မဂ် = မဂ္ဂ = ခရီးလမ်း ၊ အကြောင်း ၊ နိဗ္ဗာန်ကို ရှာမှီးခြင်း ။
ဖိုလ် = ဖလ = မဂ်ကုသိုလ်၏ အကျိုးတရား ၊ အကျိုးဆက် ။
သောတာပတ္တိမဂ် = အရိယာ ရေအယဉ်သို့ ရောက်သောစိတ် ။( ဒိဋ္ဌ္စဂတသမ္ပယုတ် လောဘမှုစိတ် ၄ - ပါး- ၀ိစိကိစ္ဆာမောဟမှုစိတ် ၁ပါး- ပေါင်း ၅ ပါး ပယ်ပြီးသောသူ)။
သကဒါဂါမိမဂ် = ကာမသုဂတိဘုံသို့ တစ်ကြိမ်သာ ပြန်လာမည့်သူ ။(ဒိဋ္ဌ္စဂတသမ္ပယုတ် လောဘမှုစိတ် ၄- ပါး ဒေါသမှုစိတ် ၂-ပါး ပေါင်း ၆-ပါး ခေါင်းပါးအောင် ပယ်ပြီးသောသူ )။
အနာဂါမိမဂ် = ကာမသုံသို့ ပြန်လာမည့်သူ ။ဒေါသမူစိတ် ၂-ပါး အကြွင်းမဲ့ပယ်သတ်ပြီးသူ။
အရဟတ္တမဂ် = ကိလေသာအားလုံး ပယ်သတ်ပြီး၍ ပူဇော်ခံထိုက်သော ရဟန္တာပုဂ္ဂိုလ် ။
( ၃၁-ဘုံမှ အပြီးတိုင် လွတ်မြောက်သူ ) ။
လောကုတ္တရာစိတ် = လောက - တဏှာမှ လွန်မြောက်လိုသောစိတ် ။
ဖဿ = အာရုံကို ထိတွေ့ခြင်းသဘော ။
ဝေဒနာ = အာရုံ၏ အရသာကိုခံစားခြင်းသဘော ။
သညာ = အာရုံကို မှတ်သားခြင်းသဘော ။
စေတနာ = အာရုံ၌ ယှဉ်ဘက်တရားတို့ကို နှိုးဆော်တိုက်တွန်းခြင်းသဘော ။
ဇီဝိတိနြေ္ဒ = နာမ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော။ ( အစိုးရခြင်းသဘော ) ။
မနသိကာရ = အာရုံကို နှလုံးသွင်းခြင်းသဘော ။
ဝိတက် = ထွေထွေလာလာ ကြံစည်ခြင်းသဘော ။
ဝိစာရ = တရစ်ဝဲ၀ဲရှိခြင်းသဘော။အထပ်ထပ်သုံးသပ်ခြင်း ။
ဝီရိယ = အားထုတ်ခြင်းသဘော ။
ပီတိ = နှစ်သက်ခြင်းသဘော ။
ဆန္ဒ = အလိုရှိခြင်းသဘော ။
အဓိမောက္ခ = ဆုံးဖြတ်ခြင်းသဘော ။
သဗ္ဗ = အားလုံး ။
စိတ္တ = စိတ် ။
သာဓာရဏ = ဆက်ဆံသော ။
ပကိဏ်း = (ပ-အပြား + ကိဏ္ဏ = ပြိုးပြွမ်းသည်) စိတ်အားလုံး၌ မယှဉ်ဘဲ ဟိုတစ်ချို့ သည်တစ်ချို့ ရောရောပြွမ်းပြွမ်း ဖြစ်ပေါ်လာသော စိတ်များ ။
အည = တစ်ပါးသော တရားတို့နှင့် ။
သမာန = သဘောတူယှဉ်နိုင်သည် ။
ရာသိ = အစု ။
အလွမ်းခရီးသည် …………..
No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်