နိုင်ငံတစ်နိုင်ငံတွင်းမှာ
မှီတင်းနေထိုင်ကြသည့် ဘာသာစကားမတူသည့် လူမျိုးတစ်မျိုးစီတို့ဟာ
မိမိလူမျိုး အနိုင်ရရေး ၊ အသာစံရေးအတွက် လက်နက်တွေ စွဲကိုင်ကာ စစ်ဆိုတဲ့
အရာတွေကို ဖန်တီးပြီး တစ်ဖက်နှင့် တစ်ဖက် သူနိုင်ကိုယ်နိုင် တိုက်ပွဲတွေ
ဆင်နွဲနေခဲ့ကြတာပေါ...။
တစ်ရက်လဲ
မပြီး၊နှစ်ရက်လဲ မပြီးသည့် တိုက်ပွဲတွေကြားမှာ နှစ်ဖက်သော
လူမျိုးစုပြည်သူတွေဟာ စစ်မြေပြင်တွက် စစ်ခင်းနေရလို့ မိသားစုနှင့်
ကွေကွင်းခဲ့သူတွေ ၊ စစ်မြေပြင်နှင့် လွတ်အောင်ရှောင်ရှားရင်း
မြေဇာပင်ဖြစ်ခဲ့ရသည့် ကလေးငယ်တွေရဲ့ အနာဂတ်ဘဝ၊ ငြိမ်းအေးခြင်းမရှိတဲ့
နယ်မြေနှစ်ခုကြားမှာ ဘဝတွေက အမျိုးမျိုးအဖုံဖုံသော ခံစားမှုတွေ ထပ်လို့ပေါ့။
ဟော....ခုလဲ
သေနတ်သံတွေ ဖျောက်ဖျောက်ကျ..စစ်တလင်းမှာ ရုပ်သာကျန် နာမ်ကင်းမဲ့နေသည့်
ခန္ဓာတွေ ထပ်နေပြန်ပြီ။ အငြိုးတကြီး ရွာချနေသည့် မိုးစက်တွေက လောကတစ်ခုလုံး
မှောင်ကာမဲလို့...။ မိုးသားကောင်းကင်ကြီးက အနိဌာန်ရုံ မြင်ကွင်းတွေကြောင့်
ဝမ်းနည်းပူဆွေးပြီး ငိုချနေတာလား မဆိုနိုင်။အုံ့မှိုင်းကာ သဲသဲမဲမဲ
ရွာသွန်းလို့။
မစဲပဲ
ရွာချနေသည့် မိုးကြောင့်လား ၊တဖက်မှ ရန်သူတွေ
ကျဆုံးကုန်သည့်အတွက်ကြောင့်လားတော့ မသေချာ ၊ အဆက်မပြတ်တိုက်နေသည့်
တိုက်ပွဲလေး ခေတ္တခဏ ရပ်ဆိုင်းကာ သေနတ်သံတို့ ဆိတ်သုန်းသွားခဲ့ကြသည်။
ငြိမ်သက်နေသွားသည့်
ပတ်ဝန်းကျင် အခြေအနေအောက်မှာ ရန်သူနောက်လိုက်ရင်း လူစုကွဲသွားခဲ့သည့်
တစ်ဖက်လူမျိုှးဆီမှ စစ်သားလေးမှာ အဖော်မဲ့စွာ တစ်ဦးတည်း ကျန်ရစ်နေခဲ့မှန်း
မိမိကိုယ်ကို သတိထားမိချိန်မှာတော့ မိမိတပ်ရင်းကို အမြန်ဆုံး
ပြန်လည်ရှာဖွေမှ ဖြစ်မည် ဆိုသော အတွေးနှင့် လာရာလမ်းကို အပြေးလေး
ပြန်လှည့်ကာ မိမိတပ်ရင်းရှိရာသို့ သုတ်ခြေတင်လေတော့သည်။
သို့သော်..................................။
..........................................
