Icon Shoes and handbags ကုမ္မဏီမှ ထုတ်လုပ်လိုက်သည့် ဗုဒ္ဓရုပ်ပုံပါဝင်သည့် ဖိနပ်များကြောင့် ဗုဒ္ဓဘာသာဝင်များမှာ ထိခိုက်ကြေကွဲကြပြီး ထိုကုမ္မဏီရဲ့ Facebook စာမျက်နှာမှာ သွားရောက် ကန့်ကွက်ကြပါတယ်။
လူမျိုး၊ဘာသာ၊သာသနာကို ထိရင် ထိုဘာသာကို ယုံကြည် ကိုးကွယ်ကြသူတိုင်းရဲ့ ရင်ထဲမှာ မချိအောင် နာတတ်ကြပါတယ်။ ဒေါသစိတ်တွေလဲ ဝင်လာတတ်ကြပါတယ်။ တစ်ခါတစ်ရံ ဝင်လာတဲ့ ဒေါသတွေက ယဉ်ကျေးသူကို ရိုင်းသွားစေတတ်ပါတယ်။
Icon Shoeရဲ့ Facebook စာမျက်နှာမှာ သွားရောက်ကန့်ကွက်ခဲ့သူတွေထဲမှာ အခြားနိုင်ငံတွေကလဲ ပါဝင်ခဲ့ပေမဲ့ မြန်မာလူမျိုးတွေ အများဆုံး ပါဝင်ခဲ့ကြပါတယ်။
ဒေါသအလျှောက်၊ မခံချင်စိတ်တွေကြောင့် ကန့်ကွက်ခဲ့ကြတဲ့ မြန်မာလူမျိုးများရဲ့ ကန့်ကွက် စကားလုံးများကို ဖတ်ရပြန်တော့ တစ်မျိုးရင်မောရပြန်ရော။
F*** စသည့် စကားလုံးတွေ ထပ်နေကြသည်။ ဒေါသအလျှောက် ပြောဆိုဖြစ်သွားတာကို ခံစားသိပေမဲ့ မေချစ်တဲ့ မြန်မာလူမျိုးတွေကို ရိုင်းစိုင်သူတွေအဖြစ်မမြင်စေချင်ဘူး။
ဗုဒ္ဓရဲ့ အဆုံးအမက နူးညံ့ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမ အောက်မှာ ယုံကြည်သက်ဝင်ကြသည့် ဗုဒ္ဓဘာသာဝင်တွေကို ယဉ်ကျေးသူများအဖြစ်နှင့်သာ ရှိစေချင်တာ မေ့ရဲ့ ဆန္ဒပါ။
အခြားနိုင်ငံများမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကန့်ကွက်ချက်များကိုလဲ လေ့လာကြည့်နိုင်ပါတယ်ရှင်။
http://www.facebook.com/iconshoesandhandbags
ဒီလင့်ကလေးကို နှိပ်
see all ကို နှိပ်ပြီး ကန့်ကွက်နိုင်သလို၊ကန့်ကွက်သူများ၏ အရေးအသားများကို လေ့လာနိုင်ပါတယ်။
ထိုကုမ္မဏီကတော့ သူတို့၏ ဖိနပ်ကြော်ငြာများကို ဖျက်သိမ်းပေးခြင်းမရှိသေးပါဘူးရှင်။ ဖိနပ်ကြော်ငြာထားတဲ့ လင့်တွေပါ
http://www.iconshoes.com/Thangka-of-the-Buddha-br-Low-Wood-Heel-Clog-p/kacie-2.htm
http://www.iconshoes.com/Thangka-of-the-Buddha-br-Open-Back-Dress-Slide-p/sugar-17.htm
http://www.iconshoes.com/Thangka-of-the-Buddha-br-Low-Wood-Heel-Clog-p/kacie-2.htm
ထိုထုတ်ကုန်တွေ ရပ်တန့်ပေးဖို့ သွားရောက်ကန့်ကွက်ကြအုံးမယ်။ သူငယ်ချင်းတို့တွေလဲ လိုက်ပါခဲ့ကြပါ။ ယဉ်ကျေးစွာနှင့် ဝိုင်းဝန်းကန့်ကွက်ကြတာပေါ့ရှင်။
မေတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ယဉ်ကျေးပါတယ်ဆိုတာကိုပါ ပြကြပါစို့လား။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်