ပုံလေးတွေကို ဖုန်းနဲ့ အမြန်ရိုက်ထားတာမို့ အနည်းငယ်မကြည်မလင် ဖြစ်နေတာကိုတော့ ခွင့်လွတ်ပေးကြပါရှင်။
ပထမဦးဆုံး ဆလကာရည် စပ်ယူရပါမည်။ ဆလကာရည်စပ်ရန် ပါဝင်သော ပစ္စည်းများ
၁။ ကိုယ်တိုင်အရည်ညစ်ယူသည့် သံပုရည် စားပွဲတင်ဇွန်း (၆) ဇွန်း
၂။ထန်းလျက်ခဲ စားပွဲတင်ဇွန်း (၂) ဇွန်း
၃။ ငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း
၎။ နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၂) ဇွန်း
၅။ ပဲငံပြာရည် လဘ္ဘက်ရည်ဇွန်း (၃) ဇွန်း
၆။ တစ်လက်မအရွယ်ခန့် ဂျင်းတစ်တက်
၇။ ကြက်သွန်ဖြူ (၂) မွှာ
ပထမဦးစွာ ကြက်သွန်ဖြူနှင့် ဂျင်းကို ညက်နေအောင်ထောင်းပြီး အခြား ပါဝင်ပစ္စည်းနှင့် ရောနှောသမပြီး အသင့်ပြင်ထားလိုက်ပါ။
ထိုင်းစတိုင်အမဲသားသုပ်ရန် ပါဝင်သော ပစ္စည်းများ
အလေးချိန်တွေကို ထည့်ပြီး ရေးမထားတော့ပါဘူး။ မိမိအသုံးပြုမည့် အသား အချိုးအစားပေါ်မူတည်၍ ပါဝင်ပစ္စည်းများ အတိုးအေလျှာ့ ပြုလုပ်နိုင်ပါသည်။
၁။ အမဲသား
၂။ ခရမ်းချဉ်သီး
၃။ သခွားသီး
၎။ ကြက်သွန်နီ
၅။ ငရုတ်သီးစိမ်းအတောင့်
၆။ ပူစီနံရွက်
၇။ နံနံရွက်
၈။ ထိုင်းပင်စိမ်းရွက်
၉။ တရုတ်နံနံ
၁၀။ မြေပဲလှော် အနည်းငယ်
၁၁။ ရှောက်ဘီးလူးရွက် (ခေါ်) ရှောက်နူရွက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပထမဦးစွာ အသားများကို ရေစင်စင်ဆေး၍ ရေများခြောက်သွေ့သွားအောင် တစ်သျှူးစက္ကူများဖြစ်ဖိကပ်ကာ ရေများကို ပြန်လည်စစ်ထုတ်ပေးပြီး (ရေမစစ်ပါက အသားနယ်လျှင် အရသာစိမ့်ဝင်မှု နည်းသောကြောင့်) အစောပိုင်းက စပ်ထားသည့် ဆလကာရည် သုံးပုံ တစ်ပုံခန့်နှင့် အမဲသားကို နယ်ထားပြီး အနည်းဆုံး အချိန်တစ်နာရီမျှ နှပ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်လျှင် ကြိုတင်၍ တစ်ညသိပ် နှပ်ထားနိုင်ပါသည်။
၂။ ထို့နောက် ပါဝင်ပစ္စည်းများကို မိမစိတ်ကြိုက်အရွယ်အစားအတိုင်း လှီးဖြတ်ကာ အသင့်ပြင်ထားပေးရပါမည်။
၃။ဒယ်အိုးတွင် ဆီအနည်းငယ်အပူပေးကာ နှပ်ထားသော အသားများကို မီးပြင်းပြင်းနှင့် ကြော်ပေးရပါမည်။ ကြော်ချိန် ကြာမြင့်လွန်းလျှင် အသားများမှာ မာသွားနိုင်၍ ကြော်ချိန်မကြာမြင့်စေရန် သတိပြုပေးရပါမည်။
၎။ ထို့နောက် ကြော်ထားသော အသားများကို ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အအေးခံထားပါ။
၅။ အအေးခံထားသော အသားများ လက်နှင့် ကိုင်၍ နိုင်သည်အပူချိန်ထိ အေးလာလျှင် အသုပ်သုပ်စားရန်အတွက် ပါးပါးလှီးထားပေးလိုက်ပါ။
၆။ ထို့နောက် လှီးဖြတ်ထားသော ပါဝင်ပစ္စည်းများနှင့် မိမိစိတ်ကြိုက်ရောနှောကာ ကျန်ရှိနေသေးသော ဆလကာရည်စမ်းကာ ရသာရှိလှသော ထိုင်းစတိုင်အမဲသားသုပ်ကို သုံးဆောင်နိုင်ပါပြီရှင်။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်