သဲသဲမဲမဲ
ရွာနေသည့် မိုးကြောင့်လား၊စုန်စုန်ချုပ်စ ပြုနေသည့် ညအမှောင်ကြောင့်လား
၊လှည့်စားတတ်တဲ့ တောအုပ်ကြောင့်လား မဆိုနိုင် ထိုစစ်သားလေးမှာ
သူ့တပ်ရင်းရှိရာကို မရောက်နိုင်ပဲ တောထဲမှာသာ တဝဲလည်လည်။
သို့ပေမဲ့
စစ်သားဆိုတဲ့ အသိနဲ့ မာန်ကိုတင်း မလျှော့တဲ့ ဇွဲနှင့်ရှေ့ဆက်ကာ
ချီတက်နေရင်း တောအုပ်တစ်နေရာအရောက်မှာတော့ မှိန်ပြပြ
မီးအိမ်အလင်းရောင်နှင့် တဲအိမ်လေးတစ်လုံးကို အဝေးမှ လှမ်းကာ
မြင်လိုက်ရသည့်အတွက် အားတက်သွားခဲ့သည်။ ထိုတဲအိမ်လေးမှာ အကူအညီတောင်းပြီး
ယခုညကိုတော့ ထိုတဲလေးမှာတည်းခိုဖို့ရန် ဆုံးဖြတ်ချက်နှင့်
တဲအိမ်လေးရှိရာသို့ တစ်ရွေ့ရွေ့ လှမ်းကာ နီးသထက် နီးအောင်
ရွေ့လျားလာခဲ့မိသည်။
တောခေါင်ခေါင်တွင်
ရှိနေသော ထိုတဲအိမ်ပိုင်ရှင်သည် သူ့အတွက် ရန်သူလား မိတ်ဆွေလား သေချာမှု
မရှိသေးပါ။ သတိတစ်ခုကို ကိုယ်မှာကပ်ရင်း လှမ်းလာသော သူ့ခြေလှမ်းတွေကို
တဲအိမ်လေးရဲ့ရှေ့ကိုအရောက် ရပ်တန့်လိုက်ပြီး တဲအိမ်လေးကို ကာဆီးထားတဲ့
သစ်လုံးတံခါးကို ညင်ညင်သာသာ ဖွဖွ ခေါက်လိုက်သည်။
“ဒေါက် ဒေါက်”
“ဒုန်း”
ဆိုသည့် ကျယ်လောင်သည့် အသံနှင့် သစ်လုံးတံခါးပွင့်လာခဲ့ပြီး ၊ တံခါးနောက်ကွယ်တွင် ရပ်နေသူက သူရဲ့ အဘွားအရွယ် မိန်းမကြီးတစ်ဦးသာတည်း။
ထိုစစ်သားလေးမှာ အဘွားအိုးကို လှမ်းကာကြည့်ရင် တိုးလျှိုတောင်းပန်သံနှင့်
“အဘွား..လမ်းမှာပြီး မိုးမိလာလို့ အဘွားတဲမှာ တစ်ည တည်းခိုပါရစေ”
ထို
စစ်သားရဲ့ စကားအဆုံးမှာ အဘွားအိုက စကားတစ်ခွန်း ပြန်လည်ပြောဆိုခြင်းမရှိပဲ
ခန္ဓာကိုယ်ကိုသာ တစ်ဖက်သို့ စောင်းပေး၍ ထိုစစ်သား တဲတွင်းသို့ ဝင်နိုင်ရန်
လမ်းဖယ်ရှားပေးခဲ့သည်။ ပြီး တဲတွင်းသို့ ဝင်ရောက်လာသည့် စစ်သားကို
တစ်ချက်ကြည့်ရင်း တဲတွင်းရှိ မီးဖိုလေးဆီသို့ လက်ပြကာ နေရာပြလိုက်သည်။
“မင်း
အဝတ်အစားတွေ လဲလှယ်ဖို့ ငါ့မှာ အဝတ်အပို မရှိဘူး။မီးဖိုဘေးမှာပဲ ထိုင်ပြီး
နွေးအောင်နေပါ။ ညစာလဲ မရှိတော့လို့ ဗိုက်ဆာရင်တော့ ဟိုးတဲထောင့်မှာ
ပုံထားတဲ့ ကန်းစွန်းဥတွေ မီးဖုတ်စားပါ”
ဆိုသော
အပိုအလိုမရှိသော စကားနှင့် ဧည့်ဝတ်ပြုကာ ဧည့်ခံလိုက်လေသည်။ ထိုစစ်သားလဲ
ဆာလောင်မွတ်သိပ်နေသော ဝမ်းဗိုက်ကို ဖြည့်ဆည်းရန် အဘွားအိုညွှန်ပြသော
