ဝါကျင်ကျင်မီးရောင်အောက်မှာ
အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေသည့် သားရဲ့  မျက်နှာကို လှမ်းကာငေးကြည့်ရင်း
လေပူကို တစ်ချက်ရှိုက်ကာ မှုတ်ထုတ်လိုက်မိ၏...။
မျက်လုံးအစုံက ခပ်လှမ်းလှမ်းက စားပွဲဆီသို့  အကြည့်တစ်ချက်ရွှေ့ လျားသွားပြန်သည်.............။
ထိုစာပွဲပေါ်တွင် နေ့ ခင်းကတည်းက ဒီအတိုင် ပစ်ကာတင်ထားသည့် စာရွက်လိပ်ကလေး တစ်လိပ်..။ တနည်းပြောရလျှင် နေ့ ခင်းက စိတ်ပျက်လက်ပျက်နှင့် သူမ ပစ်တင်ထားသည့် ကွာရှင်းစာချုပ်...။ဒီစာချုပ်လေးက သူမအတွက် ငြိမ်းချမ်းခြင်း ခရီးအစလေလား........။
မသေချာတဲ့ ခရီးတစ်ခုကို မိမိနှင့် သားလေး မည့်သို့ မည်ပုံ ဖြတ်သန်းရမည် မသေချာပေမဲ့ ထိုလမ်းကို မရွေးမဖြစ် ရွေးခဲ့ရတာမို့  ခွန်အားရှိသလောက်တော့ ဆက်လျှောက်ရန် မြနှင်းဆီ ဆုံးဖြတ်ချက်ချလိုက်မိ၏..........။
ဘယ်ဘဝက ဝဋ်ကြွေးတွေကများ ဆပ်လို့  မကုန်နိုင်မှန်းမသိတော့ပါ......။ မိမိ၏ ဘဝမှာ ဘဝခရီးလမ်း ဖြောင့်ဖြူးသာယာမှုဆိုတာ မရှိသလောက် ရှားပါခဲ့ပါသည်...........။ ငယ်စဉ်ကတည်းက အခန့် မသင့်၍ လမ်းခွဲခဲ့ကြသည့် မိဘနှစ်ပါးကြောင့် သူမနှင့် အစ်ကိုဖြစ်သူအောင်ထွန်း မိဘမဲ့ ဖြစ်ရှာ၏......။
အိမ်ထောင်သစ် ကိုယ်စီထူထောင်လိုက်ကြသည့် မိဘတွေကြောင့် သူမတို့  မောင်နှမတွေ ဘွားအေဖြစ်သူ၏ လက်ထဲတွင်သာ ကြီးပြင်းခွင့်ရခဲ့လေသည်...........။ ရွယ်တူ ကလေးတွေရဲ့  ကဲ့ရဲ့  ဖြစ်တင်မှုနှင့် နှိမ့်ချမှုတို့ ကို အကြိမ်ကြိမ် ကြုံကြိုက်လာရရင်း ရင်ထဲမှာ ဒဏ်ရာတို့ က အထပ်ထပ်..........။
မိဘက လစ်လျူရှူကာထားခံရသည့် ကလေး ဆိုသည့် အသုံးအနှုန်းနှင့် ထိုထက်ကြမ်းတမ်းသော စကားလုံးများကို သုံးကာပြောတတ်သော လူကြီးတစ်ချို့ ရဲ့  ဒဏ်ကို သူမနှင့် အစ်ကိုဖြစ်သူတို့  အကြိမ်ကြိမ်ခံစားရရင်းဘဝက ညှိုးငယ်စွာ ရှင်သန်ခဲ့ရသည်...........။
ထိုရိုက်ခတ်မှုဂယက်ကြောင့်ပင် အစ်ကိုဖြစ်သူသည် ထိုပတ်ဝန်ကျင်ကို စွန့် ခွာ၍ တေလေတစ်ယောက်ပမာ ဘဝလမ်းကြောင်းပြောင်းသွားခဲ့ရသည်.........။ စားဝတ်နေရေးကို ဦးတည်ရုန်းကန်နေရတဲ့ ဘွားအေရဲ့  ဆိုဆုံးမခြင်း လစ်ဟာမှုကြောင့်လား ပတ်ဝန်းကျင်ရဲ့  ရိုက်ပုတ်ဒဏ် မခံနိုင်မှုကြောင့်လား ကိုယ်တိုင်ကပဲ မလိမ္မာခဲ့၍လားတော့ မသိ..သူမတို့  မောင်နှမ လေလှော်ရင်း လမ်းတစ်ဝက်၌ တက်ကျိုးခဲ့၏..........။
သူမ စောလျင်စွာပင် အိမ်ထောင်ကျခဲ့သည်...........။ အိမ်ထောင်ဖက်မှာ အခြေအနေမဆိုးလှဟု ပြော၍ ရလောက်သော အခြေအနေ.....။ ပိုက်ဆံရှိသူ တစ်ယောက်မဟုတ်ပေမဲ့ အလုပ်ကြိုးစားတာမို့  ပူပင်စရာတော့ သိပ်မရှိ.......။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု သဘောပိုက်ထားသော ကျော်ဇောကြောင့် လင်မစားနှစ်ယောက် ချစ်ချစ်ခင်ခင်နှင့် ဘဝလေးက ငြိမ်းချမ်းခဲ့ပါသည်............။
သို့ သော်.......................
