တစ်ခါတစ်ရံတော့ သူမအပေါ်ရက်စက်လွန်းတဲ့
ကံကြမ္မာအပေါ် သူမ အပြစ်တင်ရိုးမယ်ဖွဲ့ ချင်ခဲ့သည်...။ အထူးသဖြစ် ငယ်ရွယ်စဉ်က
ရွယ်တူ သူငယ်ချင်းများကဲ့သို့  စိတ်သွားတိုင်း ကိုယ်ပါကစားခွင့်မရသည့်
အခါမျိုး ၊ အရွယ်ရောက်လာတော့လဲ သူများတကာလို သွားလာခွင့်မရတဲ့
အခါမျိုးတွေတိုင်း ကိုယ့်ဘဝကို မကျေနပ်မိခဲ့..........။
ဘာကြောင့်များ ဘယ်လိုအကြောင်းကြောင့်များ သူမ
ဒီလို ဝေဒနာကို ခံစားနေရတာပါလိမ့်...။
ဝဋ်ကြွေးတွေကြောင့်များလား..........။ မပြည့်စုံတဲ့ သူမဘဝလေးကြောင့်
စိတ်အားငယ်ခြင်းတွေက အချိန်ပြည့် နေရာယူထားပြီး သိမ်ငယ်စိတ်ကို
အဖော်ပြုရင်း သူမ၏ ဘဝကို ဖြတ်သန်းလာခဲ့သည်...။
သူမ သိတတ်စအရွယ်ကတည်းကနေ သူမမှာ
အခြားကလေးတွေလို လှုပ်ရှားသွားလာခွင့် မရရှိခဲ့............။ သူမမှာ
ခန္ဓာကိုယ်နှင့် မလိုက်ဖက်လှသည့် သေးငယ်ပိန်လှီနေသော ခြေထောက်တစ်စုံကို
ပိုင်ဆိုင်ခဲ့သည်...။ ပတ်ဝန်းကျင်က ကြည့်ကြသည့် သနားစရာ အကြည့်နှင့်
ခေါ်ဝေါ်ကြသည့် ဂရုဏာသံနှင့် အခေါ်အဝေါ် ခန္ဓာကိုယ်အောက်ပိုင်းသေနေသည့်
ကောင်မလေး...။
သူမပိုင်ဆိုင်သည့် ထိုခြေထောက်တွေနှင့် သူမ
တည့်မတ်အောင် မရပ်တည်နိင်ခဲ့....။ ချိုင်းထောက်အကူအညီမပါပဲ သူမ
လမ်းမလျှောက်နိုင်ခဲ့ ...။ ရွယ်တူသူငယ်ချင်းတွေလို တစ်ယောက်ထဲ ကျောင်းသို့ 
သူမ မသွားနိုင်ခဲ့...။ သူမအတွက် အကူအညီ အဖော်တစ်ဦး အမြဲလိုအပ်နေခဲ့သည်..။
သူမ၏ဘဝကို သူမ မကျေနပ်ခဲ့ပါ...။ သူမသည်လဲ အခြားသူများကဲ့သို
့သွားလာလှုပ်ရှားချင်ခဲ့ပါသည်...။
ရွယ်တူ သူငယ်ချင်းတွေ၏ “ငချိမ” ဟု နောက်ပြောင်ခေါ်ဝေါ်မှုအပေါ် သူမရှက်ရွံ့ ခဲ့ပါသည်...။
“ငချိမ နင်က ငါတို့ နဲ့  ကစားချင်လို့ လား”
“ငချိမ နင်ကစားလို့ ရတာလဲ မဟုတ်ပဲနဲ့  မကစားနဲ့ ..နင်ထိုင်နေရတဲ့ အတူတူ ငါ့ကို အိမ်စာဝိုင်းကူလုပ်ထားပေး..”
