Pages

Wednesday, 12 October 2011

မျက်ရည်ဆမ်းသောည

အငွေ့ တစ်ထောင်းထောင်း ထနေသည့် ရယ်ဒီမိတ် ခေါက်ဆွဲပြုတ်ပန်းကန်ကို လက်က လှမ်းရင် ဆာနေသောဗိုက်ကို ဖြည့်ဆည်းရန် စိတ်အားထက်သန်နေမိသည်...........။


ရပ်ဝေးတစ်နေရာမှာ ဖြစ်သလိုစား ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်နဲ့  နှစ်ပါးသွားရတာကတော့ မထူးဆန်းတော့ပါ...။အလုပ်ချိန်တွေထဲမှာ ခေါင်းနှစ်ရင်း ၊ အိမ်ကိုငွေပို့ နိုင်ဖို့  ၊ နိုင်ငံတော်ကို အခွန်ဆောင်ဖို့  ငွေကို စုဆောင်းချွေတာရင် ကုန်ကျစရိတ်လဲ သက်သာ အချိန်ကုန်လဲသက်သာသည့် ခေါက်ဆွဲခြောက်ထုတ်ပြုတ်သည် သူမတို့ လို အိမ်ဝေးသူတွေအတွက် နတ်သုဒ္ဓါ စားသောက်ဖွယ်ရာပမာ မြိန်ယှက်စွာ စားနေကြရတဲ့ တစ်ပတ် ခုနှစ်နပ် စားသောက်စရာ....။
ပူနေတုန်းလေး တစ်မုန်းဆွဲလိုက်မယ် စိတ်က ကူးလိုက်ခါမှ အတွေးထဲသို့  တစ်စုံတစ်ချို့ က ရုတ်တရက်ဝင်ရောက်လာပြန်ရော....။
“အော်..ဒီနေ့  သီတင်းကျွတ် လပြည့်နေ့ ပေပဲ..။ လပြည့်နေပေမဲ့ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်၍ ပိတ်ရက်တော့မရှိပါ.....။ တစ်နေ့ လည်ခင်းလုံးကိုတော့ အလုပ်ထဲမှာ ကုန်ဆုံးသွား၍ လပြည့်နေ့ ဆိုတာ သိလိုက်ပေမဲ့ အမှုမထားမိလိုက်ပါ......။ ခုတော့ ညအချိန် တစ်ကိုယ်တည်း ဆွေးမြေ့တဲ့ အတွေးတစ်ပိုင်း တစ်စက ရွာကို ပြန်ရောက်သွားခဲ့လေ၏........။
ဒီအချိန်ဆို ရွာမှာ အရမ်းစည်ကားနေမှာပါပဲ.......။ လသာသာအောက်မှာ သူ့ ထက်ငှာအပြိုင် ဆီမီးတွေ ထွန်းညှိကြရင် တစ်မြို့ လုံးလဲ ဆီမီးထိန်ထိန်ညီနေမှာသေချာပါသည်......။ မိဘ ၊ဘိုးဘွား ၊ဆွေမျိုးသားချင်းထဲမှ အသက်ကြီးသူများကို ဂါရဝပြု လိုက်လံကန်တော့ကြရင်း ရွာလမ်းတစ်လျှောက် စည်ကားနေမှာကိုလဲ တွေးနေမိသည်......။


မိမိမှာတော့ ကိုယ်ပိုင်ဆိုင်တဲ့ အခန်းလေးထဲမှာသာလျှင် မိဘ များအားစိတ်ဝယ်မှန်းဆရင် ရည်စူးကန်တော့ခဲ့တဲ့ နှစ်တွေက အဘယ်မျှရှိနေပြီလဲ.............။
လမ်းမပေါ်က မာကျူရီမီးရောင်စုံများကို ငေးကာကြည့်ရင်း ထိန်ထိန်သာတဲ့ ဖိုးလမင်းကြီးနဲ့  ကောင်းကင်အောက်မှာ သူ့ ထက်ငှာအပြိုင် လွတ်တင်နေကြတဲ့ သီတင်းကျွတ်မီးပုံးရောင်စုံတွေရဲ့  အလင်းက ပိုများလင်းနေမလားလို့  နှိုင်းယှဉ်ကြည့်မိပြန်သည်..........။


အိမ်ကိုလွမ်းတဲ့ စိတ်နဲ့  ပါးပြင်တစ်လျှောက်စီးကျလာတဲ့ မျက်ရည်တစ်ချို့ ကို ကဗျာကယာ ပြန်ကာသိမ်းရင်း မြတ်စွာဘုရားရှင်အားအမှုထား ရဟန်းသံဃာ အပေါင်းနှင့် မိဘ ၊ဘိုးဘွား ၊ ဆရာသမား တို့ အား ကျေးဇူးဆပ် ဂါရဝပြု ကန်တော့ရန် ပြင်ဆင်လိုက်ပါတော့၏............။

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




1 comment:

  1. တနေ့မှာ မေ ချစ်တဲ့ မိသားစု၊ အပေါင်းအသင်းများနဲ့ သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်တိုင်းမှာ ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးတယ်နော်..။

    နင့်ကိုချစ်တဲ့
    ဂျုံဖုတ်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်