သို့ပေမဲ့ ထိုနယ်ပယ် ဧရိယာထဲမှ သက်ကြီးရွယ်အို လင်မယားစုံတွဲမှာတော့ ၎င်းတို့ အိမ်နေရာလေးကို ဖယ်ပေးပါမည် ဆိုသည့် ခံဝန်ချက်ကို သဘောတူညီစွာ မထိုးခဲ့ပဲ ငြင်းပယ်ခဲ့ကြပါတယ်။
၎င်းတို့အဆိုအရ သက်ဆိုင်ရာမှ ပေးသော ငွေကြေးသည် နောက်ထပ်အိမ်တစ်လုံးဆောက်ရန် မလောက်ငှပဲ နည်းပါးနေသောကြောင့် ယခုလက်ရှိ အနေအထားမှ ဖယ်မပေးနိုင်ဟု ငြင်းဆိုခဲ့ပါသည်။
သက်ကြီးရွယ်အို လင်မယား၏ ခေါင်းမာမာ ငြင်းပယ်မှုကြောင့် သက်ဆိုင်ရာမှလည်း လက်လျှော့ကာ ထို သက်ကြီးရွယ်အို၏ အိမ်တစ်လုံးတည်းချန်ရစ်ခဲ့ကာ ၎င်းတို့အလိုရှိသည့် လမ်းသစ်ကို ဖောက်လုပ်ခဲ့ပါသည်။
ယနေ့နံနက် ၊၂၀၁၂ ခု ၊နိုဝင်ဘာလ ၂၂ ရက်နေ့က မြင်တွေ့ခဲ့ရသည့် ထိုအိမ်လေးနှင့်လမ်းသစ်အနေအထား မြင်ကွင်း..။
လမ်းသစ်ဖောက်သည့် သက်ဆိုင်ရာလူများနှင့် အဘိုးအဘွား လင်မယား ၊မည်သူက ပိုပြီး ကပ်ဖဲ့ကြပါသနည်း။
မည်သို့ပင် ဆိုစေကာမူ သက်ကြီးရွယ်အို အဘိုးအဘွားများကို အတိုက်အခံမလုပ်ပဲ မိမိအလိုရှိရာ အဆင်ပြေသလို လုပ်ဆောင်သွားကြသော အဖွဲ့အစည်းနှင့် မိမိပိုင်ဆိုင်မှုအား ရဲရင့်စွာ ဆန်ကျင်ကာကွယ်ရဲသည့် အဘိုးအဘွားသက်ကြီးရွယ်အို၏ နှစ်ဦးနှစ်ဖက် စိတ်ဓာတ်မှာ လေးစားဖွယ်ဖြစ်သည်ဟု မေတော့ ထင်ပါသည်။
ရှည့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဆိုသည့် စကားပုံလေးအတိုင်း ဆိုင်ရာက လုပ်ဆောင်သွားကြလေသတည်း.။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်