ညီငယ် ညီမငယ်တို့ရေ မင်္ဂလာပါ ခင်ဗျာ ။ ယနေ့တင်ပြလိုက်ရတာကတော့ ၊ “ ဝေဖန်ရေး ”
သို့မဟုတ် ၊ “ ကော်မန့်များရဲ့ ထိုးနက်မှု ” အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျ ။ ဒီပိုစ့်လေးကို
ဘာကြောင့်ရေးရသလဲဆိုတော့ ၊ ယနေ့ခေတ် အွန်လိုင်းပေါ်မှာ အသပြာအခမဲ့ စေတနာ ၀ါသနာ
မေတ္တာတွေပေါင်းပြီး အချိန်ကုန်ခံပြီး စာပေရေးသားသူ အများအပြားတွေ့ရပါတယ် ။
ဒီလိုရေးသားရာမှာ ၊ အပြင်စာပေလောကနဲ့ မတူညီတာတခုကတော့ ၊ စာဖတ်သူနဲ့ စာရေးသူတို့
ထိပ်တိုက် ထိတွေ့ အားပေးခြင်းပါဘဲ ၊ အပြင်စာပေလောကမှာ ကိုယ်ရေးတဲ့ စာတစ်ပုဒ်ကို ဝေဖန်
အကြံပေးလိုတယ်ဆိုရင် စာတိုက်ကနေတဆင့် မိမိလိပ်စာအတိုင်းပေးပို့ကြပါတယ် ။ ဒီလိုပေးပို့တဲ့
ဝေဖန်စာတွေဟာ ၊ မိမိမှ လွဲ၍ မည်သူတဦးတစ်ယောက်မှ ဖတ်မိမှာမဟုတ်ပါဘူး ။ ဒီတော့. . . .
ကောင်းသည်ဆိုးသည် မိမိတဦးတည်းသာသိလို့ ၊ စိတ်ငြိမ်စွာဖြေရှင်းလို့ရပါတယ် ။ အွန်လိုင်းပေါ်
ကြတော့ ဒီလိုမဟုတ်ဘူး ၊ စာဖတ်ပရိတ်သတ်နဲ့ တိပ်တိုက်တွေ့ရသလို ဝေဖန်မှုကော်မက်တွေနဲ့
ဝေဖန်ခြင်းကနေ “ရမ်းကားခြင်း ” ဆိုတဲ့ ကော်မန့်ထိုးနက်မှုတွေဟာ ။ မိမိအပြင် လာရောက်ဖတ်
ရှုကြတဲ့ စာပေချစ်သူအပေါင်း မြင်တွေ့နေရပါတယ် ။ လမ်းပြဝေဖန်ခြင်းမျိုးမဟုတ်တဲ့ ၊ ရမ်းကားမှု
ကော်မန့်တွေကို မြင်ရတဲ့အခါမှာ ၊ တချို့ဆိုရင် စိတ်ဓာတ်တွေကျပြီး စာရေးချင်စိတ် လုံးဝပျောက်
ကွယ်သွားကြသလို ၊ တချို့ဆိုရင် အခုမှတက်သစ်စလေးတွေကို ရမ်းကားမှု ကော်မန့်အောက်မှာ
အရှက်ကြီးရှက်လို့ ၊ ဆိုဒ်တွေထဲကနေ ထွက်သွားတဲ့ အဆင့်ထိ တွေ့ခဲ့ဖူးပါတယ်။
တစ်ချို့က ခင်မင်မှုနဲ့ မကောင်းတာကို ကောင်းတယ်ဆိုပြီး ကော်မန့်ပေးတတ်ကြတယ် ။
တချို့ကလည်း ကောင်းသည်ထက်ကောင်းအောင် ၊ တိုးတက်စေချင်လို့ ရန်စတာလေးတွေ
ရှိကြပါတယ် ။ တခါက ညီမငယ်တစ်ယောက်ကို ရုပ်တည်ကြီးနဲ့ ကျွန်တော်ရန်သွားစဖူးတယ် ၊
ဒီနေရာမှာ စာရေးသူတို့စိတ်ထဲမှာ ငါရေးတာမကောင်းလို့ ငါ့ကို နှိမ်နေတာပါလား ” ဆိုတဲ့
အတွေးမျိုး မိမိစိတ်ထဲကို မ၀င်ရောက်ပါစေနဲ့ ၊ ဒေါသနဲ့တုန့်ပြန်မည့်အစား ၊
ကောင်းသည်ထက် ကောင်းအောင် ၊ ကြိုးစားပြီး မိမိစာပေနဲ့ သက်သေပြနိုင်ရမယ် ……။
တစ်ချို့ကလည်း ၊ ပုဂ္ဂိုယ်ဆွဲလိုက်ပြီး ရန်ထောင်ခြင်းမျိုးတွေကို ကျွန်တော်ကြုံခဲ့ဖူးတယ် ။
ကိုယ်နဲ့ မသိဘဲ ဒါမျိုးတွေပြောလာတဲ့အခါမှာ စာရေးသူတွေအနေနဲ့ ၊ ဘယ်လိုတုန့်ပြန်ရမလဲ ၊