ကန်စွန်းဥဆီသို့ လက်အလှမ်း တဲ အရှေ့ဘက်ဆီမှ ရုတ်တရက် ကြားလိုက်ရသော
တံခါးခေါက်သံကြောင့် သူ့ရဲ့ခေါင်းတွေ ထောင်မတ်လာကာ သေနတ်ဆီသို့ လက်က
လှမ်းကာ အသင့်အနေအထားနှင့် ပြင်ဆင်ထားလိုက်သည်။
တဲရှေ့ဆီမှ
သူနားမလည်သော ဘာသာစကားတစ်ခုနှင့် အဘွားအိုကို ပြောဆိုနေသံကို
နားစွင့်နေရင်း အဘွားအိုက ဝင်ခွင့်ပေးလိုက်သော အခါ ထိုသူက တဲအတွင်းသို့
ဝင်လာလေသည်။တဲတွင်းသို့ ဝင်လာသူနှင့် တဲတွင်းရှိနှင့်သူ စစ်သားတို့
နှစ်ဦးဆုံအတွေ့မှာတော့ တစ်ဦးကို တစ်ဦ်း ခက်ထန်သော အကြည့်နှင့် ကြည့်ကာ
နှစ်ဦးလုံး၏ နှုတ်ဖျားဆီမှ
“ရန်သူ”
ဟု ဆိုကာ
မိမိလွယ်ထားဆဲ ဖြစ်သည့် သေနတ်ကို တစ်ဖက်သူဆီသို့ ထိုးချိန် မောင်းတင်ကာ
ပစ်ခတ်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာပဲ အဘွားအိုဆီမှာ ကျယ်လောင်သော
အသံတစ်ခု
“ရပ်”
..............
“ရပ်....
ဒါ ငါ့ရဲ့တဲ။
ဒီနေရာကို ငါပိုင်တယ်။ နင်တို့ နှစ်ယောက်လုံး မိုးရေထဲမှာ ဒုက္ခရောက်လာလို့
ငါက အကူအညီပေးတာ။နင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပစ်ခတ်မယ်ဆိုရင်
ငါ့တဲမဟုတ်တဲ့ အပြင်မှာ သွားကြပါ။ငါ့တဲမှာ ငါခွင့်မပြုဘူး။ ငါ့ထဲဟာ
စစ်ဖြစ်ဖို့ နေရာ မဟုတ်ဘူး။ လူသတ်ဖို့ နေရာမဟုတ်ဘူး။ ပစ်ခတ်ချင်ရင်
အပြင်ထွက်သွားကြပါ။”
အဘွားအို၏
ပြတ်သားသော စကားသံကြောင့် ထိုစစ်သားနှစ်ဦး တစ်ယောက်မျက်နှာကို တစ်ယောက်
ခက်တန်စွာစိုက်ကြည့်နေရင်းမှ တဲအပြင်ဘက်ဆီသို့ ကိုယ်စီလှမ်းကာ
ကြည့်လိုက်မိတော့ ရွာနေသော မိုးက မဆဲပဲ သည်းမဲနေတုန်း။ အမှန်တော့ သူတို့
နှစ်ဦးလုံး ပင်ပမ်းနေကြပြီ။ မိုးဒဏ်ကြောင့် ခိုက်ခိုက်တုန်အောာင်
ချမ်းစိမ့်နေကြပြီ.။ နှစ်ဦးလုံးရဲ့ စိတ်မှာ ညီတူသော
အတွေးများရှိသည့်ထင်ပါ့ လက်ထဲ စွဲကိုင်ကာ ချိန်ရွယ်ထားသော သေနတ်များက
ပစ်မှတ်ကို လွှဲကာမြေပြင်သို ထိုးကား စိုက်ထားလိုက်ကြသည်။
“ကဲ နှစ်ယောက်လုံး မီးပုံဘေးမှာ ထိုင်ပြီး အဝတ်တွေ ခြောက်အောင် မီးလှုံကြပေါ့။ ဆာရင် ကန်စွန်းဥကို မီးဖုတ်စားကြ။။ငါ အိပ်တော့မယ်။
အဘွားအိုက ပြောပြောဆိုဆို တဲထောင့်တစ်နေရာမှ ရှိသည့် ဖျာကြမ်းလေးခင်းထားသည့် အိပ်ရာလေးဆီမှာ လဲလျောင်းကာ အိပ်နေလိုက်သည်။
သူတို့
