မေ့ရဲ့ခရီးစဉ်ကာလမို့  တွေ့ ဆုံပွဲ ဓာတ်ပုံတွေကို ချက်ချင်း မတင်ပေးဖြစ်ခဲ့ပါဘူး........။
တွေ့ဆုံပွဲ ပြုလုပ်နေစဉ် ဗီဒီယိုရိုက်ပြီး ချစ်သူမြို့ တော်စာမျက်နှာမှာ တစ်ချိန်ထဲတပြိုင်နက် လွင့်တင်ပေးမယ်လို့  မေ စီစဉ်ထားခဲ့ပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့တာမို့ ဝမ်းနည်းပါတယ်ရှင်...။
မလေးရှားနိုင်ငံဆိုတာ ကိုယ့်မြေ ၊ကိုယ်ကျွမ်းကျင်ရာ မြေမဟုတ်သည်ကြောင့် တွေ့ဆုံပွဲ ဖြစ်လာဖို့ မေတို့  အခက်ခဲများစွာ ကြုံခဲ့ပါတယ်......။ လိုအပ်ချက်တွေ များစွာလဲ ရှိနေခဲ့ပါတယ်........။ အလုပ်တွေ မအားလပ်သည့်ကြားမှ ရောက်ရှိလာပေးတဲ့ မန်ဘာများအားလုံးကိုလဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ရှင်............။
မေ့ကို မထသ အနိုင်ကျင့်တယ်...............။ ချစ်သူမြို့တော်မှ အက်ဒ်မင်တွေပါ...။ မသာထမြင်းကျား(ခိ ဟုတ်ဘူး) မထသမင်းသာ၊ မေ့အနောက်က ကောလိပ်ဂျင်နေဝင်းစတိုင်နဲ့ က ကျော်သူပြောင်(ရှိတာတွေ ပြောင်ပြီ)၊ အနီးရောင်လေးနဲ့  ကိုကိုက သူ့ ကိုယ်သူ ခန့်ချောလို့ပြောတဲ့ အီမိုကိုကိုခန့် (ခေါ်) ခန့်ချောလေးပါ....။
မေတို့ တွေ ကိုယ့်နာမည်ကိုယ် မိတ်ဆက်ရင်းနဲ့  စားသောက်ပွဲကို စဖို့  တစ်ဦးချင်း မိတ်ဆက်နေကြတယ်လေ......။
ပုံလေးတွေ မကြည့်ရသေးခင် မေ ကြိုပြောထားတယ်နော်..။ မျက်နှာများတဲ့ မေ ဟုတ်ဘူး...။ အထူးဧည့်သည်တော် မေနှင့် မလေးရှားရောက် မန်ဘာ မောင်နှမများအားလုံးအတွက် အမှတ်တရ.........။
ယမ်ယမ်ချည်စပ်နှင့်မေ
မင်းဆက်ဆက်ရွ..အယ်လေ မွားလို့  ခိခိ စိတ်ဆိုးရဝူးနော်..ချစ်လို့ စတာ..။ မင်းဆက်ဆက်ခနှင့်မေ
ဥာဏ်လင်းဦးနှင့်မေ...။
ဂျပ်ပစီတေလေ...နာမည်လေးကြားယုံနဲ့  လန့်နေပြီတော်ရေ.........။
သူက ဘူလဲဟင်...။
ပျော်ပျော်ပါးပါး တွေ့ကြရအောင်.........။
ဧည့်ဝတ်ကျေတဲ့ ကျော်သူမကို ပညာပေးတာ..။ ပြီးတော့မှ ဘယ်လောက်ဧည့်ဝတ်ကျေတဲ့အကြောင်း အားလုံးသိအောင်ပြောပြမယ်..။
အော် မေအတော်လေး ပုတာပဲ..။အဟိ..
တောသူမနဲ့  တောသားလေး...။
သူ့ ကို ကောက်မလေးထင်ပြီး ချက်ဘောက်မှာဝိုင်းကြူခံနေရလို့  စိတ်ညစ်နေတယ်ဆိုတဲ့ လင်းလင်း(ပန့်သခင်)
အဟမ်း အဟမ်း..အန်တီသိမ့်ရေ... မေက လက်ဦးသွားလို့  မေ့ကို မချစ်ပဲ မနေနဲ့နော်...။ မျက်စောင်းတွေ ကြိတ်ပြီး ထိုးမနေနဲ့..။
သိပြီးသားမို့ ဘယ်သူလဲလို့  ပြောတော့ဘူး..။
ကိုယ့်နာမည် ကိုယ်လာရေး..။ မေ နာမည်နဲ့  လူကြီး မှားနေပြီ..။ ဆောရီး
တောသားလေးပါခင်ည...။
အနော်ကတော့ ကိုအောင်မြင့်သိန်းပါ
စောင်းတဲ့ တစ်စောင်းထဲရှိတယ်..။
အဟိ မေ့ နာမည်မှတ်မှားနေပြီးး. လူနဲ့နာမည် လွှဲတွားရင်ကောင်ဘူး..ကိုယ့်နာမည် ကိုယ် လာပြန်ပေး..။
ကျွန်တော် ငတ်နေတာကြာပြီဗျာ..။ ခုလို လာရောက်ကျွေးမွေးတာကို ကျေးဇူးပါဗျာ..နောက်ထပ်လဲ သနားကြပါဗျာလို့  ပြောတဲ့ဘယ်သူလဲ......။ သိကြတယ်ဟုတ်.....။ မထသမြင်းကျား (ခေါ်) ကိုရွှေချော လူညာ
