စိတ်ဖိစီးမှုတွေ များနေတဲ့ သူမ စိတ်ခံစားမှု သက်သာလို သက်သာငြား ကမ်းခြေဘက်သို့  လမ်းလျှောက်ထွက်လာခဲ့သည် ။
“ဟူးးးးးးးးးးးးးးးးးး”
လေပူတစ်ချက်ကို
မှုတ်ထုတ်လိုက်ပြီး ပင်လယ်ပြင်မှ ဖြတ်တိုက်လာတဲ့ ဆားငွေ့ တစ်သင်းသင်း
လေလှုံးကြီးကို တစ်ချက် ရှိုက်ကာ ရှုလိုက်ရင်း မျက်နှာမူရာ ဆီသို့ 
ရည်ရွယ်ချက်မဲ့  ဆက်လျှောက်နေခဲ့မိ၏ ။ ဘာကြောင့် အဆင်မပြေမှုတွေ များနေတာလဲ
။
သူမရင်ဆိုင်နေရတဲ့ ကျဆုံးမှုတွေ.............။
ထိုကျဆုံးမှုတွေနှင့် ကပ်ပါလာတဲ့ အထီးကျန်ခြင်းတွေ............။
ဘယ်မှာလဲ တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အောင်မြင်မှုတွေ.............။
ဘယ်မှာလဲ သူမအနားမှာ ရစ်သီခဲ့တဲ့ ခြွေရံသင်းပင်းတွေ..........။ ခုချိန်မှာ တစ်ခုမှ မရှိတော့............။
မွန်းကြပ်မှုတွေနှင့်
အတူ လှမ်းလာနေသော သူမခြေထောက်တစ်စုံက ရှေ့ မ ကလေး နှစ်ယောက်ရဲ့ 
ငြင်းခုန်နေမှုကြောင့် ရပ်တန့် သွားကာ ထိုကလေး နှစ်ယောက်ရဲ့  တစ်ပိုင်းတစ်စ
အငြင်းအခုန် အလောင်းအစားပွဲလေးဆီသို့ ငေးကြည့်နေမိ၏..........။
“မင်းမယုံဘူးလား ငါရေထဲ ပစ်ချလိုက်လို့  ဒီဓား ရေထဲ မမြုပ်ရင် မင်း ရှုံးပြီနော်”
“မဖြစ်နိုင်တာ မပြောပါနဲ့ ..ပြီးတော့ ဒီဓား ရေထဲနှစ်မြုပ်သွားရင် ငါ့မေမေ ဆူလိမ့်မယ်...မဖြစ်ပါဘူးကွာ”
“မင်း ငါ့ကို ယုံစမ်းပါ ..ငါရေထဲ ချပြမယ် ကြည့်နေ ဒီဓားကို ရေထဲမမြုပ်အောင် စေရဘူး“
“မလုပ်ပါနဲ့ ကွာ..ငါ့အမေ ငါ့ကို ရိုက်လိမ့်မယ်ကွ”
“ခဏလေးကွာ မင်းကြည့်နေ..ကဲ ပြောရင် ကြာတယ်ဒီမှာကြည့်”
ကောင်လေးက
ပြောပြောဆိုဆို တစ်ဖက်ကောင်လေး လက်ထဲမှ ဓားကို ဆတ်ခနဲ့  ဆွဲကာယူရင်း
အနီးမှာ အသင့်ရှိနေတဲ့ ဖော့ပြားကြီးနှင့် ကပ်ချည်ကာ ရေထဲ
ပစ်ချလိုက်သည်......။ ဖော့ပြားနှင့် ကပ်ချည်ထားသော ဓားလေးမှာ ဖော့ပြားရဲ့ 
အရှိန်နှင့် ရေထဲသို နှစ်မြုပ်မသွားပဲ ဖော့ပြားနှင့်အတူ ရေထဲတွင် ပေါလောလေး
ပေါ်နေလေ၏........။
“တွေ့ တယ် မဟုတ်လား ။ မင်းဓားရေထဲ နှစ်မြုပ်မသွားပါဘူးဆို”
“ဒါတော့ မင်းက ဖော့ပြားနဲ့  ချည်ထားတာကိုးကွ”
“မင်းကို
ငါက ဒီဓား ရေထဲမှာ မမြုပ်ဘူးလို့ ပဲ ပြောတာလေ ဘယ်လိုကြောင့်
