(*_*) ချစ်သူရေ (*_*)
နင်နဲ့ ဆုံခဲ့ဖူးတဲ့ ညတွေတိုင်းမှာ
ငါ့အသိ ၊ ငါ့သတိတွေ တိမ်းညွှတ်စွာနဲ့
ငါ့ကောင်းကင်မှာ ကြယ်တွေလင်းလို့
လမင်းကြီးလဲ ထိန်ထိန်သာခဲ့တယ်
တီတီတာတာ ချစ်ခွန်းတွေခြွှေ
ပြုံးဖြစ်ခဲ့တဲ့ နှုတ်ခမ်းပါးနှစ်လွှာ
ခုတော့ မဲ့ကာကွေးလို့
ငါ့ကမ္ဘာကြီးပြို
ငါ့ကောင်းကင်ကြီးလဲ ငို
လွမ်းမျက်ရည်တွေ ဝေနေပြီ။
✿✿✿
ပေးခဲ့ဖူးတဲ့ ကတိ
ထားခဲ့ဖူးတဲ့ သစ္စာ
လေထဲမှာ ပြောလို့
လေထဲကို စွန့်ပစ်ခဲ့ပြီလား
လေလှိုင်းထဲက ကြားခဲ့
သိပ်ချစ်ပါတယ်ဆိုတဲ့
မင်းနှုတ်ဖျားက စကား
မုသားခါးတွေမှန်း
အချိန်များစွာ နောက်ကျပြီးမှ သိခဲ့ရတယ်။
✿✿✿
ပျော်ဝင်ခဲ့ဖူးတဲ့ ငါ့နှလုံးသားနုနု
နင်က ယစ်ကောင်လို့ သတ်မှတ်
မြိန်ယှက်စွာ စားသုံးခဲ့လေလား
နင်ချန်ရစ်ခဲ့တဲ့ တစ်ခြမ်းပဲ့အသဲ
သွေးစိမ်းရှင်တွေ တစ်စိမ့်စိမ့်ကျနေလျှက်
အမှတ်မရှိတဲ့ဒီနှလုံးသား
နင့်ကို ယောင်းယမ်း တမ်းတဆဲပါ။
✿✿✿
နာကျင်ခြင်းတစ်ဝက်
လွမ်းချင်းတစ်ဖက်
ပြန်လာလိုငြား မျှော်လင့်ချက်က တစ်ဖုံ
ငါလေ...........ရူးသွပ်စွာ နင့်ကိုတမ်းတနေဆဲပါ။
✿✿✿
နင် ဘယ်ဆီတွေရောက်လို့
ဘာတွေ လုပ်နေ
ပတ်သက်ခဲ့ဖူးတဲ့ အမှတ်တရတွေမှာ
တိုက်ဆိုင်မှုရှိတိုင်း လွမ်းလို့
နင့်နာမည်လေးပါတဲ့
အကောင့်လေး မီးစိမ်းအလာကို
ငါ............... ပင့်သက်ရှိုက်လို့ မျှော်နေဆဲ (! _ !)
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ကဗျာကောင်းလေးအားပေးဖတ်ရှုခဲ့ပါတယ်ဗျာ...။
ReplyDeleteခင်မင်လေးစားစွာဖြင့် (လွမ်း)
www.lwanpaishin.blogspot.com