မေသဇင် စိတ်တိုရင် တူကိုတောင် မချန်ဝါးစားတာနော်...။ အဲ့နေ့ က နောက်အကျဆုံးရောက်လာတဲ့ ပုကိုယ်ကြီးကို စိတ်တိုတယ်..။ ပုဂ္ဂိုလ်ဟုတ်ဘူး..ပုကိုယ်..။
မိခန့်ချော သွားကြေညာနေသည်...။ သွားရောင်မည်...။ရှိသမျှ သွား ၃၂ ချောင်း ဖြုတ်သွားလို့ရပါကြောင်း ....။
Klcc မှာ ဓားညဝင်တိုက်ဖို့  လူစုနေတဲ့ ဆိတ်မ(ခေါ်) ကိုငြိမ်း.....။
ခန့်ချောလေးရဲ့ ဘီယာဗိုက်ပြ မော်ဒယ်ရှိုး
ဘာလာလာ ကြူမှာပဲဆိုတဲ့ ကြူသူအောင်..မိန်းကလေးတွေ တစ်ယောက်မှ မလာလို့ တွေ့ရာလူကို ကောက်ကြူနေတာလေ.။
မေ့မရတဲ့ အမှတ်တရ KLCC
တွေ့ဆုံပွဲလေးမှာ မန်ဘာတွေအားလုံး မောင်နှမတွေလို ရင်းနှီးချစ်ခင် လာကြပါတယ်..။ ပထမ အကြိမ်မို့ အားနည်းချက်တွေ ရှိခဲ့ပါတယ်..။ နောင်လာမဲ့ တွေ့ဆုံပွဲမှာ ဒီထက်မက ပိုပြီးပျော်ရွှင်စရာကောင်းအောင် စီစဉ်ပေးပါ့မယ်နော်..။ လိုအပ်ချက်တစ်ချို့ကို ခွင့်လွတ်နားလည်ပေးကြပါ..။
နောက်အကျဆုံး ရောက်လာတဲ့ Creator ကြီးကို နည်းနည်းလေး မုန်းချင်တယ်...။
ချစ်သူမြို့တော်ရဲ့ ရှေ့ဆက်ရမည့်ပရဟိတ လုပ်ငန်းစဉ်အတွက် ဆွေးနွေးတိုင်ပင်ကြတယ်...။
ချစ်သူမြို့တော်က မန်ဘာတွေရဲ့ အမြင်များနှင့် အကြံဥာဏ်ကို လက်ခံယူပြီးဆွေးနွေးကြတယ်..။
Chat Roomထဲက အခက်အခဲနှင့် ပြသနာများကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲလို့ နည်းလမ်းရှာခဲ့ကြတယ်..။
ရှေ့ဆက်သွားမည့် ချစ်သူမြို့တော်ရဲ့  ခရီးစဉ် တစ်ချို့ကို မျှဝေခဲ့တယ်..။
အားလုံး အပြီးမှာတော့ ပျော်ရွှင်စွာပဲ လမ်းခွဲခဲ့ကြပါတယ်ရှင်..........။
ဒီပွဲမှာ မန်ဘာတစ်ချို့ရောက်ခဲ့ကြပေမယ့် တွေ့ဆုံပွဲရှိရာ ရှာမတွေ့လို့  မရောက်လာခဲ့ရဘူးလို့ ပြောပါတယ်..။
မန်ဘာတွေ ရှာရလွယ်အောင် မေတို့  အလွယ်ကူဆုံး ရှာလို့ ရတဲ့ ရေကန်ကြီးဘေးမှာ တွေ့ဆုံပွဲလေး ပြုလုပ်ကျင်းပပြီး ရောက်လာသူများကို ဘတ်စ်ကားဂိတ်မှ တွေ့ဆုံပွဲနေရာသို့ ကြိုဆိုပေးပါတယ်..။ နံနက်၁၀နာရီမှာ စတဲ့ပွဲကို မန်ဘာတွေကိုစောင့်ရင်း ညနေ ၄ နာရီထိ ရှိနေခဲ့ပါတယ်..။
တွေ့ဆုံပွအြတွက် ပေးထားတဲ့ မထသ ဖုန်းနံပတ်က ဖုန်းဘတ္တရီ ကုန်သွားလို့  ခေတ္တခဏ ခေါ်လို့မရခဲ့ပေမဲ့ မင်းဆက်ဆက်ခရဲ့ ဖုန်းထဲ လဲလှယ်ထည့်ပြီး မန်ဘာတွေရဲ့ အဆက်အသွယ်ကို ရယူခဲ့ပါတယ်ရှင်..။
နှုတ်ဆက်ခဲ့ပါတယ် KLCC
တွေ့ဆုံပွဲ သတင်းလေးကို မန်ဘာများအားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ရှင်........။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
အားကျပါဘိ.. မမေ.. စိတ်သွားတိုင်းကိုယ်ပါသူပါတကား...
ReplyDeleteပျော်စရာကြီးပဲပေါ့နော်.......
ReplyDeleteပျော်စရာကြီးနော်
ReplyDeleteမရောက်ဖြစ်ခဲ့ဘူး.....နောက်နှစ်တွေတွေ့တာပေါ့နော်....ပျော်စရကြီးနေမှာပေါ့နော်.....မင်းညီ မက မျောက်ကကို ကွေးနေအောင်ကနေတာပဲ....ဟိ..ဟိ...
ReplyDelete