နှစ်ဦးမှာသာ တစ်ဦးကို တစ်ဦး သုန်မှုံစွာ ကြည့်ရင်း မကျယ်ဝန်းလှသည့်
တဲအတွင်းမှ မီးဖိုလေးဘေးမှာ ဝင်ထိုင်လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံး
ခြေကုန်လက်ပမ်းကျ၍ ချမ်းနေကြသည့် မဟုတ်ပါလား။ စစ်သားပေမဲ့
သွေးနှင့်သားနှင့်ကိုယ် တည်ဆောက်ထားသည်မို့ တစ်ခါတစ်ရံ ပင်ပမ်းမှုကိုတော့
ခံနိုင်စွမ်း မဲ့တတ်ပါသေးသည်။
မီးဖိုလေး
ဘေးမှာ တစ်ဖက်တစ်ချက်ထိုင်းမီးလှုံကြရင်း နှစ်ဦးလုံးက သူ တိုက်ခိုက်လျှင်
ပြန်လည်ခုခံဖို့တော့ အသင့်ပြင်ထားကြသည်။ကိုယ်က စပြီးတိုက်ခိုက်မှာ
မဟုတ်ပေမဲ့ သူတိုက်ခိုက်လာလျှင် အမြန်ဆုံး ပြန်လည်ခုခံနိုင်ရန် သတိက
အသင့်အနေအထား။
မီးတိုက်စားနေသည့်
ထင်းချောင်းဆီမှ တစ်ဖျောက်ဖျောက် အသံနှင့်အတူ မီးဖိုထဲ ထည့်ဖုတ်ထားသည့်
ကန်းစွန်းဥလေး ကျက်လာသည်။ ပထမ ရောက်လာသော စစ်သားမှ ကန်းစွန်းဥများကို
သိမ်းကြုံးယူငင်ကာ စားသုံးမည်ဟု တွေးယူပြီး လှမ်းကာယူလိုက်ရင်း
တစ်ဖက်စစ်သားကို လှမ်းကြည့်မိပြန်တော့ ထိုစစ်သား မျက်နှာပြင်မှာ
ထင်ဟပ်နေသည့် ဆာလောင်မွတ်သိပ်မှုအရိပ်အယောင်များကြောင့် ကန်းစွန်းဥ
အားလုံးဆီ လှမ်းနေသောလက်ကို နောက်ဆုတ်လိုက်ရင်း တစ်ဖက်စစ်သားလေးဆီသို့
တစ်ချို့တစ်ဝက် ထိုးပေးလိုက်သည်။
တစ်ဖက်စစ်သားမှာ
စကားတစ်ခွန်းမှ မဆိုပဲ စိုက်ခနဲ့ တစ်ချက်ကြည့်ကာလှမ်းပေးလာသော ကန်းစွန်းဥ
မီးဖုတ်များကို ယူငင်ကာ တိုတိတ်စွာနှင့်ပဲ စားသုံးနေလေသည်။
ဒုတိယ
စစ်သားမှာ ကန်စွန်းဥကို အလောတကြီး စားသုံးနေသော ပထမ စစ်သားကို ကြည့်နေရင်း
ခြောက်သွေ့နေသည့် လည်ချောင်းကြောင့် ကန်စွန်းဥ နင်နေသည့် ပထမစစ်သားကို
မိမိနေရာနှင့် နီးသည့် ရေတစ်ခွက် ခပ်ကာ တိုးတိတ်စွာ လှမ်းပေးလိုက်သည်။
တစ်ဦးလိုအပ်ချက်ကို
တစ်ဦးက ဖြည့်ဆည်းပေးနေရင်း တစ်ဦးနှင့်တစ်ဦးတွေ့စကလို
အမုန်းမရှိတော့ပေမဲ့ တစ်ဦးနှင့် တစ်ဦးတော့ မယုံရဲသေးပါ။ထိုညကို
စိတ်ချလက်ချ အိပ်စက်ရန် မဝံ့ရဲသေးပါ။
သို့ပေမဲ့
မိမိကိုယ်ကိုယ် သတိနှင့် ထိန်းနေသည့်ကြားမှ ပင်ပမ်းလွန်းသည့်ဒဏ်ကြောင့်
နှစ်ဦးစလုံး မီးဖိုလေးရဲ့ ဘေးမှာပင် ခွေခွေလေး အိပ်ပျော်သွားကြလေတော့သည်။
.............................................................
