဲ့ စေစားမှုအောက်မှာ လွပ်လပ်စွာပျော်ပါ...။
အဖြူရောင် ဘဝလေးကို တစ်ခုကိုတော့ ထိမ်းသိမ်းမြဲ ထိန်းသိမ်းထားလိုက်ပါ...။




ချစ်သူများနေ့ရောက်တော့မယ်နော်........။
အသိ၊သတိ တွေ ကပ်ရင် အပျော်လွန်တဲ့ နေ့ရက်လေးတွေ အဖြစ်မကုန်ဆုံးစေနဲ့နော်........။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






4 comments:

  1. တိုင်းတစ်ပါးက လာတဲ့ ယဉ်ကျေးမှုတစ်ခုကို တိုင်းတစ်ပါးက စရိုက်တွေနဲ့ မရောပြွန်းပါနဲ့ မေ့ညီမငယ်....။
    ညီမငယ်ဟာ မြန်မာပြည်ဖွား ဖြူစင်သူလေးပါ.......။
    ခေတ်တွေ ဘယ်လိုပြောင်းပြောင်း စရိုက်တွေ ဘယ်လိုရောယှက် မြန်မာဆိုတာ မြန်မာပါပဲ...။
    သွေးထဲသားထဲမှာ မြန်မာဆိုတဲ့ စကားလုံး စီးဝင်နေဆဲပဲ..။
    မြန်မာတစ်ယောက် ထိန်းသိမ်းစောင့်စည်းခြင်းတွေကို အမြဲထာဝရ ထိမ်းသိမ်းရမှာပဲ..။

    သိပ်ကောင်းတဲ့စာသားလေးပါ မမေ...
    ကျွန်တော့်ညီမလေးတွေကိုပေးဖတ်ရမယ်...။

    ReplyDelete
  2. လာရောက်အားပေးမှုကို ကျေးဇူးကမ္ဘာနော်

    ReplyDelete
  3. မျက်စေ့လည်ပြီးရောက်လာတာ....... လည်ရကျိုးနပ်ပါတယ်
    ညီမအရင်းမရှိပေမဲ့ ညီမအရွယ် သူငယ်ချင်းတော့ရှိတယ်
    ကျနော်ဖတ်ခဲ့သမျှပြောပြရမယ်....
    button လေးတခုယူသွားသေးတယ်နော်.......
    ကျေးဇူးလဲတင်ပါတယ်.....

    ReplyDelete
  4. cupid ဆီကိုလဲ မေရောက်သွားခဲ့တယ်နော်..နောက်ခံ လေးကို ကြိုက်တယ်..။
    စာတွေရေးထားတာတော့ တစ်ပုဒ်မှ မရှိသေးလို့ ကွန်မန့်မပေးခဲ့ရဘူး

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်