ကျွန်တော်ချစ်ခဲ့ရတဲ့ အမည်ပိုင်ရှင်.............။
မဝါနဲ့  ကျွန်တော့်ရဲ့ တွေ့ ဆုံချင်းကတော့ မလှပခဲ့ပါ...........။
တစ်စိမ်းတရံ မျက်နှာစိမ်း ၊ ဒေသစိမ်းတွေအလည်မှာ မဝါနဲ့  ဆုံတွေ့ ခဲ့ရတာပါ......။
ဆုံတွေ့ ခါစမှာ ကျွန်တော့ မဝါကို တစ်စက်ကလေးမှ ကြည့်မရခဲ့ပါဘူး..။
မဝါရဲ့  အေးစက်စက်နဲ့  နွေးထွေးမှု မရှိတဲ့ မျက်နှာပြင်ကို မုန်းတယ်...........။
နူးညံ့မှုတွေမရှိတဲ့ အထိအတွေ့ က ကျွန်တော့်ရင်ကို ခါးသက်စေတယ်...........။
မာကြောတဲ့စကားလုံးတွေက မဝါမျက်နှာကို နောက်တစ်ကြိမ် မကြည့်ချင်လောက်အောင် ဖန်တီးလေတာလားကွယ်...။
တွေ့ ဆုံစဉ်ကာလမှာ မဝါကို အမုန်းကြီးမုန်းခဲ့တဲ့ ကျွန်တော် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ကျွန်တော့ရဲ့  မျက်နှာစိမ်းဒေသမှာ ဘုရင်မကြီးတစ်ပါးအလား ဩဇာအာဏာတွေ လွှမ်းမိုးနိုင်လွန်းတဲ့မဝါကို ပင့်သက်တွေအကြိမ်ကြိမ်ရှိုက်ရင်း တွေ့ ဆုံနေရတာ ဘယ်လောက်များ ပင်ပမ်းခဲ့သလဲ မဝါ သိခဲ့ရဲ့ လား ....။
သာယာလှပတဲ့ နေ့ တစ်နေ့ ရဲ့  နံနက်ခင်းအစမှာ မဝါရဲ့  အေးစက်မာကြောကြမ်းတမ်းတဲ့ မျက်နှာကို နေ့ စဉ်မြင်တွေ့ ခွင့်ရခဲ့တာ ကျွန်တော့အတွက်တော့ ဝဋ်ကြီးတစ်ပါးလို့  ထင်ခဲ့မိတာ အကြိမ်ကြိမ်ပါ မဝါ...........။
ဒါပေမဲ့ မဝါရယ်..............။
မဝါရဲ့  ညှို့ ငင်ချက်တွေက ပြင်းထန်လွန်းလှပါတယ်............။
မဝါကို မုန်းတယ်လို့  တဖွဖွ ရေရွတ်နေတဲ့ ကျွန်တော့်ရင်မှာ ဘယ်အချိန်ကများနေရာဝင်ယူခဲ့လဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် သတိမမူမိခဲ့ဘူး............။
ကျွန်တော့်ကိုယ် ကျွန်တော်သိလိုက်ချိန်မှာ မဝါ ကျွန်တော်ရင်ထဲ အမြစ်တွယ် စွဲလမ်းနေခဲ့ပြီ..........။
ကျွန်တော်မဝါကို ဆုံးရှုံးရမှာ စိုးရိမ်တတ်လာခဲ့ပြီ...........။
မဝါကို မနက်မိုးလင်းတိုင်း တိတ်တခိုးရှာဖွေတတ်လာခဲ့ပြီ.............။
အမြဲတမ်းမပြောင်းလဲတဲ့ ခံစားမှုမဲ့ အေးစက်စက်မျက်နှာကို တွေ့ တော့မှ ရင်ထဲက သောက လေပူတစ်ချက်နဲ့  ဖြေဖျောက်တတ်ခဲ့ပြီ............။
ကျွန်တော့ရဲ့ စွဲလမ်းစိတ်တွေနဲ့  အချစ်တွေ မဝါအပေါ်မှာ ပုံအပ်လိုက်ကာမှ တုန်လှုပ်စွာသိလိုက်ရတာက ကျွန်တော်မဝါကို ခွဲရတော့မယ်.............။
မဝါရှိတဲ့ အရပ်ဒေသကို ကျွန်တော်စွန့် ခွာသွားရတော့မယ်.............။
ကျွန်တော်မခွဲနိုင်ဘူး မဝါ...........။
မဝါကို သိပ်ချစ်နေမိပြီလေ............။
နေရာသစ်မှာ မဝါကို နေ့ တိုင်းဆုံတွေ့ ဖို့ ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူပါဘူး..........။
အစားထိုးစာရာတွေ ရှိနိုင်ကောင်းရှိနိုင်ပေမဲ့ ကျွန်တော်မဝါကိုပဲ ချစ်တယ်.............။
ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ...........။
ကျွန်တော့ရင်ထဲမှာ နာကျင်နေတယ်.............။
မဝါကို ခွဲရတော့မယ် ဆိုတဲ့ အသိနဲ့  ကျွန်တော့ရင်ထဲမှာ တိုးတိုးလေး ငိုနေမိတယ် မဝါ.........။
တစ်ချိန်က မဝါမရှိရင် ကောင်းမှာပဲလို့  တွေးမိခဲ့တဲ့ ကျွန်တော် မဝါရှိတဲ့ အရပ်ကနေ ထွက်ပြေးချင်ခဲ့တဲ့ ကျွန်တော် ခုတော့ မဝါအပါးက တစ်ဖဝါးမခွာနိုင်တာ မဝါတစ်ယောက် သိပါလေစ............။
ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ မဝါကတော့ ကျွန်တော့်လို ပမွှားလေးတစ်ကောင်ကို အာရုံမထားဘူးဆိုတာ သေချာသိပေမဲ့ ကျွန်တော် မဝါကို မေတ္တာမပျက်ချစ်ခင်ခဲ့တာပါ မဝါ.........။
အိနြေ္ဒကြီးတဲ့မဝါရေ....................
