“ကို့ ကို ချစ်တယ်...................”
တိုးဖွဖွ
အိဏ်ခရဲ့  စကားအဆုံးမှာ အရောင်ဝင်းလက်ကာ ပြောင်းလဲသွားတဲ့ ကို့ ရဲ့ 
မျက်နှာက ရင်ထဲက ကြည်နူးမှုတစ်စုံတစ်ရာကို ထိုးဖောက်မြင်သာအောင်
မီးမောင်းထိုးပြလိုက်သယောင်.................။
“တကယ်နော်
အိဏ်ခ...........ကို့ ကို အိဏ်ခ ချစ်တယ်လို့  ပြောခဲ့တယ်နော်........။
ယုံတောင်မယုံနိုင်ပါဘူး အိဏ်ခရယ်.............. ကို အိပ်မက်မက်နေတာ
မဟုတ်ရပါဘူးနော်.......”
ကို
့ရဲ့  ဝမ်းသာလုံးဆို့ နေတဲ့ ကတုန်ကယင်အသံနှင့် ပြုံးရွှင်နေတဲ့ မျက်နှာကို
အိဏ်ခ စိုက်ခနဲ့  ခပ်စူးစူးလေးစိုက်ကြည့်ရင်း ထပ်ပြီး
ခေါင်းညိတ်ပြလိုက်သည်..........။ ကိုသာ
သေချာသတိထားမိမယ်ဆိုလျှင် အိဏ်ခ ရဲ့  နှုတ်ခမ်းတစ်စုံက အေးစက်စက်
အပြုံးတစ်ခု ခိုတွဲနေတာ ကို တွေ့ လိုက်မိမှာပါ.......။ ခုတော့ သူကလဲ သူ
့အပျော်နှင့်သူ့ မို့  သူမရဲ့  မျက်လုံးစိမ်းများနှင့် အေးစက်စက်
နှုတ်ခမ်းတစ်စုံကိုတောင် အမှုမထားနိုင်ခဲ့တော့ချေ.............။
တကယ်တော့ ကိုနှင့် သူမသည် ယခုမှ စတင်သိကျွမ်းခင်မင်လာကြသူတွေမဟုတ်......။ သူမတို
့ မိသားစု ကိုတို့ နေထိုင်သော လမ်းထဲသို့  ပြောင်းရွှေ့ လာသောအချိန်မှ
စတင်၍ဟု ဆိုနိုင်ပါသည်......။ အထက်တန်းကျောင်းသူအရွယ် သူမနှင့်ကိုမှာ
လပိုင်းမျှသာခြားသော ရွယ်တူတွေ...........။
ညီအစ်ကို နှစ်ယောက်ထဲသာရှိသော ကိုနှင့် သူ့ အစ်ကို ကျော်ဇင် ညီအစ်ကို နှစ်ယောက်လုံးက သူမကို အပြိုင်စိတ်ဝင်စားကြသည်.........။ လမ်းထဲကို
အသစ်ပြောင်းလာသည့် မျက်နှာသစ်လေးမို့  အဆန်းဖြစ်ပြီး
စိတ်ဝင်စားကြသူတွေများတာကတော့ အသစ်ကြိုက်သူ လူသားတွေရဲ့  ဓမ္မတာပင်......။
သို့ သော် ထိုထဲမှာမှ ဇွဲနပဲကြီးသော ကိုတို့  ညီအစ်ကိုကို
ပြန်လည်စိတ်ဝင်စားလာခဲ့မိသည်က သူမအတွက် အစမှားတဲ့ ခရီးလမ်းလား
မဆိုနိုင်ပါ...........။
ညီအစ်ကို
နှစ်ယောက်လုံး ဇွဲကြီးစွာ ပိုးပမ်းခဲ့မှုအပေါ်သူမ စံချိန်တစ်ခုသတ်မှတ်ကာ
ထားခဲ့ပေးသည်.........။ သို့ သော်ငြား အိမ်မှာ လူလိမ္မာစားရင်းဝင် တစ်နည်း
အိမ်ရဲ့  ခိုင်းဖတ်လို့  ပြောဆိုခေါ်ဝေါ်လို့ ရသည့် အိမ်တွင်
အပိုးကျိုးကျိုး နေထိုင်သည့် သော်ဇင်အား စိတ်ဝင်စားရန် အတွေးမှ
ဖယ်ထုတ်လိုက်လေသည်.......။
ထက်ထက်မြတ်မြတ်လဲ
ရှိသော ကိုယ့်ထက်လဲ ကြီး၍ အားကိုးရနိုင်လောက်သော ကျော်ဇင်ကိုသာ
ဘဝလက်တွဲဖော်အဖြစ် ဆုံးဖြတ်ချက်ချကာ သူမ စီးပွားရေး တက္ကသိုလ်
ပထမနှစ်အရောက်တွင် အဖြေပေးခဲ့သည်............။
