Followers

Friday 3 February 2012

တပို့တွဲလ ထမနဲထိုးပွဲ

ကောက်ဦးကောက်သစ်တွေ ပေါ်စ တပို့တွဲလရာသီချိန်ခါ ရောက်လို့လာပါပြီ........။
မြန်မာ့ဆယ်နှစ်လရာသီထဲမှာ တပို့တွဲလ ထမနဲ့ထိုးပွဲဆိုတဲ့ ပွဲတော်ရက် ထမနဲထိုးပွဲကျရောက်ရာ တပို့တွဲလလဲ ရောက်လို့လာပြီမို့ တမနဲလေးတွေ ထိုးရအောင်..........။





ပြည်မြန်မာထဲမှာ နေထိုင်သူတွေအတွက် ထမနဲဆိုတာ လွယ်ကူစွာ ရနိုင်တဲ့ မြန်မာ့ရိုးရာ အစားအစာဖြစ်ပေမဲ့ အိမ်ဝေးသူပြည်ပရောက်တွေအတွက် စိတ်ကူးယဉ်ပြီး မှန်းဆ စားသုံးနေရတဲ့ မြန်မာ့၇ိုးရာ အစားအစာပါ...။
ထိုကြောင့် ယခု ထမနဲထိုးနည်းမှာ ပြည်ပရောက်မြန်မာ့ရိုးရာ အစားအစာကိုလွမ်းနေသူတွေအတွက် ရည်၇ွယ်၍ ပေးထားသောကြောင့် လိုအပ်မှုအနည်းငယ်ရှိနိုင်ပါတယ်..။


ကိုယ့်အိမ်ထဲက ဂက်စ်မီးဖိုလေးမှာ တစ်နိုင်တစ်ပိုင်လေး ထိုးမှာ ဖြစ်တာကြောင့်အနည်းငယ်သော ပါဝင်ပစ္စည်းများနှင့်သာ ထိုးမှာဖြစ်ပါတယ်..။


ထမနဲထိုးရန်ပါဝင်ပစ္စည်း.............


၁။ကောက်ညှင်းဆန်
၂။အုန်းသီး
၃။မြေပဲ
၎။ဂျင်း
၅။ဆီ
၆။နှမ်း
၇။လေးညှင်းပွင့်(မထည့်လဲရ၏)
၈။ငရုတ်ကောင်း(မထည့်လဲရ၏)
၉။ဆား
၁၀။.ရေနွေး(မြန်မြန်လေးကျက်အောင်နော်..)


ပြုလုပ်ပုံအဆင့်ဆင့်...


ပထမဦးစွာ ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး နာရီအနည်းငယ် စိမ်ထားပါ...။


အုန်းသီးကို အစိပ်လေး တွေ ဖြစ်အောင် ပြုလုပ်ရပါပေမဲ့ အချိန်မပေးနိုင်သူတွေအတွက် အုန်းသီး ခြစ်စက်က ရလာတဲ့ အတိုင်းသာ အသုံးပြုလျှင်ရပါ၏...။


မြေပဲဆန်ကို လှော်ပြီး အခွံချွတ်ရမည်..။ သို့သော် အမြန်နည်းလဲဖြစ် မြေပဲဆီနံ့လေးလဲ သင်းနေစေရန် မေက ထမနဲထိုးသည့်ဆီထဲ မြေပဲဆန်အစိမ်းကို တစ်ခါထဲ ထည့်ကြော်လိုက်၏..။ နှမ်းစိမ်းကိုလဲ တစ်ခါထဲ ထည့်ကြော်လိုက်၏...။


မြေပဲနှံ့လေးနှင့် နှမ်းနှံ့လေးသင်းနေသည့်ဆီပူထဲမှာ ဂျင်း၊(လေးညှင်းပွင့်၊ငရုတ်ကောင်း)ထည့်ပြီး ကောက်ညှင်းဆန်ကိုပါ တစ်ခါထဲ ထည့်ကြော်လိုက်ပါ..။


ကောက်ညှင်းဆန် အညိုရောင်သန်းလာချိန်မှာ ဆားအနည်းငယ်ထည့် ရေနွေးကို လိုသလောက်ထည့်ပြီးရင် အဖုံးလေးအုပ်ထား မီးလျှော့ပြီး ခဏနပ်ထားလိုက်ပေါ့..။


ရေတော့ မများစေနဲ့နော်...ဆန်ပြုတ်ဖြစ်သွားလိမ့်မယ်..ရေနွေးက လိုရင် ထပ်ထည့်လို့ရတယ်...။ နိုင်ငံခြားမှာ အသုံးပြုနေတဲ့ ယိုးဒယားက ဝင်လာတဲ့ ကောက်ညှင်းတွေက အရမ်းပျော့လွယ်တယ်..။
ရေလဲခန်းပြီး ကိုယ့်ထမနဲကောက်ညှင်းလေးလဲ အနေတော်ဖြစ်ပြီးဆို ဂက်စ်မီးဖိုလေးပိတ် ပန်ကန်ပြားလေးကိုင်ပြီး ပြောင်းထည့်လိုက်ယုံပေါ့...။


ကဲ စားပွဲပေါ်ကို ရောက်လာတော့မည့် ထမနဲလေးကို အားရပါးရ စားရအောင်..........။



အမိမြန်မာပြည် တပို့တွဲလ အလွမ်းပြေ ထမနဲလေးကို မိသားစုကင်းမဲ့စွာ တစ်ကိုယ်တည်းမစားချင်ရင်တော့ သူငယ်ချင်းတွေ ဖုန်းဆက်ခေါ်ပေါ့...........။


မေ့ကိုလဲ လှမ်းခေါ်လိုက်ဖို့ မမေ့နဲ့နော်.....။



..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်