မည်သို့မှ တုန့်ပြန်စရာမလိုသလို ၊ ကြောက်စိတ်လည်း မရှိကြပါနဲ့ ။ သူ့ကို ကိုယ်မမြင်ရသလို၊
ကိုယ့်ကိုယ်လည်း သူမမြင်ရပါဘူး ။ လူမမြင်ရတိုင်း အချင်းချင်းရမ်းကားမှုနဲ့ တုန့်ပြန်ကြမှာလား
ကျွန်တော်တို့ဘယ်လိုတုန့်ပြန်မလဲ အကောင်းဆုံး စာရေးသူဘ၀ မရရှိတောင် ရည်ရှည်စာရေးသူ
တစ်ယောက်ဖြစ်ဖို့ အတွက် ၊ သူပြောသမျှ ခံနေလိုက်တာ ၊ ကိုယ့်အတွက်ရော စာချစ်သူတွေ
အတွက်ပါ အကောင်းဆုံး ငြိမ်းချမ်းခြင်း ပါပဲ ။
တချို့စာဖတ်သူတွေနဲ့ စာရေးသူတွေဟာ နားလည်သဘောပေါက်နိုင်စွမ်းဥာဏ် မရှိဘူး ၊ ဖင်ပိတ်
ငြင်းကြတယ်။မှတ်ယူသင့်တဲ့လမ်းပြမှုကို သေချာမတွေးတော မဆင်ခြင်တတ်သူတွေဟာ ဘယ်မှာ
နေနေ ဘယ်တော့မှ အကြံဥာဏ် အသစ်ကို မရရှိနိုင်တော့သလို နာမည်ရနိုင်ဖို့ ဆိုတာလည်း
ဝေးသွားပါပြီ ။ ဆရာတင်မိုးရဲ့ ကဗျာလေးတစ်ပုဒ်ကို ကျွန်တော်မှီငြိမ်းရေးသားပြီး ၀န်ခံစာနဲ့တင်
ပြပေးခဲ့ဘူးတယ် ၊ ဒီတော့ ထိုးနက်မှုက ကော်မန့်က ဘယ်လိုလာသလဲဆိုတော့ ။
ဒါမျိုးတွေ ကြုံလာပြန်တယ် ၊ ဒီလိုမြင်တွေ့လာရင် ၊ စာရေးသူတို့ စိတ်ဓာတ်ကျမှာလား ၊ မကျပါနဲ့
နောက်တခါ မမှီငြမ်းပဲ ကိုယ်ပိုင်ရေးသားနိုင်အောင် ၊ ကိုယ့်ကို မြှင့်တင်ပေးနေတယ်လို့ ၊ တွေးရ
ပါမယ် ။ တဦးနဲ့တဦး နားလည်မှုမရှိဘဲ ၊ ဘယ်သူဘာပြောပြော ကိုယ်ကပါပြန်ပြောနေရင် ၊ သူ့
အတွက် ကိုယ့်အတွက် ဘာတွေအကျိုးအမျက်ရသလဲ??? ။ အချိန်ကုန်ဒေါသထွက်ခြင်းသာကိုယ့်
အတွက်ရလဒ်ဖြစ်မှာပါ ။
အွန်လိုင်းပေါ်မှာ ကျွန်တော်အတွက်ထိုးနက်မှုတွေ များစွာကြုံခဲ့ဖူးပါတယ် ၊ ချစ်သူရှိသလို
မုန်းသူတွေလည်းရှိပါတယ် ၊ တချို့က ကြိုဆိုကြတယ် ။
တချို့ကလည်း အကောင့်နှစ်ခုဖွင့်ပြီး တဘက်လက်နဲ့ ရန်စ တာမျိုးလည်း တကယ့်ကို ရှိကြ
သလို ။ တချို့ကလည်း မဆင်မခြင်ဝေဖန်ရာကနေ ရန်ကျွေးရှိသူ ကိုယ်ပွားထင်ပြီး အမှုပိုကြီး
နေတတ်ပါတယ် . . . . . ။
တချို့ကလည်း တစ်ယောက်ယောက်ဝင်ပြောသွားတာကို ၊ ကိုယ်ပြောတယ်ထင်ပြီး
အမြင်လေးတွေ ၊ လွဲမှားတာမျိုး ရှိကြတယ် ။
ဒီအခါမှာ ကိုယ့်ကို ကြည့်မရတဲ့သူတွေကပါ ၊ တကယ်ထင်ပြီး
နောက်တဆင့် ဒီလိုမျိုးတွေ ၀င်ပြောလာတတ်ကြတယ် ။
********************************************************************
ဒီတော့ အွန်လိုင်းပေါ်က ရေးသူဖတ်သူ ကျွန်တော်တို့တွေဟာ ၊ ဝေဖန်မှုတွေ ” ရမ်းကား
မှုတွေ ၊ အထင်အမြင်လွဲမှားမှုတွေကို ၊ အကောင်းဆုံး တုန့်ပြန်ခြင်းဟာ ၊ ငြိမ်ငြိမ်လေး. . . .