သို့ သော် ချစ်သူသက်တမ်း မည်မျှမှ မကြာခင် ကိုယ့်ရဲ့  ရွေးချယ်မှုက မှားသွားမှန် အိဏ်ခ သိလိုက်ရ၏..........။
ကိုကြီး ဟု သူမခေါ်သော ကျော်ဇင်မှာ သူမထက်အရင် ချစ်သူရှိနေ၍ လက်ထပ်ရန်စီစဉ်ထားပြီးဖြစ်နေသည်ကို နောက်ကျပြီးမှ သူမသိခဲ့သည်..........။ ချစ်သူ သက်တမ်း ၃ လတာ ကြာမြင့်ပြီးသည့်နောက်တွင်ပင် ကျော်ဇင် လက်ထပ်သွားခဲ့၏............။
ထိုအချိန်မှ
စ၍ သူမအတွက် ကျားနာပမာ...........။ ကျော်ဇင်သည် သူမ၏ အချစ်ဦး
ဆိုလျှင်မမှား........။ တစ်ဦးတစ်ယောက်ထဲကိုသာ ချစ်ချင်ပြီး
လက်ထပ်ချင်ခဲ့သည့် မိမိ၏ သစ္စာတရားတစ်ခုကြောင့် ယုံကြည်အားကိုးနိုင်သူကို
ရွေးချယ်ခဲ့မိသည်........။ ပုံအပ်၍ ချစ်ခဲ့မိသည်..........။ ခုတော့
ထိုယုံကြည်ချက်တို့  တစ်စစီ....................။
သူမ
ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်........။ အသဲကွဲခြင်းဆိုသည့်
အမည်ဖော်ရခက် ပြင်းထန်သည့် ဝေဒနာတွေကြားမှာ နာကျင်မှုတွေက
နက်နဲစွာ.........။ကိုယ့်ကိုကိုယ် ထူမတ်ဖို့ ရန် ခက်ခဲနေသည့် သူမအတွက်
ရရှိလာသည့် အတွေးတစ်ခုကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်တစ်ခု
ချလိုက်မိသည်........။
ဟုတ်သည်.......။
သူမရဲ့  နာကျင်မှုအတွက် အကြွေးတစ်စုံတစ်ရာကိုတော့
ပြန်လည်ရယူရမည်.....။ညီအစ်ကို နှစ်ယောက်ထဲသာ ရှိသည့်အတွက် တစ်ဦးကို
တစ်ဦး အရမ်းချစ်ကြတာ သူမသိထားသည်.......။ သူ့ ညီ၏ နာကျင်မှုသည်
အစ်ကိုအတွက်လဲ နာကျင်စရာ.........။ ထို့ ကြောင့် မိုက်မဲစွာနှင့်ပဲ သူမ
ထိုအတွေးကို အကောင်အထည်ဖော်လိုက်မိ၏...။
“ကိုကို
ချစ်တယ် ”ဆိုသည့်စကားတစ်ခွန်းသည် သူမရဲ့  ရင်ထဲက အချစ်မပါသည့် သကာဆမ်းသော
တမာစကားသာတည်း..။ ထိုတမာစကားရဲ့  ခါးသက်သက် အရသာကို မသိသေးသည့်
သော်ဇင်ကတော့ ချိုကြည်ပြုံးရွှင်နေသော မျက်နှာထားနှင့်ပေါ့............။
ကိုသည်
သူမအား လွန်စွာ ဂရုစိုက်ခဲ့သည်..။လိုလေးသေးမရှိစေရ...။ သူမ မျက်နှာ
တစ်ချက်အညှိုးမခံ..။ ကို့ ရဲ့  ချစ်သူအပေါ်ချစ်တတ်မှုလိုမျိုး ကျော်ဇင်မှာ
ရှိခဲ့၍ သူကို ကျော်ဇင် ယခုလို ချစ်ခဲ့လျှင် သူမ
မည်မျှကြည်နူးရမည်နည်း.............။
ကိုနှင့်သွားနေချိန်တိုင်းမှာ
တစ်ချိန်က သူမ ချစ်ခဲ့သည့် ကိုကြီးကိုသာ အစားထိုး မြင်ယောင်နေမိသည်...။
ကို့ ရဲ့  ယုယမှုတွေကို ကိုကြီးရဲ့  ယုယမှုတွေ အဖြစ် တစ်ခါတစ်ရံ
ခံစားမိခဲ့သည်..။ဒါကို ကို သာသိခဲ့လျှင် ...............။
“ကို...အိဏ်ခတို့  ချစ်သူဖြစ်ကြတာ ကို့ အိမ်ကို ဖွင့်ပြောလိုက်တော့လေ..”