အတန်းဖော်သူငယ်ချင်းများရဲ့  သူမအပေါ်
ပြောဆိုဆက်ဆံမှုတွေ ကြုံရတိုင်း သူမ အားငယ်ခဲ့သည်...။ သူတို့ တွေနှင့်
ကစားခွင့်မရခဲ့သည့်အခါတိုင်း ဝမ်းနည်းခဲ့ပါသည်...။ သူမ၏
စိတ်အားငယ်မှုတွေကို ဖြေသိမ့်ပေးသောအရာတွေကတော့ စာအုပ်တွေပဲပေါ့...။ သူမရဲ့ 
အားလပ်ချိန်တိုင်းမှာ အများသူငှာလို ကစားခွင့်မရလေတိုင်း သူမ
စာအုပ်ဖတ်ချင်းဖြစ်သာ သူမ၏ အချိန်တွေကို
ကုန်ဆုံးစေခဲ့သည်...။ထိုစာအုပ်တွေကသာ သူမ၏ဘဝအတွက် ခွန်အားဖြစ်စေပြီး
မဝံ့မရဲ အားငယ်တတ်သည့်သူမ စိတ်ဓာတ်ခွန်အားတစ်ချို့ နှင့် ရရှိထားသည့် ဘဝကို
ရင်ဆိုင်ရန် သူမရဲ ရင့်လာခဲ့သည်...။
အွန်လိုင်းဆားဗစ်ဝန်ဆောင်မှုကုမ္မဏီတစ်ခုမှာ
အလုပ်လုပ်ရင်း သူမရဲ့  ဘဝကို ဖြတ်သန်းလာခဲံသည်..။ သူမအလုပ်ရခဲ့သည့် နေ့ က
ဖြစ်ပေါ်လာသည့် ကြည့်နူးမှုက ဘယ်အရာနှင့်မျှမလဲနိုင်ခဲ့ပါ..။
သူမအတွက်ပထမဆုံးအလုပ်.. သူမရဲ့  အောင်မြင်မှု.. သူမရဲ့ 
ကြိုးစားအားထုတ်မှု..။ ထိုအလုပ်ကြောင့်ပဲ သူမကိုယ်သူမ
ယုံကြည်မှုတွေပိုတိုးလားခဲ့သည်..။
အင်တာနက်ကို အသုံးပြုရင် လုပ်နေရသည့်
အလုပ်တစ်ခုကြောင့် သူမ အွန်လိုင်းထဲမှ လူပေါင်းများစွာကိုကြုံတွေ
့ခဲ့ရသည်..။ ထိုထဲမှ သူငယ်ချင်းပေါင်းများစွာကို သူမရရှိခဲ့သည်..။
ထိုသူငယ်ချင်းများနှင့် ပြောဆိုရလေတိုင်း သူမရဲ့  စိတ်တွေ
လွပ်လပ်ပေါ့ပါးခဲ့ပါ၏...။သူမ၏ လက်ရှိအခြေအနေကို သူတို့ တွေမှ
မမြင်ရတာပဲ...။ထို့ ကြောင့် အားငယ်စိတ်တို့ မဖြစ်ခဲ့ပါ..။ ထိုအရာက
သူမအထင်သာ....
အွန်လိုင်းသူငယ်ချင်းတွေထဲမှ“ မိုးညို”
ဆိုသည့် သူနှင့်ဆုံတွေ့ ခွင့် မရချိန်ထိပေါ့.........။ မိုးညိုဆိုသည့်
ကောင်ကလေးနှင့် နေ့ စဉ်အွန်လိုင်းထဲမှာ ဆုံတွေ့ ကြရင်း စကားတွေ ပြောကြရင်း
ရင်းနှီးမှုတွေက တစ်ရစ်ပြီးတစ်ရစ် ပိုးတိုးလာလျှက်..........