နှစ်မြုပ်မယ် မနှစ်မြုပ်ဘူး မပြောဘူးလေ။ မမြုပ်ဘူး ပေါ်စေရမယ်လို့ ပြောတာ
မင်းမှ လက်မခံတာ ။ ခုတော့ မင်းရှုံးပြီး”
တစ်ဖက်ကလေး၏
စကားအရာကျွမ်းကျင်စွာ မလိမ့်တပတ်အနိုင်ယူမှုနှင့် အရှုံးအတွက် ရှုံ့ မဲ
့နေသော ကလေး နှစ်ဦးရဲ့  မျက်နှာကို သူမ ငေးကြည့်ရင်း သူမ တွေးနေမိ၏ ။
လောကမှာ
ဒီလို မလိမ်တပတ်နှင့်လှည့်စားနေသူတွေ ဘယ်လောက် များနေပါသလဲ...။
ရှုံးနိမ့်သူတွေကလဲ ထောင်သောင်းမကလား ။ သေးငယ်သော ဆုံးရှုံးမှုလား
၊ကြီးစွာသော ဆုံးရှုံးခြင်းတွေလား ။ သူမ မသိနိုင်တော့ပါ ။ သူမ လိုက်၍
မမှီနိုင်ပါ ။ သူမ တစ်ခု သိလိုက်သည်က ဖော့တုံးနှင့်အတူ ရေထဲ
ပစ်ချခံလိုက်ရသည့် ဓားတစ်ချောင်း ။
ဒီတိုင်း
ပကတိ ပစ်ချလိုက်လျင် ဆုံးရှုံးသွားမည်ဆိုတာ သေချာနေသော ဓားတစ်ချောင်း
။ဖော့တုံးနှင့် တွဲချည်ခံထားရ၍ ရေထဲတွင် ပေါလော ပေါ်ခွင့်ရခဲ့သည်......။
ဒီဓားတစ်ချောင်း
နေရာမှာ လူသားတစ်ဦးဆိုလျှင်ရော.........။ စုန်စုန်မြုပ်နိုင်တဲ့
အခြေအနေနှင့် မလိမ့်တစ်ပတ် နစ်မြုပ်ခံထားရလျှင်ရော ပေါ်နိုင်မည်လား.......။
သူလဲ ပေါ်နိုင်တာပေါ့........။
ဖော့တုံးလေး
တစ်တုံးနှင့် ဥပမာတူတဲ့ အရာတွေကို ပိုင်ဆိုင်ထားလျှင် သူလဲ
ကျရှုံးနေမှုတွေထဲက လွတ်မြှောက်ရုန်းထွက်ပေါ်နိုင်တာပေါ့...။ ဖော့တုံးလေးမှာ
တစ်စေ့ခြင်း ပူးကပ်ထားသည့် ဖော့စေ့လေးတွေ နည်းတူ သူမရဲ့  စွမ်းရည် ၊
ခံနိုင်ရည် ၊ အသိအလိမ္မာ ၊ကြံခိုင်ခြင်းတွေ အားလုံး စုစည်းပြီး
ပူပေါင်းလိုက်မယ် ဆိုရင် သူမ ကျဆုံးခြင်းတွေ များစွာထဲက
လွတ်မြှောက်နိုင်ပြီ.........။
သူမ
ကျဆုံးခြင်းတွေ အတွက် ဘာကြောင့် စိတ်ထိခိုက်နေရတော့မလဲ.......။
အောင်မြင်မှု တစ်ခုကို ရှာဖွေ ရုန်းထွက်တော့မယ်....။ ရှင်သန်ခွင့်တွေ အတွက်
စွမ်းဆောင်ရတော့မယ်............။
သူမ
ကိုယ်ကို ရေထဲ ပစ်ချခံလိုက်ရသည့် ဓားတစ်ချောင်းအဖြစ် မှတ်ယူကာ
ဖော့တုံးလေးနှင့်တူသော စိတ်နှလုံးနဲ့  ကပ်ချည်ပြီး သူမ အချိန်တိုင်း ထာဝရ
ထူးချွန်စွာ ပေါ်နိုင်အောင် ကြိုးစားသွားပါအုံးမည်...........။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်