တစ်စုံတစ်ဦး
လှုပ်နိုးခြင်းကို ခံရတာကြောင့် အိပ်ပျော်နေရာမှ အလန်းတကြား ထလိုက်သော
စစ်သားမှာ အဘွားအိုရဲ့ မျက်နှာကို အမြင် စိုးရိမ်စိတ်ကို လျှော့ချလိုက်ကာ
တစ်ဖက်လူကို လှမ်းကြည့်လိုက်မိသည်. တစ်ဖက်လူမှာလဲ မိမိနည်းတူစွာ။
“ထကြတော့..ဟိုမှာ
ငါထမင်းချက်ထားတယ်။သွားစားကြ။အပြင်မှာ မိုးလဲဆဲပြီး။ ထမင်းစားပြီးရင်
နှစ်ယောက်လုံး ငါ့တဲကနေ ထွက်သွားကြတော့။ မင်းတို့ တစ်ယောက်ကို တစ်ယောက်
ပစ်ခတ်ချင်တယ်ဆိုရင် အပြင်ရောက်ရင် ပစ်ခတ်လို့ရပြီ”
အဘွားအိုရဲ့
စကားအဆုံး သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ စကားသံတော့
ထွက်မလာကြ။ အဘွားအို ချက်ပေးသော ထမင်းကို တိုးတိတ်စွာ စားသုံးအပြီး
အဘွားအိုစကားအတိုင်း တစ်သွေမတိမ်း လိုက်နာက ကိုယ်ပိုင်ဆိုင်သည့်
ကျောပိုးအိပ်ကိုနောက်မှာလွယ် ၊သေနတ်ကို ရှေ့မှာ လွယ်ရင်း လက်နက်ဖက်က
သေနတ်ကို ကိုယ်ကာ တဲအပြင်ဘက်သို့  ထွက်လာကြသည်။
သူတို့နှစ်ဦး၏
မျက်နှာများသည် တွေ့စကဲ့သို အမုန်းအာဃာသတွေ မရှိ။ နှစ်ဦးသား ချီတက်လာကြရာ
လမ်းဆုံ တစ်ခုသို့ အရောက်တွင်တော့ နှစ်ဦးလုံးရဲ့ ခြေလှမ်းတွေ ပြိုင်တူ
ရပ်တံ့လိုက်ကာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်မိလိုက်သည်။ တစ်ဦး၏
ရင်တွင်းကို တစ်ဦးက ထိုးဖောက်မြင်နေသယောင်။
“မင်း ငါ့ကို ပစ်ချင်သေးလား”
ပထမ စစ်သား၏ အမေးကို ဒုတိယ စစ်သားက ခေါင်းခါပြရင်း
“ငါတို့တွေ မီးဖိုဘေးမှာ အတူတူ အိပ်လာကြတယ်။ ထမင်းတဝိုင်းထဲ စားလာခဲ့ကြတယ်။ မင်းနဲ့ငါ စစ်တိုက်ဖို့ ငါ့မှာ စိတ်ကူးမရှိတော့ဘူး။”
“မင်းဟာ ငါ့အတွက်တော့ ရန်သူပါ။ မင်းလူမျိုး၊မင်းမိသားစုမှာတော့ မင်းဟာ သူရဲကောင်း စစ်သားတစ်ယောက် ဖြစ်နေမှာ အသေအချာပါပဲ”
“မင်းလဲ
ဒီလိုပဲ မဟုတ်လား။ ငါတို့ နှစ်ယောက်ဟာ တစ်ယောက်အတွက် တစ်ယောက်က ရန်သူပါ။