“အိဏ်ခက ဖွင့်ပြောစေချင်လို့ လား...”
“ဟုတ်ကဲ့ကို ..အိဏ်ခ လူကြီးတွေကို အသိပေးပြီး ကိုနဲ့  တရာဝင်ချစ်သူအဖြစ် ဝင်ထွက်သွားလာချင်တယ်”
“ဟုတ်တာပေါ့..ကို
လူကြီးတွေကို ဖွင့်ပြောပြီး အိဏ်ခကို တရာဝင်ချစ်သူအဖြစ်
အသိအမှတ်ပြုစေရပါမယ်..ပြောနေတာ ကြာတယ်..။ အိဏ်ခ ခု အိမ်လိုက်ခဲ့
..ဒီအချိန်ဆို အိမ်မှာ လူစုံတယ်..အိဏ်ခဟာ ကို့ ချစ်သူပါလို့  အားလုံးရှေ
့မှာ ကို ကြေညာမယ်”
~~~~~~~~~~~~~~~~~~~~~~~~~~~
သူမကြိုတင်တွေးဆထားသည့်အတိုင်း ကို အိမ်ကို ဖွင့်ပြောသည့်နေတွင်ပင် တစ်ဦးတည်းသော ကန့် ကွက်သူမှာ ကျော်ဇင်သာတည်း...။
“မဖြစ်သေးဘူးညီ..ညီက
ငယ်သေးတယ် ချစ်သူရည်းစား ထားရမဲ့ အရွယ်မဟုတ်သေးဘူး..ညီက
ကျောင်းသားအရွယ်..ကျောင်းစာကိုသာ စိတ်ဝင်စားပါညီ..တခြားစိတ်ကူးယဉ်ရာ
လမ်းဘက်ကို စိတ်ကူးမယဉ်သင့်သေးပါဘူးညီ”
“ညီကလဲ အခု
လက်ထပ်မယ်လို့  ပြောတာမှ မဟုတ်တာ ကိုကိုရ..။ ပညာစုံတဲ့အချိန်
အိမ်ထောင်တစ်ခုကို ကိုယ်ကိုတိုင် ဦးဆောင်နိုင်တဲ့ အချိန်မှ
လက်ထပ်မှာပါကိုကို..။ ခုက မိဘတွေကို အသိပေးထားပြီး ညီချစ်တဲ့ အိဏ်ခကို
တရားဝင်ချစ်သူ အဖြစ် အလေးထား ချစ်မြတ်နိုးနေချင်လို့ ပါ..”
“မဟုတ်တာပဲညီ..ခုလို
ညီ စောစောစီးစီး ချစ်သူရှာတော့ ညီ့ရဲ့  ရည်မှန်းချက် လမ်းခုလတ်မှာ
မချွတ်ချော်နိုင်ဘူးလို့  ပြောလို့ ရမလားညီ..ကိုကိုတော့ ညီ့ကို အဲ့ဒီလို
အဖြစ်မျိုး အဖြစ်မခံနိုင်ဘူးညီ.. ညီ့ကို စိတ်ရှင်းရှင်းနဲ့ ပဲ ပညာရေးကို
အာရုံထားစေချင်တယ်”
အငြင်းပွားနေသည့်
ညီအစ်ကို နှစ်ယောက်ကို သူမက အေးစက်စက် မျက်ဝန်းတစ်စုံနှင့် ပြုံးမဲ့မဲ့
နှုတ်ခမ်းတစ်စုံနှင့်သာ စိုက်ကြည့်နေသည်..။ သူမ၏ အတွေးကို ရိပ်မိနေသည့်
ကျော်ဇင်ကလဲ အပြင်းအထန် ကန့် ကွက်ပြီး ရသည့်နည်းနှင့် တာဆီးရန်
ဆုံးဖြတ်ထားသည့်ပုံပင်...။ သို့ ပေမဲ့ ယခုတစ်ကြိမ်တွင်တော့ ကံတရားက သူမ
ဘက်မှာ ရှိနေသည်ထင်ပါရဲ့ .........................။
“ကဲ
တော်ကြတော့ ညီးအစ်ကို နှစ်ယောက် အငြင်းပွားမနေကြနဲ့ ..။ သော်ဇင်က ဖေဖေတို
့ကို ဟောဒီသမီးလေး အိဏ်ခကို သားရဲ့ ချစ်သူအဖြစ်အသိအမှတ်ပြုစေချင်တာကို
