ပါဝင်သောပစ္စည်းများ
၁။ ဒန့်ဒလွန်သီး
၂။ ငါးခြောက်
၃။ ခရမ်းချဉ်သီး
၎။ ကြက်သွန်ဖြူ /နီ
၅။ ဆီ အနည်းငယ်
၆။ အရောင်တင်မှုန့်(ငရုတ်သီးအစိမ်းမှုန့်)
၇။ နံနွင်းမှုန့်(အနည်းငယ်)
၈။ နံနံပင်
၉။ ငရုတ်သီးစိမ်း
ချက်ပြုတ်နည်းအဆင့်ဆင့်
၁။ ထို့နောက် ကြက်သွန်ဖြူ/နီ ၊ ငရုတ်သီးမှုန့်၊ နံနွင်းမှုန့်တို့ကို အတူရောထောင်းကာ အသင့်ပြင်ထားလိုက်ပါ။
၂။ ထို့နောက် ဒန့်ဒလွန်သီးများကို အခွံသင်၊ မိမိအလိုရှိသည့် အရှည်မျှ ပိုင်းဖြတ်ပြီး သန့်စင်အောင်ရေဆေးကြောလိုက်ကာ ဟင်းချက်မည့်အိုးထဲ ထည့်လိုက်ပါ။ ငါးခြောက်ပိုင်းများကိုလည်း ရေဆေးကာထည့်။ ခရမ်းချဉ်သီးများကိုပါ စိပ်ကာ ထည့်လိုက်ပါ။ အသင့်ထောင်းထားပြီးသော ငရုတ်သီးထောင်းကိုပါ အတူပြင်ဆင်ထားလိုက်ပါ။
၃။ ထို့နောက် ဆီ၊ဆား၊ရသာမှုန့်တို့ကို အတူထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။ ငါးခြောက်မှာ ဆားပါသောကြောင့် ဆားကို လျှော့ထည့်ထားပါ။ အပေါ့အငန် မြည်းပြီးမှ မိမိလိုအပ်လျှင် ထပ်၍ထည့်နိုင်သည်။ ရေစပ်စပ်လေး ထည့်ကာ ချက်နိုင်ပါပြီရှင်။
၎။ ဟင်းအိုးဆူလာ၍ ဒန့်ဒလွန်သီးနူးလာလျှင် နံနံပင်နှင့် ငရုတ်သီးစိမ်းတောင့်လေး အုပ်ကာ မီးဖိုပေါ်မှ ဖယ်ရှားနိုင်ပါပြီရှင်။
ကဲ ဒန့်ဒလွန်သီးနဲ့ ငါးခြောက် ချဉ်စပ်ဟင်းလေးကို သုံးဆောင်နိုင်ပါပြီရှင်။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်