Followers

Wednesday 25 January 2012

အသဲကွဲတာ ကုစားလို့ ရပါတယ်........

ခု ခေတ်ကလေးတွေဟာ အရွယ်နဲ့  မလိုက်အောင်အပြောအဆို အမူအယာတွေ တတ်တယ် ဥာဏ်ထက်လှတယ်ဆိုတာတော့ တွေ့ ကြုံ ဆုံဖူးကြမှာပါပဲ....။



ဒီနေ့  မေ (၄) နှစ်သားလေး တစ်ယောက်နဲ့  စကားပြောခဲ့တယ်...။ မိတ်ဆွေ တစ်ဦးရဲ့ ကလေးပါ...။ အဲ့ဒီ ကလေးက ငယ်ငယ်လေးထဲကနေ(စကားပြောတတ်စ ကတည်းကနေ)  သူတစ်ခုခု တောင်းဆိုလို့ မရတိုင်း ၊ လိုချင်တာ မရတိုင်း လူကြီးတစ်ယောက်လို လေသံမျိုးနဲ့  စကားတစ်ခွန်းပြောလေ့ရှိတယ်..........။



 You break my heart  !!



သူ အဲ့လို ပြောတိုင်း ရယ်မောမိပါတယ်...။



ဒီနေ့  သူက မေ့ဆီလာရင်း မေနဲ့  စကားပြောဖြစ်နေရင်း သူ့ ကို နောက်ချင်စိတ်ပေါ်လာတာနဲ့  သူ့ ကို နောက်လိုက်တယ်..။


“ ဇက် ငါ့အသဲကို မခွဲနဲ့  ..ငါ့အသဲက တစ်ကြိမ်ကွဲထားပြီးပြီ..”


သူ့ က မေ့မျက်နှာကို မော့ကြည့်ရင်း


“တစ်ကြိမ်ထဲလား ..တစ်ကယ်ပဲ တစ်ကြိမ်ထဲလား..ငါဆို အကြိမ်များစွာကွဲထားခဲ့ဖူးတယ် ... မာမီနဲ့  ဒက်ဒီက လိုချင်တိုင်း မပေးလို့  ငါ့အသဲ ခဏခဏ ကွဲခဲ့ရတယ်..”


လူကြီး တစ်ယောက်လို ပြောနေတဲ့ သူ့ ကို သဘောကျပြီး ရယ်ချင်မိခဲ့ပေမဲ့ စကားပြောစရာ အဖော်ကလဲ မရှိတော့ ကလေးကိုပဲ ပေါက်ကရ ပြောနေမိတယ်...။


“ဒါဆို နင် အတော်လေး နာကျင်နေမှာပဲနော်”


“ကိစ္စမရှိပါဘူး..။ အသဲကွဲတာ နင့်ခန္ဓာက ပြန်ကုစားပေးလို့ ရတာပဲ..နင့်ကိုယ်ထဲက သွေးတွေက ပြန်ဖြည့်ဆည်းပေးလိမ့်မယ်..အဲ့ဒီအတွက် အားရှိဖို့ ပဲ လိုတယ်လေ.. အားရှိအောင် အစားများများစားရမယ် ..ဝလင်အောင် အိပ်ရမယ်..ဒါဆို နင့်အသဲကွဲတာ ခဏလေးနဲ့  ပျောက်လိမ့်မယ်”



“ဇက် !!!! ”



မေ ဘာမှ ဆက်မပြောနိုင်တော့ပါ.. ကလေးမျက်နှာကိုသာ တွေးတွေးလေး ငေးကြည့်နေမိတယ်..။
သူက ကလေးပါ..။ ကလေးအတွေးနဲ့  ပြောသွားတာပါ..။ သူ အသဲကွဲတယ် ဆိုတာလဲ သူလိုချင်တဲ့ အရုပ်တွေ မရတိုင်း ၊ သွားချင်တာ မသွားရတိုင်း ပြောနေကျ စကားလုံးလေးပါ..။



ဒါပေမဲ့ သူ့ စကားထဲမှာ မှတ်သားသွားစရာတွေ အများကြီးပဲ...။

ဟုတ်တယ် ..အသဲကွဲတယ် .. ခံစားမှုတစ်ခုအတွက် နာကျင်နေရတယ်ဆိုတာ ခံစားမှု တစ်ခုပါ ..။ ဒီနာကျင်မှုတွေကို ဒီခန္ဓာက ပြန်လည်ကုစား နိုင်မှာပါ..။ လူတိုင်း ကြုံလာခဲ့ရမှာပါ..။


ကြုံလာတိုင်းကို ကျော်ဖြတ်နိုင်ဖို့  ခွန်အားတစ်ခုတော့ ကောင်းစွာလိုတာပေါ့..။


ခန္ဓာ အတွက် ခွန်အား ၊ စိတ်ဓာတ်ခွန်အား.. ။
ဒီခွန်အားတွေ ပြည့်နေရင် သင် အရာရာကို ကျော်ဖြတ်နိုင်ပါပြီး...။
ဒီခွန်အားတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ကိုတော့ သင် ကိုယ်တိုင် ကြိုးစား ယူရလိမ့်မယ်နော်

သူနဲ့  ပြောဖြစ်တာလေးကို မြန်မာလို ပြန်လာရေးသားထားတာပါ

မေနဲ့ စကားပြောဖြစ်ခဲ့တဲ့ (၄) နှစ်သားလေး Zack ရဲ ပုံလေး


 Love you Zack


 .... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



2 comments:

  1. အသည်းကွဲလို့ သေမယ်ဆိုရင် မောင်လင်းသစ်တို့ အသက်အပိုတွေ အတော်ကိုလိုမှာပဲ မမေရေ..ဟီးးးး။။
    တကယ့်တကယ်ကျတော့လည်း ဘယ်လောက်ချစ်တဲ့သူတွေပဲဖြစ်ပါစေ သူနဲ့ဝေးရလို့ ကိုယ်မသေရဲသလို၊ ကိုယ်နဲ့ဝေးရလို့လည်း သူမသေရဲ ပါဘူးလေ။။ တကယ်တော့ ယုံတမ်းစကားတွေပါ..။။။
    ဆိုကရေးတီးရဲ့ ဆုံးမစာလေးကို ပြန်ဖတ်ကြည့်လိုက်ပါမမေရေ..။။။

    ReplyDelete
  2. အဟီးးးးးးး မောင်လင်းသစ်တို့ အသံတွေ အပိုများစွာ ပါလာတာကိုး
    မေလဲ အသဲကွဲလို့ သေပါဘူး
    သေစရာလား
    သေဖို့မှ မထိုက်တန်တာ
    ဟုတ်ဘူးလားနော်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်