ဖေဖေတို့  လက်ခံတယ်.. အိဏ်ခဆိုတာလဲ တခြားသူမှ မဟုတ်တာ..ဖေဖေတို့ နဲ့ 
တလမ်းထဲသား..နေ့ တိုင်းနီးပါး မြင်နေတွေ့ နေ သိနေတာပဲ..အပြစ်ဆိုစရာမရှိတဲ့
သမီးလေးပါ...။ ဒါပေမဲ့ သားသော်ဇင်က ကတိတစ်ခုတော့ ပေးရမဲ့ ပညာရေးကို
ဆုံးခန်းတိုင်တဲ့အထိ သင်ကြားပြီးမှ လက်ထပ်မယ်လို့  ဖေဖေတို့ ကို
ကတိပေးရလိမ့်မယ်..သားတို့ ရဲ့  ပညာရေးကို လမ်းခုလတ်မှာ ရပ်တန်
့တာမျိုးကိုတော့ ဖေဖေ မလိုလားဘူး”
“စိတ်ချပါဖေဖေ..အိစ်ခကို
တင့်တောင့်တင့်တယ် ထားနိုင်တဲ့ အချိန်မှာမှ ကျွန်တော်လက်ထပ်မှာပါ..။
ဖေဖေတောင်းတဲ့ ကတိကို ကျွန်တော် ပေးရဲပါတယ်”
သော်ဇင်နှင့်
သူ့ ဖေဖေ စကားအဆုံးတွင်မှာတော့ ကျေနပ်အားရသော အပြုံးနှင့် သူမ
မဆိုင်မတွပင် ကျော်ဇင်မျက်နှာကို စူးစိုက်ကာ စိုက်ကြည့်လိုက်သည်...။
ကျော်ဇင်က မြွေမြွေချင်း ခြေမြင်နေသည့်အလား ဆက်ဆက်ခါ တွန့် နေသည်ကို သူမ
သွေးအေးစွားနှင့် ကြည့်ရှုခဲ့သည်...........။
သူမ
အဆိပ်ပြင်းသောမြွေတစ်ကောင်တော့ မဖြစ်ချင်ခဲ့ပါ...............။ သူမကို
ထိုအဖြစ်ရောက်အောင် တွန်းပို့ ခဲ့သည့် တရာခံမှာ ကျော်ဇင်ဟု သာ သူမ
မိုက်မဲစွာ တွေးနေမိသည်..။နာကျင်နေမှုက ခွင်လွတ်ဖို့ ကို မစဉ်းစားပဲ တုန်
့ပြန်လိုမှုကိုသာ ရွေးချယ်စေခဲ့သည်...........။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ကို...ဒီနေ့  အိဏ်ခတို့  ချစ်သက်တမ်း (၆)လပြည့်ပြီနော်..”
“ကို ဘယ်တော့မှ မမေ့ပါဘူး အိဏ်ခရယ်..ဒါကြောင့် ဒီနေ့ အတွက် အမှတ်တရ အိဏ်ခလိုချင်တာ ပေးမယ်လို့  ကို တွေးပြီးသားပါ”
“အိဏ်ခ မလိုချင်ဘူးကို....အိဏ်ခ ကို့ ဆီက ဘာမှ မလိုချင်ဘူး..ဒီတစ်ခါ အိဏ်ခက ကို့ ကို ပေးမှာပါ”
“ဟုတ်လား..အိဏ်ခပေးမှာလား..ပြော ကို့ ချစ်သူက ကို့ ကို ဘာပေးမှာလဲ”
“အိဏ်ခပေးမဲ့ လက်ဆောင်ကို ကို အမှန်တကယ် ယူမှာလားကို”
“ယူမှာပေါ့
အိဏ်ခရယ်...အိဏ်ခပေးမဲ့ လက်ဆောင်ကို ကို မြတ်မြတ်နိုးနိုး
လက်ခံမှာပါ..တန်ဖိုး နည်းတယ်များတယ် မဆိုပဲ ကို မြတ်မြတ်နိုးနိုးနဲ့ ကို
ယူမှာပါ”
“တန်ဖိုးတော့ နည်းနည်းကြီးတယ်နော် ကို”
“ဟုတ်ပါပြီးဗျာ”
“ကို သေချာနားထောင်..ကိုနဲ့  အိဏ်ခ လမ်းခွဲကြမယ်...”
