ပါဝင်သော ပစ္စည်းများ
၁။ မုန်လာဥကြီး (၂)လုံးခန့်
၂။ ပုဇွန် (၁၀)သား
၃။ ငရုတ်သီးအရောင်တင်မှုန့် စားပွဲတင်ဇွန်း (၁) ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည်)
၎။ နနွင်းမှုန့် အနည်းငယ်
၅။ ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းခန့်
၆။ဆားအနည်းငယ်
၈။မန်းကျည်းသီးမှည့် စားပွဲတင်ဇွန်း (၁) ဇွန်းခန့်
၉။ ဟင်းမွှေးမဆလာ အနည်းငယ်
၁၀။ ကြက်သွန်နီ ဥကြီး (၁) ဥ
၁၁။ ကြက်သွန်ဖြူ (၃)မွှာ
ရသာမှုန့် /အချိုမှုန့် စားသုံးမည်ဆိုလျှင် မိမိစိတ်ကြိုက်အနည်းငယ် ထည့်နိုင်ပါသည်။
ချက်ပြုတ်နည်းအဆင့်ဆင့်
၁။ ပုဇွန်ကို ဦးခေါင်းခွံနွှာ ၊အညစ်အကြေးထုတ် ရေစင်စင်ဆေးပြီး အသင့်ပြင်ဆင်ထားပါ။
၂။ မုန်လာဥကို အခွံနွှာ မိမိစိတ်ကြိုက် ပုံစံအနေအထား လှီးဖြတ်ထားလိုက်ပါ။
၃။ကြက်သွန်ဖြူ၊နီတို့ကို ငရုတ်သီးမှုန့် ၊နနွင်းမှုန့်တို့နှင့်ရောထောင်း။ ငရုတ်ဆုံထောင်းရန် အဆင်မပြေသူများ ကြက်သွန်ဖြူ၊နီတို့ကို ခပ်သေးသေးအရွယ်အစား လှီးကာ ထိုတိုင်းထည့်နိုင်ပါသည်။
၎။ မိမိချက်မည့်အိုးထဲတွင် မုန်လာဥ၊ပုဇွန်၊ကြက်သွန်ဖြူ၊နီ၊ငရုတ်သီမှုန့်၊ဆီ၊ဆား၊ရသာမှုန့် စသည်တို့ကို အတူထည့်နှယ်ကာ ရေစပ်စပ်လေးထည့်၍ အဖုံးလုံအောင်ပိတ်ပြီး မီးဖိုပေါ်တွင် တည်ထားလိုက်ပါ။
၅။ ထိုအချိန်တွင် မန်ကျည်းသီးမှည့်ကိုရေဖြစ် ဖျော်ထားပြီးအသင့်ပြင်ထားလိုက်ပါ။
၆။ ဟင်းအိုးဆူလာ၍ မုန်လာဥများနူးလောက်ချိန်တွင် မန်ကျည်းသီးမှည့်ဖျော်ရည်ထည့်ပြီး ဆူအောင်ပြန်တည် ထားလိုက်ပါ။
၇။ ထို့နောက် ရသာ အပေါ့အငန်မြည်း၍ အနေတော်လေးဖြစ်လာလျှင် ဟင်းမွှေးမဆလာအုပ်က ဟင်းအိုးကို မီးဖိုပေါ်မှာ ဖယ်ရှာပေးနိုင်ပါပြီရှင်..။
အချိန်ကုန်သက်သာ၊ လူသက်သာပြီး ရသာကောင်းမွန်သည့် မုန်လာဥနှင့် ပုဇွန်ချည်ရည်ဟင်းတစ်ခွက်ကို အသင့်သုံးဆောင်နိုင်ပါပြီရှင်။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်