ငါတို့ မိသားစု၊ငါတို့ လူမျိုးအတွက်တော့အသက်ကို စတေးဝံ့တဲ့
သူရဲကောင်းတွေကြီးပါပဲ။ ဘယ်မိသားစုရဲ့ သူရဲကောင်းတွေကို မှ အဆုံးရှုံး
မခံချင်ဘူးကွာ”
“ငါ့မှာလဲ မင်းလို စိတ်မျိုးပဲ ရှိတာပါကွာ။ မင်းပြန်ရင် ဒီဘက်က မပြန်နဲ့။။ဒီဘက်မှာ ငါတို့စစ်ကြောင်းတွေရှိတယ်။
သူတို့
နှစ်ဦး တစ်ယောက်ပုခုံးကို တစ်ယောက် ဖက်ကာ နှုတ်ဆက်လိုက်ကြသည်။ တစ်ဦးရဲ့
စစ်ဆင်ရေးကို တစ်ဦးက အသက်အန္တရယ်ကင်းစေရန် လမ်းပြကာ လွတ်အောင်ရှောင်ရန်
ရှားရန် လမ်းညွှန်ပေးခဲ့ကြပြီး လမ်းခွဲခဲ့ကြသည်။
........................................
ထို စစ်သား
နှစ်ဦးမှာ မိမိဆိုင်ရာ လူမျိုး တစ်မျိုးဆီမှ သူရဲကောင်း အဖြစ် ရပ်တည်ရင်း
စစ်ပွဲတွေ ဆင်နွှဲနေကြရအုံးမည်။ သူတို့သည် လူမျိုး တစ်မျိုးဆီ၏ စစ်သား။
စစ်သားဆိုသည်မှာ ကျရောက်လာသည့် အန္တရယ်ကို ကာကွယ်ရန် စစ်တိုက်နေရမည်။
ကျောခိုင်းကာ ထွက်ခွာလာကြသည့် ထိုစစ်သား နှစ်ဦး၏ရင်ထဲမှာ တူညီနေသည့် တိုးတိတ်စွာ ဆုတောင်းသံလေးကတော့ဖြစ်
“အခွင့်သင့်လို့
နောက်တစ်ခေါက် မင်းနဲ့ငါ ပြန်ဆုံခွင့် ရခဲ့မယ်ဆိုရင် ငါ့ရဲ့ ရန်သူအဖြစ်
ပြန်လည် ဆုံတွေ့ခြင်း မရှိပါရစေနဲ့ကွာ။ ငြိမ်းချမ်းရေးတွေ ပြည့်ဝနေတဲ့
အခြေအနေမှာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည် တွေ့ဆုံခွင့်ရပါစေနော်။
တစ်နေ့တစ်ချိန် မင်းရဲ့ ပခုံးကို အားရပါးရ ဖက်ပြီး ကြည်ကြည်လင်လင် အပြုံးနဲ့ ပြုံးခွင့်ရပါစေ သူရဲကောင်းကြီးရေ”
ပင်ယံထက်မှ
ငှက်ကလေးများကတော့ ထိုသူနှစ်ဦး၏ ရင်ထဲမှ တီးတိုးဆုတောင်းသံလေးတွေကို
ကြားသည့်ထင်ပါ့။ သာယာသော တေးသံနှင့် တေးသီချင်း
သီကြူးလျှက်.....................။
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်