Followers

Tuesday 3 December 2013

ထိုင်းစတိုင် ဝက်သားနှင့်မှိုထမင်းကြော်

ဒီနေ့ မေသဇင်ရဲ့ ချက်ကြမယ်ဟေ့ကောင်းကောင်း အစီအစဉ်မှာ ထိုင်းစတိုင် ဝက်သားနှင့် မှိုထမင်းကြော် ကြော်စားကြမယ်နော်။


ပါဝင်သော ပစ္စည်းများ



၁။ ဝက်သား (၁၀)ကျပ်သား
၂။ ကြက်သွန်ဖြူ (၃) မွှာ
၃။ ကြက်ဥ (၂) လုံး
၎။ခရမ်းချဉ်သီး အလုံးကြီး (၁)လုံး
၅။ ထန်းလျက်ခဲ (၁) လုံး
၆။ ငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း
၇။ Oyster mushrooms ဟုခေါ်သည့် ခရုပုံသဏ္ဍန်အရိုးရှည်မှို
၈။ပုစွန် (၁၀) ကောင်ခန့်
၉။ ဆန်( ၂) ဗူးချက်ခန့် ထမင်းဖြူ
၁၀။ ထမင်းကြော်ရန် ဆီအနည်းငယ်
၁၁။ ကြက်သွန်မြိတ် (၃)ပင်ခန့်
၁၂။ နံနံပင်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ မီးဖိုပေါ်အိုးတင်ကာ ဆီပူအောင်ထားပြီး ဝက်သားနှင့်ကြက်သွန်ဖြူကို သုံးမိနစ်မျှကြော်ပေးလိုက်ပါ။ ထို့နောက်ပုစွန်ထည့်ကာ ကြော်ပေးလိုက်ပါ။

၂။ ပုစွန်များအနီရောင်သန်းစပြုလာသည်နှင့် ကြက်ဥဖောက်ထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။


၃။ ပြီးနောက် ထမင်းအဖြူကို ထည့်နိုင်ပါပြီ။ ထမင်းထည့်ပြီး အသားနှင့် ထမင်း နှံ့စပ်အောင် တစ်ချက်၊နှစ်ချက်မျှမွှေပေးပြီးရင် ငံပြာရည်နှင့် ထန်းလျက်ခဲကို ထည့်ကာ အနည်းငယ်ကြော်ပေးလိုက်ပါ။

၎။ ထို့နောက် မှိုနှင့် ခရမ်းချဉ်သီးထည့်ကာ နှံ့စပ်အောင် တစ်ချက်၊ နှစ်ချက်မျှမွှေ ပြီး မီးဖိုပေါ်မှ ဖယ်ရှားကာ အသင့်လှီးထားသော ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်၍ အနည်းငယ်မျှ မွှေပေးလိုက်ပါ။


အသင့်စားသုံးနိုင်ပြီးဖြစ်သည့် ကြက်သားနှင့် မှိုထမင်းကြော်




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥   မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်