ပါဝင်ပစ္စည်းများ
၁။ အမဲသား (၅၀) ဆယ်သားခန့်
(မိမိကြိုက်ရာ အမဲသားကို အသုံးပြုနိုင်ပါတယ်။ ဒီနေ့တော့ နံရိုးနားကပ်နေတဲ့ အပိုင်းနဲ့ လုပ်ထားတာပါ။)
၂။ သစ်တော်သီးတစ်လုံး
၃။ ကြက်သွန်နီဥကြီး (၁) လုံး
၎။ ဂျင်း လက်တစ်ဆစ်ခန့်
၅။ ပဲငံပြာရည် စားပွဲတင်ဇွန်း (၁၀) ဇွန်း
၆။ သကြား စားပွဲတင်ဇွန်း (၅) ဇွန်း
၇။ နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၅) ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
၁။ အမဲသားများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားလိုက်ပါ။ ရေတွေရှိနေရင်အရသာက သိပ်ပြီးမဝင်မှာစိုးလို့ပါ။
၂။ ထို့နောက် အသင့်ပြင်ထားသော သစ်တော်သီးကို အခွံနွှာ ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ ဂျင်း စတာတွေကို blander နဲ့ ညက်ပြီး အနှစ်လေးတွေ့ ဖြစ်သွားအောင် ကြိတ်ပေးရပါမည်။ အနှစ်လေးများရလာလျှင် ပဲငံပြာရည် ၊ သကြား ၊နှမ်းဆီမွှေးတို့နှင့် ရောမွှေပေးလိုက်ပါ။
၃။ ထို့နောက် ရေစစ်ထားသော အမဲသားကို ထည့်ပြီးနယ်ပေးပြီး အနည်းဆုံး အချိန် နှစ်နာရီမျှ နှပ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲထည့်သိမ်း၍ ညသိပ်နှပ်ထားလျှင် ပို၍နူးညံ့ ကောင်းမွန်ပါသည်။
ထို့နောက်တွင်တော့ BBQ အဖြစ် ကင်စားရန်အသင့်ဖြစ်ပါပြီ။ အသားကင်က ချတာနဲ့ မလောက်လို့ ရသလောက်လေးပဲ ယူပြီး ရိုက်ပြထားရတယ်။
ဒါလေးလဲ ပြုလုပ်နည်းတူတူပါပဲ။ အသားလေးတွေကို ပါးပါးလွှာလွှာလေးလှီးထားပြီး ကြော်လိုက်တာပါ။ ကြက်သွန်မြိတ်လေးထည့် နှမ်းဖြူးကာ ဆလပ်ရွက်နဲ့ ထုပ်ပြီးစားလေ့ရှိပါတယ်။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်