ပါဝင်သော ပစ္စည်းများ
၁။ BeetRoot ခေါ် သကြားမုန်လာ (၆) လုံး
၂။ကြက်သွန်နီ (၆) လုံး
၃။ သကြား (၂) ခွက်
၎။ ဆလကာရည် (၂) ခွက်
၅။ ရေ (၂) ခွက်
၆။ ဆား သင့်တင့်ယုံမျှ
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ ပထမဦးစွာ သကြားမုန်လာကို ရေမြုပ်အောင်ထည့်၍ နူးလာသည်အထိပြုတ်ပေးထားပါ။
၂။ သကြားမုန်လာ ပြုတ်နေသော ချိန်တွင် ကြက်သွန်နီဥများကို အခွံနွှာ၍ အကွင်းလိုက်လှီးထားကာ ဇလုံထဲတွင် ထည့်ထားပြီး ဆူနေသောရေနွေးလောင်းထည့်ကာ (၁၅)မိနစ်ခန့် ရေနွေးစိမ်ထားပေးပါ။ ထို့နောက် ရေများ သွန်ကာ ရေစစ်ထားလိုက်ပါ။ ကြာကြာထားလျှင် ကြက်သွန်များ နူးကာပျော့သွားမည် ဖြစ်သောကြောင့် အချိန်မလွန်စေရန်သတိထားပေးပါ။ ကြက်သွန်စိမ်းနံ့ ပျောက်ကာ မကျက်တကျက် ကြွပ်နေသော ကြက်သွန်အဖြစ်သာ ထားပေးပါ။
၃။ ရေ (၂)ခွက်၊ ဆလကာရည် (၂) ခွက်၊ သကြား (၂) ခွက် နှင့် ဆားသင့်တင့်ယုံတို့ကို ရောစပ်ကာ မီးဖိုပေါ်တင်၍ ဆူအောင်တည်ပေးလိုက်ပါ။
၎။ ထို့နောက် သကြာမုန်လာ၊ကြက်သွန်၊ အသင့်ကျိုထားသော အရည်တို့ကို ဇလုံတစ်ခုထဲတွင် အတူတကွ ရောမွှေပေးလိုက်ပါ။
ထို သကြားမုန်လာသနပ်များအေးလာလျှင် ပုလင်းထဲထည့်ကာ အဖုံးလုံလုံ လေလုံလုံဖြစ် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလျှင် လအတော်ကြာသည်အထိ သိမ်းထားနိုင်ပါသည်။ မိမိစားလိုသည့် အချိန်တွင် ထုတ်၍စားနိုင်ပါသည်။ ရေခဲသေတ္တာထဲ ကြာရှည်သိမ်းမည်ဆိုလျှင် အရည်များမြုပ်သည်အထိထားပေးရပါမည်။ အရေမမြုပ်လျှင် အပေါ်ပိုင်း မှိုတက်၍ ပျက်တတ်ပါသည်။ အရည်မလောက်လျှင် အချိုအစားညီညီ ထပ်၍ ကျိုကာထည့်နိုင်ပါသည်။
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်