ရွယ်တူတွေက အထင်သေးပေမဲ့ လူကြီးတွေကတော့ မောင်မိုင်းရဲ့  နေထိုင်မှုကို ချီးကျူးပြောစရာ နမူနာပြ ဆုံးမစရာပေါ့..။
တစ်နေ့ မှာတော့ မောင်မိုင်းနဲ့ အတော်လေးကိုခင်တဲ့ သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင်မှာ ညရောက်တော့ ထုံးစမ်းအတိုင်း သူငယ်ချင်းတွေက လူပျိုနောက်ဆုံးညဆိုပြီး သတို့ သားလောင်းကို အမူးတိုက်ကြတာပေါ့..။ သူတို့ က သတို့ သားလောင်းကိုပါ အမူးတိုက်ယုံမကပဲ မောင်မိုင်းကိုပါ အတင်းဖမ်းချုပ်တိုက်ကြပါလေရော..။အားလုံးကလဲ ခပ်ထွေထွေ ဆိုတော့ တစ်ယောက်ကမြှောက်လိုက် ကျန်တစ်ယောက်က လိုက်လုပ်လိုက်နှင့် မောင်မိုင်းကို အုပ်စုလိုက်ကြီး ဝိုင်းပြီးချုပ်နှောင် တိုက်လွတ်ကြတာပေါ့..။
တစ်ခါမှ မသောက်ဘူးတဲ့ မောင်မိုင်းအရက်လေးလဲ ဝင်ရော သွေးဆိုးသွေးရိုင်းက စလာပါလေရော..။စကားလုံးကြမ်းကြမ်းတောင် မသုံးခဲ့ဖူးတဲ့ မောင်မိုင်း မိုးထိညံတဲ့ ဆဲဆိုသံတွေဝေဖြာလို့ နေတာပေါ့..။ မောင်မိုင်းဆဲဆိုတာကိုပဲ သဘောတွေကျနေတဲ့ သူငယ်ချင်းတွေက အရက်တွေထပ်တိုက် ထပ်မြောက်ပေးနဲ့  နောက်ဆုံးတော့ ဘယ်သူက စလို့ စလိုက်မှန်းမသိတဲ့
“မင်းသတို့ သားနေရာဝင်ယူရဲလား”ဆိုပြီးမြောက်ပေးတာကို မောင်မိုင်းတို့ က သွေးတွေဆူနေတော့ “
ဘာလို့ မရဲ ရမှာလဲ”
ဆိုကာ အတင်းဇွတ်ရွတ် ပွဲတွေကြမ်းလေတော့ ပြသနာက စ ပါလေရော..။ ရုန်းရင်းဆန်ခတ် မဖြစ်သင့်တာတွေဖြစ် အမူးလွန်နေတဲ့သတို့ သားလောင်းကလဲ ရုတ်တရက် အမူးတွေပြေကာ ဒုတ်ဆွဲဓားဆွဲ ဖြစ်ကုန်ပါလေရော..။အူရိုင်း လူမှန်းသူမှန်းမသိတော့တဲ့ မောင်မိုင်းဟာ သူငယ်ချင်းဆိုတဲ့ အသိလဲ သူ့ မှာ မရှိလေတော့ တွေ့ မိတွေ့ ရာ ဆွဲကိုင်ကာရိုက်လိုက်ရင်း သူငယ်ချင်းရဲ့  ဦးခေါင်းအနောက်ပိုင်းကို ရိုက်မိရင်း သတို့ သားသူငယ်ချင်း ထိုညမှာပဲ ပွဲချင်းပြီးဆုံးပါးသွားပါလေရော..။
ရိုးသာအေးဆေးပြီး ကံငါးပါးကို အတတ်နိုင်ဆုံးလုံအောင်ထိန်းတဲ့ မောင်မိုင်း သူရာမေရိယဆိုတဲ့ တစ်ပါးသောကံကို ကျူးလွန်မိတာနဲ့  အခြားသော လေးပါးသောကံကို ကျုးလွန်ရန်ဝန်မလေးတော့ဘူးလေ..။ တခြားသော ကံတစ်ပါးပါးကိုကျူးလွန်မိခဲ့ရင် သူတစ်ပါးထဲသာ ကျူးလွန်မိမှာပေမဲ့ သူရာမေရိယ ကံဆိုတဲ့ ကံကို ကျူးလွန်မိလို့ ကတော့ ကျန်သော လေးပါးကို ကျူးလွန်ရန် ဝန်မလေးတော့ပါဘူး..။
သူရာက လူတစ်ယောက်ရဲ့  အေးစက်ငြိမ်သက်တဲ စိတ်ကလေးကို လှိုင်းတံပိုးထစေသလို ရက်စက်ကြမ်းကြုပ်မှုတွေလဲ ဖြစ်ပေါ်စေတယ်လေ..။ အနည်းအများပေါ်လိုက်ပြီး စိတ်ကြမ်းမှုတွေ ဝင်စေပြီး လူသားတွေကို သူစေလိုရာ စေခဲ့သူပေါ့..။
သူရာ တစ်စက်က ကမ္ဘာပျက် စေတယ်လို့  ဆိုသလို အမှားပေါင်းများစွာနဲ့  မှားစေနိုင်ခဲ့ပါတယ်..။
ဒီလို အမှာမျိုးမဖြစ်အောင် ဆန္ဒတစ်ခုကို ချုပ်တီးထိန်းသိမ်းနိုင်ရင် စွမ်းဆောင်မှုကောင်းလေးတွေ ရရှိလာမယ်လို့  ထင်ပါရဲ့ နော်..။
**************မေသဇင်*************
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်