သူမ မိုးညိုကို ချစ်မိနေပြီးဆိုတာ
သိလိုက်ရချိန်မှာ သူမအရမ်းကိုတုန်လှုပ်ခဲ့မိပါသည်...။ မချစ်သင့်... သူမလို
ဒုက္ခိတ တစ်ယောက်က လူတစ်ယောက်ကို ဘယ်လိုမှ မချစ်သင့်..။ သူမအတွက်
လူတစ်ယောက်ကို ချစ်မိတာဟာ သူမချစ်သော ထိုသုကို ဒုက္ခတွေ
ပေးနေတာနှင့်အတူတူပါပဲ...။ သူမကိုယ် သူမမှ မရပ်တည်နိုင်ခဲ့တာပဲ...။ သူမရဲ့ 
တွေဝေမှုတွေကို ဆွဲငင်ခေါ်ဆောင်ခဲ့သူကတော့ မိုးညိုကိုယ်တိုင်ပါပဲ...။
“ကြွေကိုချစ်တယ်”
ဆိုတဲ့ စာတမ်းလေးကို လေလှိုင်းကြားက ပို
့သနေတဲ့ မိုးညိုကြောင့် သူမ ဆန္ဒကို ခဏတာလောက် ကြည်နူးခွင့်ပေးပြစေ...။
အပြင်မှာတွေ့ ဆုံခြင်းမရှိတဲ့ အွန်လိုင်းချစ်သူဘဝနဲ့  မိုးညိုကို
မြတ်မြတ်နိုးနိုးချစ်ပြစေ...။ ခဏတာ ဖြစ်ဖြစ်ပါ..။ မိုးညိုကို
ချစ်နေခွင့်ရခဲ့တယ်ဆိုရင်ပဲ သူမ ကျေနပ်ပါပြီ...။
“မိုးညို ကြွေမှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုရှိနေခဲ့တယ်”
“ပြောလေကြွေ”
“ကြွေလဲ မိုးညိုရဲ့  ချစ်သူ ဖြစ်ချင်တယ်..မိုးညိုရဲ့  ချစ်သူအဖြစ် ခဏတာ ဖြစ်ဖြစ် ရပ်တည်ချင်တယ်”
“မဟုတ်ဘူးကြွေ..မိုးညိုက ကြွေကို ခဏတာအတွက်
အွန်လိုင်းဇာတ်လမ်း လုပ်နေခဲ့တာ မဟုတ်ပါဘူး..ကြွေ့ ကို
အမှန်တကယ်ချစ်ခဲ့တာပါ..ရိုးသားအေးဆေးတဲ့ ကြွေ့ ကို မိုးညို အမှန်စင်စစ်
ချစ်ခဲ့တာပါ ကြွေ“
မိုးညိုရဲ့  စကားအောက်မှာ
သူမငြိမ်သက်နေမိသည်..။ သူမ အမှန်တကယ်ရိုးသားခဲ့သူလား..။ သူမ၏
ခန္ဒာကိုယ်မသန်စွမ်းမှုကို ခုချိန်ထိ သူမ ဖွင့်မပြောခဲ့ရသေး.........။
မိုးညိုသာ သိသွားခဲ့လျှင်............................။
ထိုနေ့ ရောက်မှာကို သူမ ကြိုတွေးကာ
စိုးရိမ်ခဲ့ရသည်မှာ အကြိမ်ကြိမ်....။ ထိုနေ့ အတွက် သူမ
ရင်မဆိုင်ရဲခဲ့..........။ သူမ မိုးညိုကို
ချစ်နေခွင့်ရချင်နေသေးသည်............။ သို့ ပေမဲ့ ...သူမအကြောက်ရွံ
့ဆုံးစကားတစ်ခွန်းကို မိုးညိုသယ်ဆောင်လာခဲ့ပေပြီ....။
“ကြွေ ကိုယ်တို့ တွေ ချစ်သူဖြစ်နေတာလဲ လအတော်ကြာပြီ အပြင်မှာတွေ့ ကြရအောင်ကွာ”
“ဟင်အင်း ဟင်အင်း ကြွေ မိုးညိုကို မတွေ့ ချင်သေးဘူး”
“ကြွေ ကိုယ့်ကို မတွေ့ ချင်တာ ဘာကြောင့်လဲ ..ကြွေက ကိုယ့်ကို တစ်ကယ်မချစ်တာလား”