ကျော်ဇော်မှာ သားလေး မြတ်မင်း မွေးအပြီးတွင် မူပျက်စ ပြုလာခဲ့သည်........။ အလုပ်ထဲမှ ဝင်ငွေကို ပုံမှန်မအပ်တော့..............။
“ကိုကျော်...ခုနောက်ပိုင်း အိမ်အသုံးစရိတ်တွေ မလောက်ဘူး....။ အရင်က စုထား ဆောင်းထားတာတွေလဲ ပြန်ဖဲ့သုံးလို့  ကုန်ပြီ....။ ဒီအတိုင်းဆို နောက်လတွေ ဘယ်လိုလုပ်မလဲ...။ မြကို ပိုက်ဆံထပ်ပေးအုံးလေ”
“ဟ...မင်းက ဘယ်လိုသုံးတာလဲ ...ငါ ဒီထက်တော့ ထပ်မပေးနိုင်ဘူး...။ ပေးတာကို လောက်အောင်သုံး”
“မဖြစ်နိုင်တာပဲ ကိုကျော်ရယ်...။ ခုနောက်ပိုင်း ကိုကျော်ပေးတဲ့ ပိုက်ဆံက တစ်လပြည့်အောင်သုံးဖို့ မပြောနဲ့  လတစ်ဝက်နဲ့ တင် ကုန်နေပြီးရှင့်...။ ကလေးကလဲ ငယ်နေတယ် မြလဲ အလုပ်လုပ်လို့ မရသေးဘူး...ကလေးဝေယာဝစ္စကလဲ ကုန်ဖို့  ရှိနေသေးတယ်..”
“မရဘူး..ဒီထက်ပိုပြီး ငါ ထပ်မပေးနိုင်ဘူးး...မလောက်ရင် မင်းဘာသာမင်း လောက်ငှအောင် ကြံဖန်ရှာယူ”
ပြောထွက်လိုက်တာဟု တွေးဖြစ်လိုက်မိသည်.........။ သူ့ ဝင်ငွေမှာ ထိုမျှလောက်မဟုတ်တာ သူမသိသည်...။ အရင်ကနှင့်မတူ ပြောင်းလဲလာသည့် ကိုကျော်ကြောင့် သူမ ထိုလင်ယောင်္ကျားအပေါ်သံသယ ဝင်လာမိသည်.......။
အမြဲတမ်း နီးပါးတွေဝေငေးမှိုင်နေတတ်သော ကိုကျော်သည် သူမအားလဲ တော်ယုံ အကပ်မခံ..။ အစကတော့ သားလေးငယ်နေသေး၍ လို့  သဘောရိုးနှင့်သာတွေးခဲ့မိသည်.........။ ခုတော့ ထိုမျှလောက်တော့ မဖြစ်နိုင် ဟု ပို၍ ယုံကြည်လာမိသည်......။ သူမနောက်ကွယ်မှာ ကိုကျော်ဘာတွေများ ခြေရှုပ်နေပါလိမ့်........။ ရင်မှာ အပူမီးတို့  လှိုင်းထခဲ့ချေပြီး............။
ကိုကျော်ရဲ့  အရိပ်အခြေကို စောင့်ကြည့်နေရင်း သူမ နောက်ဆုံးတော့ အဖြေတစ်ခုကို တုန်လှုပ်စွာ သိခဲ့ရသည်.......။ ကိုကျော်ရဲ့  မငြိမ်သက်သော သောင်းကျန်းမှုတွေကြောင့် ဟုဆိုလျှင်လဲ မမှားပါ.......။
မှန်ပါသည်..............။ ကိုကျော်သည် စိတ်ကို ကယောင်ခြောက်ခြားနှင့် အမှောင်တွင်းသို့  သွပ်သွင်းခြင်းကို ခိုင်းစေတတ်သည့် မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ယောက် အဖြစ်သို့  သက်ဆင်းခဲ့သည့် မူးယစ်ကျွန်...............။
ထိုနောက်ပိုင်းမှစ၍ ကိုကျော် အလုပ်ကို ကောင်းစွာမလုပ်.....။ရီဝေမူးယစ်နေရင်း ဘဝကို ကျေနပ်နေသူ.......။ မယားနှင့်သားစားဖို့  သောက်ဖို့  ဆိုတာလဲ မတွေးတော့ ......။ သူလိုအပ်တဲ့ ရိက္ခာရနေရင် ပြည့်စုံပြီး.........။
သိုပေမဲ့ ထိုမျှလောက်နှင့်မပြီး........။
“မြ......ဟေး....မြ ..ကောင်မ ..ဘယ်မလဲ..လာစမ်းခု..ငါ့ကို ပိုက်ဆံပေး...ငါ ပိုက်ဆံလိုနေတယ်....”
