လောက သံသရာနယ်ထဲမှာ သံသရာ ခရီးကို လျှောက်နေတဲ့ကာလတစ်လျှောက်လုံးမှာတော့ ဒုက္ခ ၊သုခ...။ အငို ၊အပြုးံ ဆိုတာတွေကို အဖန်တလဲလဲ ကြုံတွေ့ နေရအုံးမှာပါပဲ..။ မကြုံချင်လဲ ကြုံရ ၊ ကြုံချင်လို့  တဖွဖွ တောင်းဆိုနေပေမဲ့ ကွေးကွင်းရပြီး မလိုချင်တာတွေကိုလဲ ရရှိတတ်တာပါပဲ...။ ဒီတော့ ကိုယ့်ဆီရောက်ရှိလာတဲ့ အငိုတွေ ၊ အပြုံးတွေ ၊ ဒုက္ခတွေ ၊သုခတွေကို ရဲရဲဝံ့ဝံ့သာ ခံယူလိုက်ပြီး မယိုင်လဲအောင် ကြိုးစားပါ....။
ဒုက္ခတွေ တွေ့ တော့ တမြည်းမြည့်နဲ့  လွမ်းကျွမ်းခံပြီး ပူပင်နေမဲ့အစား ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရုန်းကန်ရမလဲ ဆိုတဲ့ အတွေးလေးနဲ့  နည်းလမ်းကောင်းကို ရှာဖွေ ရုန်းထွက်ကြမယ်...။
ပြည့်စုံကုံလုံလို့  သုခချမ်းသာတွေနဲ့  စံစားနေရရင်လဲအရာရာကို မေ့လျှော့ပြီး ရွှင်လန်းစွာ ပြုံးပြုံးလေးနဲ့ ခံစားမနေစေချင်ဘူး..။ ကိုယ်ရရှိထားတဲ့ သုခတွေ ဘဝတစ်လျှောက်လုံး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့  ပိုတိုးပြီးကြိုးစားရမယ်.....။ ဘာသာတရားကိုလဲ မမေ့လျှော့ပဲ စိတ်နဲ့ ခန္ဓာမှာ အမြဲတမ်းပွားများနေရပါ့မယ်....။
မညီမျှတဲ့ လောကသံသရာ ခရီးထဲမှာ လျှောက်နေသမျှ ကာလပတ်လုံးကတော့ လူအမျိုးမျိုးအဖုံဖုံမှာ အတွေ့ အကြုံတွေလဲ အမျိုးမျိုးအဖုံဖုံပေါ့....။
ဝမ်းမြောက်သူက မြောက် ၊လမ်း ပျောက်သူက ပျောက်
အမြင့်မှာ ပျော်သူက ပျော် ၊ အနိမ့်မှာ အော်သူတွေကအော်
ဒုက္ခတွေ့ တော့ တမြည့်မြည့်လောင်ကျွမ်း
သုက္ခတွေ့ တော့ တပြုံးပြုံးနဲ့  ရွှင်လန်း
ဒီလိုမျိုးဖြစ်နေတာက လူသားတွေရဲ့  ဓမ္မတာပါပဲ...။ မေကိုယ်တိုင်လဲ လူသားထဲက လူသားပဲမို့  မေကိုယ်တိုင်လဲ အမြင့်မှာ နေရလျှင်တော့ ပျော်ရွှင်နေတတ်ပြီး အနိမ့်မှာ ကျဆုံးနေလျှင် ငိုကြွေးတတ်လေရဲ့ ...။ ဒုက္ခတွေကိုတော့ မယူချင်ပဲ..အမြဲတမ်း သုခဆိုတာကိုပဲ အာသာငမ်းငမ်း တောင့်တနေတာ ဝန်ခံပါတယ်...။ ဒါဟာ အကောင်းဆုံးတွေကိုသာ လိုချင်တဲ့ လူသားဆန်မှု အတ္တတွေလား..။ ဒါပေမဲ့လဲနော်....မလိုချင်လဲ ယူရမှာပဲ ..လိုချင်တိုင်းလဲ မရနိုင်ပါဘူး... .။
သူတပါး ဖြစ်ပျက်နေရင်လဲ ကိုယ်က ကူညီခွင့် တွေ မရခဲ့တဲ့ အကြိမ်အရေတွက်ပေါင်းများစွာလဲရှိပေါ့...။ အောင်မြင်နေသူတွေအတွက် ကြည်နူးပီတိဖြစ်နေပေမဲ့ ကျဆုံးနေသူတွေအတွက် ကိုယ်ဘာများ ကူညီခွင့်တွေရခဲ့သလဲ..။သူ့ ထိုက်နဲ့  သူကံပဲလေလို့  ဝမ်းနည်ပေးယုံ ၊အဆင်ပြေပါစေလို့ ဆုတောင်ပေးယုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ...။
ကိုယ်ဖြစ်ကိုယ်ခံပဲလို့ ပဲ ပြောရမလားး..တကယ်ကို ကိုယ်ဖြစ်ရင် ကိုယ်ကိုယ်တိုင်ပဲ ခံနေရတာပဲလေ..။ သူ့ စခန်းနဲ့  သူ့ အလွမ်း မှာ ဘဝတွေကို သေချာ သုံးသပ်ဆင်ခြင်ကြည့်တော့ ဒုက္ခတွေရလဲ .....ခံပေါ့....။ငြီးတွားနေဖို့ မလိုပါဘူး....။ သုခတွေရလဲ.......... စံပေါ့.....။ အဲ့ဒီအတွက်ထောင်လွှားနေဖို့ မလိုပါဘူးနော်..။ဖြစ်ပြီးပျက် ၊ပျက်ပြီးဖြစ်တဲ့ လူဘဝမှာ ဒုက္ခနဲ့ သုခ တလှည့်ဆီတော့ ရမှာပါပဲ...။
ကြုံလာသမျှ ကောင်း၏ ဆိုး၏ ဂျေး(ဂျီး)များမနေပဲ ဖန်ဆင်းရှင်အလိုကျ ရရာ အကောင်းကြီးလိုပဲ တွေးပြီး တွေ့ ကြုံသမျှအပေါ် ရင့်ကျက်မှုတွေ တစ်ရစ်ပြီး တရစ်တည်ဆောက် ခံယူကျေနပ် ၊ နေတတ်ဖို့ သာ အဓိကပါ....။
ရရှိနေကြတဲ့ ဘဝအခြေနေတွေမှာ ကျေနပ်စွာခံယူနိုင်ကြပြီး တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေနိုင်ကြပါစေလို့ ... အောင်မြင်အောင်ကြိုးစားနိုင်ကြတဲ့ စိတ်ဓာတ်ခွန်အားတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်..။
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်