နေပြီး ဘာမှ ပြန်မပြောချင်းသာ အကောင်းဆုံးပါ ။ စာရေးသူတွေမှ မဟုတ်ပါဘူး ၊ လူတွေ
အားလုံးဟာ ၊ ချီးမွန်းခြင်းကို ကျေနပ်တတ်ကြပေမယ့် ၊ ဝေဖန်မှုကိုတော့ မည်သို့မှ မလိုချင်
သူတွေပါ ။ ဒီတော့ သူများကို ဝေဖန်ဆုံးသပ်နေလျှင် ၊ မပြေလည်နိုင်တဲ့ အငြင်းပွားမှုတွေ ပိုပြီး
များလာမယ် ၊ သူများမပြောခင် ကိုယ့်ကိုယ်ကို ဘာတွေလိုအပ်နေသေးလဲ ၊ ငါလည်း ဒီလိုမကြုံ
ရအောင် ၊ ဘယ်လိုပြုပြင်ရေးသားရမလည်း ၊ တွေ့ရှိသမျှတွေကို သင်ခန်းစာယူပြီး မိမိကိုယ်ကို
စီစစ်သုံးသပ်နိုင်ရမယ် ။ ဒီလိုသုံးသပ်သူတွေဟာ ကိုယ့်ရဲ့လိုအပ်ချက်ကို နားလည်လာသလို
တပါးသူရဲ့ စိတ်ခံစားမှုတွေကိုလည်း ၊ မြင်တတ်လာမှာပါ ၊ သူများ မှားတာကို မြင်လို့ ပြောချင်ရင်
ချိုချိုသာသာနဲ့ နားလည်လွယ်ကူအောင် ပြောဆိုတတ်ရမယ် ၊ မိမိမှားတာကိုလည်း ရဲရဲဝင့်ဝင့်
ဝန်ခံရဲရပါမယ် ။ ဒါဆိုရင် မှားသူ မှန်သူ ကျွန်တော်တို့တွေ အားလုံး လမ်းမှန်ပေါ်ရောက်လာမယ် ၊
တဆင့် အများနှင့်လည်း အဆင်ပြေလာပါမယ် ။
ယနေ့ မပြေလည်မှုတွေဟာ ၊ တစ်ဦးနှင့် တဦး ၊ မဟုတ်မခံ ပြန်ပြောနေလို့သာ မိမိရဲ့စိတ်တွေ
ညစ်နွမ်းပြီး ၊ စားမ၀င် အိပ်မရ ဖြစ်တတ်ကြတယ် ၊ တကယ်လည်း ဖြစ်ပါတယ် ။ ပြန်ပြောချင်တဲ့
စကားလုံးတွေကို မျိုသိတ်ထားရခြင်းရဲ့ ဒုက္ခဆိုတာ ၊ ခဏလေးပါ ကိုယ်ပြန်မပြောတဲ့အတွက်
အများက ကိုယ့်ကိုယ် နားလည်ပေးလိမ့်မယ် ၊ ကိုယ်ပြန်ပြောလိုက်ရင် ၊ အရှုပ်အရှင်းပြဿနာ
တွေက ၊ပိုကြီးထွားလာနိုင်ပါတယ် ။အပြင်လောကမှာ ရှုပ်နေတာကို ရှင်းရတာလွယ်ကူသလောက်
အွန်လိုင်းပေါ်မှာကတော့ ရှင်းလေရှုပ်လေပါပဲ ။ဘာအကြောင်းလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရှု့ထောင့်
ကနေ တွေးပေးလိုက်ရင် ကိုယ့်အလှည့်လည်း ကောင်းတဲ့ ရှု့ထောင့်ကနေ ပြန်တွေးပေးပါ လိမ့်
မယ် ။ ဒါကြောင့် ဒေါသတိုင်း၏ ရလဒ်သည် ဘယ်တော့မှ ကောင်းကျိုးမပေးဘူးတိုတာ သိထား
ကြရင်း ။ ကိုယ့်ကိုယ် ဘယ်သူတွေ ဘယ်လောက်ပင် ဝေဖန်နေပါစေ ဆဲဆိုနေပါစေ ရမ်းကား
နေပါစေ ၊ ရည်ရှည် စာရေးတစ်ယောက်ဖြစ်ဖို့ ၊ မိမိရဲ့စိတ် ထာဝစဉ် ချမ်းသာနေချင်ရင်တော့ ။
“ ဘယ်သူပြောပြော မိမိမှ ရိုင်းဆိုင်းစွာ ပြန်မပြောဘဲ ငြိမ်ငြိမ်နေခြင်းနှင့် ရည်ရှည်အောင်မြင်သော
စာရေးတော်သူများ ဘသကို ပိုင်ဆိုင်ရင်း မိမိတိုးတက်ရေးကို တက်လှမ်းနိုင်ကြပါစေလို့ အကြံ
ဥာဏ်ပေးလိုက်ပါရစေခင်ဗျာ . . . . ။
♣ ♣ ♣ ဂျူပီတာ ကိုရင်မောင် ♣ ♣ ♣






0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်