“ကိုကျော် မြမှာ ဘယ်လိုလုပ်ပိုက်ဆံရှိမှာလဲ...စားဖို့ တောင်မလောက်ဘူး”
“စားဖို့ မလောက်ရင် မစားနဲ့ ...ဟိုနေ့ က ပိုက်ဆံတွေ ငါ့ကိုပေး”
“ပေးလို့ မဖြစ်ဘူးကိုကျော်..အဲ့ဒါတွေက ဒိုင်ကို ပြန်ဆပ်ရမဲ့ ပိုက်ဆံတွေ”
ကိုကျော်အလုပ်မလုပ်တော့ကတည်းက စားဝတ်နေရေးအတွက် ခေါက်ပြန်ပေးနှင့် ဟင်းရွက်ကြိုကာယူရင်း ကလေးခါးချီတင်ကာ လမ်းတကာဈေးလှည့်ရောင်းခဲ့ရသည်...။ ဒီပိုက်ဆံတွေတော့ သူမ ကိုကျော်လက်ထဲထည့်လို့ မဖြစ်..။ ဒီပိုက်ဆံ ပြန်မပေးရင် နောက်ထပ် ကုန်စိမ်း သူမထပ်ယူ၍မရ ထိုအခါ နောက်နေ့ အတွက် သူမအိမ်မှာ စားစရာရှိမည်မဟုတ်ပေ..........။
“တယ် ငါပြောနေတယ် ဒီမိန်းမ...ပြောလို့ မရဘူးလား ..ကဲကွာ ..ကဲကွာ....”
ပါးစပ်နှင့် ပြောလို့ မရ၍ လက်က ပါလာပြန်ရော.......။ ဒီလိုလက်ပါတာ အကြိမ်ပေါင်းများပြီ....။ အမေကို ၇ိုက်တာတွေ့ တော့ ဘာမှ နားမလည်သေးသည့် သားက ငို...။ အိမ်နီးနားချင်းတွေက ဝင်ကာဆွဲနှင့် ဆူညံနေတတ်သည်.......။ ထိုအခါ ဝင်ဆွဲသည့် အိမ်နီးနားချင်းတွေကိုလဲ သောင်းကျန်းတတ်သော ကျော်ဇော်ကြောင့် အကြိမ်ပေါင်း များလာတော့ ဘယ်အိမ်နီးနားချင်းမှ ဝင်မပါတော့ပဲ မမြင် မကြားသည့်အလားနေ၍ ပတ်ဝန်းကျင်မှာ မိမိတို့  မိသားစုကို အဆက်ဖြတ်ခဲ့ကြသည်..........။
နောက်ပိုင်း လက်ချည်းသာမက ..တုတ်စွဲ...ဓားစွဲ..မိမိကိုသာ မက အိမ်က ရှိသမျှ ပစ္စည်းတွေလဲ မကျန် ချိုးနှက် ရိုက်ခွဲ ခုတ်ပိုင်းနေရင် စိတ်က မူမှန်ပုံမရတော့.......။ မြနှင်းဆီ ကျော်ဇော်အား တဖြည်းဖြည်းကြောက်ရွံလာခဲ့ပြီး..။ သူ့ မှာ အသိစိတ်မရှိတော့.........။ မတော် မိမိနှင့် မိမိ၏သားလေးရဲ့  အသက်အန္တာရယ်ကို ရန်မရှာဘူးဟု အာမမခံနိုင်.......။
ဆုံးဖြတ်ချက်တစ်ခုကို သူမ ချလိုက်သည်.........။ ထိုဆုံးဖြတ်ချက်ကို ချဖို့ ရန် သူမ အတော် ခက်ခဲစွာ ကြိုးစားခဲ့ရသည်.........။ မိဘများရဲ့ ပြိုကွဲခဲ့သော အိမ်ထောင်ရေး အခြေအနေအောက်တွင် နာကျင်စွာ ဖြတ်သန်းလာရသော သူမအတွက် သူမ၏ သားလေးကို ဖတဆိုးသားလေးအဖြစ် မကြီးပြင်းစေလို............။