“ဘာ...ဘာပြောလိုက်တာ အိဏ်ခ..........နောက်တစ်ခေါက် ပြန်ပြောစမ်းပါအုံး..ကို နားကြားများ လွဲသလားလို့ ပါ”
“ကြားလိုက်တဲ့ အတိုင်းပါပဲ..ကို နားကြားမလွဲခဲ့ပါဘူး.. အိဏ်ခတို့  လမ်းခွဲကြရအောင်”
“ဘာကြောင့်လဲ အိဏ်ခ”
“အိဏ်ခ ကို့ ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးကို...”
“ဒါဆို ဘာကြောင့်များ................”
“ဟက်..ဘာကြောင့်ဆို
ကို့ ရဲ့  ချစ်လှစွာသောကိုကို တစ်ချိန်က အိဏ်ခရဲ့  ချစ်သူကိုကြီးကို
လက်တုန့် ပြန်ချင်လို့ ပဲ...ကို မသိခဲ့တာက ကိုကြီးနဲ့  အိဏ်ခ ချစ်သူတွေ
ဖြစ်ခဲ့တာပါပဲ..”
“ဟားးး”
“အိဏ်ခ
နာကျင်ခဲ့တယ်ကို..အိဏ်ခ နာကျင်ခဲ့သလို ကိုကြီးကို
နာကျင်စေချင်တာပါ..ဒါပေမဲ့ ကိုက ကြားထဲက ဓားစားခံ ဖြစ်သွားရတဲ့
အတွက်ကိုတော့ စိတ်မကောင်းပါဘူး.. ကို အိဏ်ခအပေါ် အစစ အရာရာ
ကောင်းခဲ့ပါတယ်..အိဏ်ခကို ခွင့်မလွတ်ပါနဲ့ ကို..ကို အသက်ရှင်နေသမျှ
နာကျည်းနေမယ်ဆိုရင်လဲ နာကျည်းနေပါ..အိဏ်ခဟာ ကို့ အတွက် ခွင့်မလွတ်ထိုင်တဲ့
ချစ်သူပါ”
ကို့ ရဲ့ 
မျက်လုံးအိမ်မှ စီးကျလာတဲ့ မျက်ရည်စီးချောင်း နှစ်သွယ်ကို ထုံးစံအတိုင်း
သူမ အေးစက်စက် အပြုံးနှင့် စိုက်ကာကြည့်ရင်း
လှည့်ထွက်လာခဲ့သည်...........။
ကျောခိုင်းသွားပြီးတဲ့နောက်မှာ
သူမရဲ့  အေးစက်စက်အပြုံးကလဲ အရောင်တွေ ပြောင်းပြီး ထိုအေးစက်စက် အရာများက
မျက်ရည်တွေဖြစ်သွားခဲ့မှန်း သူမ မထင်မှတ်စွာ သိလိုက်သည်..။
ကို့ ကို သူမ လမ်းခွဲစကားပြောနေချိန်တွင် ဝုန်း ဆိုတဲ့ ပေါက်ကွဲသံတစ်ခု သူမ ကြားခဲ့ရသည်..။
ကျောခိုင်းလိုက်ပြီး ချိန်မှာတော့ ထိုပေါက်ကွဲသံသည် သူမ၏ ရင်တွင်းမှ နှလုံးသားပေါက်ကွဲသံမှန်း သူမ နောက်ကျပြီးမှ သိခဲ့ရသည်........။
သူမ ဘယ်အချိန်တုန်းကများ ကို့ ကို ချစ်သွားမိတာပါလိမ့်................။
သို့ သော်......................
သူမအတွက် များစွာ နောက်ကျသွားခဲ့ပြီး.................။
ပြန်လည်ပြင်ဆင်ခွင့်တွေ မရှိတော့...............။
ရှိလဲပဲ သူမ ပြင်ဆင်တော့မည်မထင်............။ ဒီဘဝ ဒီမျှနှင့်သာပဲပေါ့ ကိုရယ်..............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
အားပေးသွားပါတယ်ဗျာ။။။
ReplyDelete