ဌာနီကို ကျွန်တော်ပြန်ရတော့မယ်............။
ကြည်လင်နေတဲ့ နှလုံးသားနဲ့  နေရာသစ်ကို ရောက်ခဲ့တဲ့ ကျွန်တော် နာကျင်မှုအလွမ်းတွေရင်မှာပိုက်ပြီးပြန်ရတော့မယ်...........။
အိမ်မပြန်ခင် မဝါကို ရင်ထဲက တိတ်တစ်ခိုး ချစ်ခဲ့မိတဲ့ အကြောင်း ရင်ဖွင့်သွားပြစေနော်..........။
မဝါနားထောင်ပေးပါ............။
အေးစက်စက် မဝါမျက်နှာကို ထိတွေ့ ခွင့်လေး ပေးပါ...........။
ကြမ်းတမ်းတဲ့ မဝါရဲ့  စကားလုံးတွေကို ရင်ထဲစီးဆင်းသွားတဲ့ထိ နားဆင်မျိုချခွင့်ပေးပါ.........။မဝါမျက်နှာပြင်ကို ထိတွေ့ ခဲ့တဲ့ ကျွန်တောါလက်ချောင်းတွေကို ဖွဖွလေး ပြန်လည်ခိုးနမ်းခွင့် ပေးလှည့်ပါ မဝါရယ်............။
ကျွန်တော့်ရဲ့  ရင်ထဲက မဝါအပေါ် ချစ်ခဲ့တဲ့ တိတ်တခိုးအချစ်တွေကို သိသွားတဲ့ ကျွန်တော့်သူငယ်ချင်းများ ကျွန်တော်မဝါကို ချစ်တဲ့အကြောင်း ဝိုင်းကူကာ ပြောပေးကြပါနော်...........။
ကျွန်တော်ချစ်တဲ့ မဝါကို သူငယ်ချင်းတို့ လဲ သိပါတယ်.........။
မဝါဆိုသူက ကျွန်တော်တို့  သင်တန်းကျောင်းမှာ နေ့ စဉ်နှင့်အမျှ ဆုံတွေ့ ရတဲ့ ပစ္စလက္ခချက် အရည်ကျဲကျဲ အေးစက်စက် ပဲဟင်းတစ်ခွက်လေ........။
တွေ့ မြင်စမှာ လူတိုင်း နှားခေါင်းရှုံ့ ကာ ဖယ်ခွာခဲ့ပေမဲ့ ကာလကြာရှည်လာတာနှင့်အမျှ မရှိမဖြစ်တမ်းတခဲ့ရသူ ကျွန်တော်ချစ်တဲ့ မဝါ...............
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
လာသွားတယ်။ ပဲဟင်းခွက်ကလေးကို မြည်းစမ်းသွားပါကြောင်း။း)
ReplyDeleteခင်တဲ့
မေသိမ့်
သိပြီ.. မေ ပဲဟင်းကြိုက်တယ်ဆိုတာ
ReplyDeleteစိတ်ချ.. အိမ်ကိုဖိတ်ကျွေးရင် ပဲဟင်း တစ်အိုးလိုက်ကြီးနဲ့ ကျွေးမယ်နော်... ဟိ
အစက ကောင်မလေးမှတ်လို့ 
ReplyDeleteနောက်တော့ ပဲပာင်းကြီးပာ