Followers

Wednesday 28 March 2012

★★★ တို့ရဲ့ ချစ်ခြင်းသက်သေ ဇွဲကပင်မြေ ★★★

သူငယ်ချင်းတို့ရေ..................။
သံလွင်၊ဒေါန၊ဇွဲကပင်မြေ
တို့ပြည်နယ်ရဲ့ ချစ်သက်သေ။
တောင်ပေါ်မြေအောက်
တိုင်းရင်းသား တူယှဉ်လက်တွဲကြစို့လား။
စကော၊ပိုးလဲ မခွဲပါ
တစ်သွေးသားထဲပါ။
ရှေ့ပိုး၊နောက်ပိုး စကားကွဲ
အားလုံးကရင်ပဲ။
ဇွဲကြီးစွာနဲ့ ချီတက်လာ
ရေကြည်မြက်နုရာ။
မွန်ဂိုသဲချောင်း
စုန်တိုင်းပြောင်း
တိုးတက်ရာ တိုးတက်ကြောင်း။
ကိုးဒီသွေးနဲ့ တို့တစ်တွေ
ရဲရဲဝံ့ဝံ့ပေ။
နတ်ပန်းညို(ဖဝ့်ဝီ)ကို ပမာပေး
ရောက်ရာမြေမှာ ရှင်သန်ဟေး။
ဘဝဝမ်းစာ ရှာဖွေကာ
တိုင်းတပါးကို တို့ရောက်လာ
မေ့ပါဘူးဟေ့ ငါတို့စကား
ယဉ်ကျေးမှု့၊စာပေ အထွဋ်အမြတ်ထား။
လက်ချည်ပွဲမှာ လူစုမယ်
မောင်နှမတွေစုံကြမယ်
မိုးထိပ်၊ဖထိပ် တို့ကရင်များ
ဖြူနီအပ်ချည် သက်သေထား။
နှစ်သက်မှာလေ ဒုံးယိမ်းကမယ်
စည်းလုံးခြင်းကိုပြကြမယ်။
ရာဓနာနဲ့ ဆုခြွေပေး
မောင်ရို့လေလေ...လေလေမောင်ရို့
ညီညာယိမ်းလေး တူယိမ်းပေး။

ဇွဲကိုသက်သေ တည်သည့်မြေ၊
တို့ရဲ့ ဇွဲကပင်မြေ။
တို့ဘိုးဘွားရဲ့ ချွေးစက်များ
ဟောဒီမြေမှာ သက်သေထား။
ဒုက္ခကိုလဲ မကြောက်နော်
တို့များသွေးက နီလို့နော်။
ထော့မဲပါလို မာန်စွမ်းအား
တို့များကိုယ်မှာ ဝန်းရံထား။
ဆူးခင်းလမ်းလဲ ဖြတ်လို့ကျော်
မိုနာလီဇာအပြုံးနဲ့နော်
သွေးချင်းတို့ရေ လက်တွဲထား
အမှောင်ညလွန်အောင် တို့ကြိုးစား။






1 comment:

  1. ဖဒိုမန်းငြိမ်းမောင်နဲ့ အင်တာဗျူးကိုကြည့်ရတယ် အစ်မ. ။ကြည်နူးလိုက်တာဗျာ..။ တကယ့် အမြင်မှန်ကိုရသွားပြီ. အနှစ်(၆၀) ကျော်ကြာခဲ့တဲ့ ပဋိပက္ခတွေ အဆုံးသတ်ချိန်တိုင်ပါပြီ..။ ညီအစ်ကိုအချင်းချင်း နွေးထွေးတဲ့ ငြိမ်းချမ်းရေး တကယ် ဖြစ်လာပါပြီ..။

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်