“မဟုတ်ပါဘူး မိုးညိုရယ်..ကြွေ မိုးညိုကို ချစ်ပါတယ်...အရမ်းချစ်ပါတယ်.ဒါပေမဲ့ တွေ့ လို့ မဖြစ်လို့ ပါမိုးညိုရယ်“
“ဘာကြောင့်လဲ ..ဘာကြောင့်လဲကြွေ...ကိုတို
့တွေ့ ကြမယ်လေ....လက်ထပ်ဖို့ တွေ တိုင်ပင်ကြမယ်..နက်ဖြန်ညနေ ကြွေနဲ့ 
ကိုယ်တွေ့ ကြမယ်..ကြွေလာခဲ့.. လာခဲ့ရမယ်နော်ကြွေ”
မိုးညိုရဲ့  “လာခဲ့ရမယ်နော်ကြွေ” ဆိုတဲ့
စကားအဆုံးမှာ သူမ ပြိုဆင်းသွားခဲ့ရသည်...။ သူမစိတ်တွေ ဆောက်တည်ရာမဲ့
တစ်စဆီလွင့်ပျံ့ သွားလေပြီ...။ ဒီချွတ်.ွင်းချက်နှင့် သူမ အကြိမ်ကြိမ်အခါခါ
သိမ်ငယ်ခဲ့ရသည်..။ ထိုသိမ်ငယ်မှုတွေထဲမှ ချစ်သူရှေ့ ကို ထွက်ပြရမည့် သူမရဲ
့ သိမ်ငယ်မှုကတော့ အဆိုးရွားဆုံး ဖြစ်နေမှာ အမှန်ပါ...။
သူမ မည်သို့ ဆုံးဖြတ်ရမည်နည်း....။
မိုးညိုကို သွားတွေ့ ရမည်လား..။ မတွေ့ ဘဲနေကာ ဒီဇာတ်လမ်းကို
အဆုံးသတ်လိုက်ရမည်လား ...။ အကယ်၍များ မိုးညိုဆီက ပြင်းထန်တဲ့စကားလုံးနှင့်
ထိုးနှက်ချက်တွေ ထွက်ရှိလာပါက သူမ မည်သို့ ရင်ဆိုင်ရမည်နည်း...။
တွေ့ မည် ၊ မတွေ့ မည်ကို ဆုံးဖြတ်ချက်တွေ
အကြိမ်ကြိမ်ချရင် ထိုညကတော့ သက်ပြင်းရှိုက် လူးလွန့် ရင်းနှင့်သာ
မိုးစင်စင်လင်းခဲ့ရသည်...။ ကွယ်ပျောက်သွားခဲ့သည့် အမှောင်ထုနှင့်
ထိုးဖောက်လာသည့်အလင်းတန်းတို့ ကြား မပီဝိုးးတဝါး ဆုံးဖြတ်ချက်တို့ ကို
ပီပြင်အောင် အကောင်အထည်ဖော်လိုက်ရင်း သူမ ဆုံးဖြတ်ချက်တစ်ခုကို
အခိုင်အမာချလိုက်သည်................။
သူမရဲ့  ဆုံးဖြတ်ချက်ကို
သူမအကောင်အထည်ဖော်မည်.........။ သူမရဲ့  သိမ်ငယ်စိတ်တွေကို
သူမအပြီးမောင်းထုတ်လိုက်ပြီး အနာဂတ်နေ့ သစ်တွေအတွက် လမ်းစ ရှာဖွေတော့မည်..။
တစ်စုံတစ်ယောက်ရဲ့  အဆုံးအဖြတ် နောက်မှာပေါ့............................။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ဒုတိယအကြိမ် အားပေးသွားတယ် မမေရေ။။။
ReplyDeleteအစ်မရေ ကျွန်တော် လာလည်သွားပါတယ် အစ်မ..။
ReplyDeleteBookmark ထားစရာဆိုက်တစ်ခု တိုးလာပြန်ပြီပေါ့...
လာရောက်ခဲ့ပါတယ်ရှင်
ReplyDeleteမျက်မှန်သမားဆိုတော့ဖတ်မရလို့စလက်လုပ်ပြီးဖတ်ခဲ့ရတယ်
နှစ်သစ်မှာပျော်ရွှင်မှုအောင်မြင်မှုတွေအပြည့်အ၀ရပါစေလို့