ဒီဟင်းက အချိုချက်ပါ။ တရုတ်စာနှစ်သက်သူများအနေနှင့်လဲ ခံတွင်းတွေ့စေမည့် ဟင်းလျာမျိုးဖြစ်ပါတယ်။ ပြောနေတာကြာတယ် ။ ခုပဲ ချက်ကြစို့လား။
ပါဝင်သော ပစ္စည်းများ
၁။ ကြက်တစ်ကောင် (မေက ကြက်သားဆို ရင်ဖုံသားကို မကြိုက်လို့ ပေါင်သားတွေကြီး ရွေးဝယ်ဖြစ်တယ်)
၂။စပါးလင် (၄)ချောင်း
၃။ ငံပြာရည် စားပွဲတင်ဇွန်း (၆)ဇွန်း
၆။သကြား ခွက်တစ်ဝက် (ထမင်းပေါင်းအိုးတွင်ပါသော ဆန်ချိန်ခွက်၏ တစ်ဝက်)
၇။ကြက်သွန်ဖြူ (၄)မွှာ
၈။ ငရုတ်ကောင်းမုန့် ကော်ဖီဇွန်း တစ်ဝက်ခန့်
၉။ သံပုရာရည် စားပွဲတင်ဇွန်း (၂)ဇွန်း
၁၀။ ဟင်းချက်ရန်ဆီ အနည်းငယ်
ချက်ပြုတ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ကြက်သားကို ရေစင်စင်ဆေးပြီး မိမိစိတ်ကြိုက် အရွယ်အစား ခုတ်ထစ်လိုက်ပါ။ ခုတ်ထစ်ပြီးမှ ရေးဆေးချင်တယ်ဆိုလျှင်တော့ ရေဆေးပြီးပြီးချင်း ရသာတွေ မနယ်ပါနှင့်။ အသားထဲသို့စိမ့်ဝင်နေသော ရေများပြန်ထွက်လာသည်ထိ ခေတ္တစောင့်ဆိုင်းပြီးမှ ပါဝင်သော ရသာများနယ်ပါ။ သို့မှသာ ရသာများစိမ့်ဝင်မှုအားကောင်းကာ မိမိဟင်းမှာ ရသာရှိပါသည်။ မီးဖိုချောင်သုံး တစ်သျှူးစက္ကူလေးနဲ့ အပေါ်အောက် ဖိအုပ်ပြီး ရေစုပ်ယူလိုက်ရင်လဲ ရပါတယ်။
နမူနာပြထားတာဆိုတော့ အပေါ်က တစ်သျှူး ဖုံးမပြထားဘူးနော်။
၂။စပါးလင်တွေကို အရင်းပိုင်းတွေ ဖယ်ရှားပေးပြီး အနည်းငယ်ထုကာ နှစ်လက္မအရှည်လောက် ပိုင်းဖြတ်ပေးထားပါ။
၃။ ကြက်သား၊ငံပြာရည်၊ငရုတ်ကောင်း၊စပါးလင်၊သံပုရာရည်တို့ကို အတူတူသမအောင်နယ်ပြီးလျှင် အဖုံးလုံအောင်ဖုံး၍ အနည်းဆုံး အချိန်တစ်နာရီမှ လေးနာရီလောက်နယ်ထားပေးပါ။ ( ၄)နာရီလောက်နယ်ရင်တော့ ရေခဲသေတ္တာထဲမှာထားမှပဲ အဆင်ပြေမှာပါ။ ရေခဲသေတ္တာထဲမှာထားရင် ညလုံးပေါက်နယ်ထာပြီး မနက်လင်းမှ ချက်လဲရတယ်။
၅။ ကြက်သားများအညိုရောင်သန်းလာပြီးဆိုလျှင်တော့ ကြက်သားနယ်ထားသောဇလုံထဲမှ အရည်များကို လောင်းထည့်ပြီး ဆူလာလျှင်မီးအေးအေးနှင့် ချက်လိုက်ပါ။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်