PSI 300 ထက် ကျော်လွန်ခဲ့မည် ဆိုလျှင်တော့ ထိုမီးခိုးငွေ့ရဲ့ ဆိုးကျိုးကို အပြင်းထန်ဆုံး ခံစားရပါလိမ့်မည်။
ယခု ရောက်ရှိနေသည့် PSI အခြေအနေသည့် လွန်ခဲ့သည့် (၁၆)နှစ် (၁၉၉ရ)ခုနှစ်ရဲ့ အမြင့်ဆုံး စံချိန်ဖြစ်သည့် ၂၂၆ ကိုကျော်လွန်သွားခဲ့ပါပြီ။
နိုင်ငံပိုင် သတင်ဌာနများမှ နိုင်ငံသားများအား ကိစ္စကြီးငယ် မရှိပဲ အပြင်မထွက်ရန်၊အပြင်ထွက်ပါက နှားခေါင်း၊ ပါးစပ်ပေါက် ၊မျက်နှာများကို ဖုံးအုပ်ထားရန်၊ နေအိမ်တံခါးများ လုံခြုံစွာ ပိတ်ထားရန် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။
လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေကြောင့် စကာင်္ပူနိုင်ငံသား အချို့မှာ လည်ချောင်နာခြင်း၊ အသက်ရှုကြပ်ခြင်း၊ မျက်စိစပ်ခြင်း ၊မူးဝေခြင်း စသည့် ရောဂါ လက္ခဏာများကို ခံစားနေကြရပါသည်။
ထိုမီးခိုးငွေ့များ၏ အကျိုးဆက်ကို နောက်ထပ် ရက်သတ္တပတ်မျှအထိ ဆက်လက် ခံစားကြရမည် ဖြစ်ကြောင်း စကာင်္ပူနိုင်ငံ၏ National Environment Agency မှ သတင်းထုတ်ပြန်ထားပါသည်။
တိုးတက်မှုမှာ မထိမ်းချုပ်နိုင်သေးတာတြွေော့င့် အ န္တရယ်တို့ ယှဉ်တွဲလာပုံကို ထင်သာမြင်သာစေပါတယ် ...
ReplyDelete