သို့ သော် ယခုကဲ့ သို့ သော် အခြေအနေနှင့်စာလျှင် ဖတဆိုးသားလေးအဖြစ်ကမှ သားလေးအတွက် လုံခြုံမှုရှိသေးသည်ဟု အကြိမ်ကြိမ်တွေးရင် သက်ပြင်းအကြိမ်ကြိမ်ရှိုက်လျှက် ပိုင်နိုင်သော ဆုံးဖြတ်ချက်ကို ချလိုက်ပြီး တစ်ခြမ်းပဲ အိမ်ထောင်ရေး အဖြစ်သို့  လက်မှတ်တစ်ခုနှင့် ပြောင်းလဲပြစ်ခဲ့လိုက်သည်...........။
ထိုအရာကား စောစောက သူမ ငေးမောကြည့်ခဲ့သည့် ကွာရှင်းစာချုပ်...........။ထိုစာချုပ်ကြောင့် သူမနှင့် ကျော်ဇော် သူစိမ်းအဖြစ်သို့  ရောက်ရှိသွားပြီး...........။ သားလေးမှာ မိစုံဖစုံနှင့် နေခွင့်မရှိတော့........။
ဒါပေမဲ့ ဖြတ်သန်းခဲ့ရသည့် သူမ၏ ဘဝနာကျင်မှုများ သားလေးထံမှာ မကျရောက်စေရ.....။ အဖမရှိပေမဲ့သူမတစ်ယောက်တည်းနှင့် သားလေးအပေါ် အမိမေတ္တာရော အဖမေတ္တာပါ နှစ်ဆတိုး၍ ပေးအပ်ကာ ချစ်မေတ္တာတွေ ပုံအပ်ခါပေးလိုက်မည်......။ သူမကြီးပြင်းခဲ့ရတဲ့ အပယ်ခံ သားအဖြစ်တော့ သူမရခဲ့သည့် ဘဝသင်ခန်းစာကြောင့် သားလေးကို ထိုသို့  မနာကျင်ရအောင်ဂရုစိုက်မည်........။
သူမအစွမ်းရှိသလောက် ကာကွယ်စောင့်ရှောက်မည်........။
လင်ယောကျာင်္းကို ကွာရှင်းခဲ့ပေမဲ့ ထိုကွာရှင်းမှုအပေါ် လစ်ဟာမှုမရှိတဲ့ မေတ္တာတွေနှင့် သားလေးဘဝငြိမ်းချမ်းအောင် မိခင်မေတ္တာတစ်ခုတည်းနှင့်သူမ လုံခြုံအောင်ကာကွယ်သွားမည်ဟု အံကြိတ်ကြုံးဝါးရင်း သံဓိဌာန် ချလိုက်လေ၏.........သားလေးတစ်ယောက်ထဲနှင့် သူမဘဝ ပြည့်စုံပါသည်...........။
သူမတစ်ယောက်ထဲ၏ မေတ္တာနှင့်လဲ သားလေးဘဝပြည့်စုံစေရမည်.......။
လစ်ဟာမှုဆိုတာ မရှိစေရ............။

အိမ်ထောင်ရေး ဇာတ်လမ်းလေးကို လူပျိုလေးကျွန်တော် ခံစားဖတ်ရှုသွားပါတယ်ဗျာ။။။ အိမ်ထောင်မှု၊ဘုရားတည် ၊ဆေးမှင်ရေ စုတ်ထိုး ဤ (၃)မျိုး ချက်မပိုင်ရင် နောင်ပြင်ရန် ခက်သည့်အမျိုးလို့တော့ ကြားဖူး၊ မှတ်သားဖူးပါရဲ့။။။။
ReplyDeleteခုမှ ရောက်လာဖြစ်တယ် အစ်မ မေသဇင်ရေ
ReplyDeleteစာလေးတွေ ဖတ်သွားပါတယ်နော်...