ဒီအစားအစာက ချက်ပြုတ်ရတာ လွယ်ကူတာကြောင့် မိတ်ဆွေများအတွက် အဆင်ပြေမှာပါ။ ပါဝင်ပစ္စည်းတစ်ချို့ကိုတော့ အနောက်တိုင်းအစားအစာတွေ ရရှိနိုင်တဲ့ စီးတီးမတ်တို့ ၊အိုရှင်းတို့မှာ ဝယ်ယူရရှိနိုင်မှာပါ။
ပါဝင်သော ပစ္စည်းများ
၁။ ကြက်သာ ရင်အုပ်သား (၂၀) သားခန့်
၂။ ငရုတ်ပွ (၂) လုံး
၃။ ကြက်သွန်နီ (၁) လုံး
၎။ ထောပတ်သီး (၂) လုံး
၅။ သံပုရာသီး (၁) လုံး
၆။ ခရမ်းချဉ်သီး (၃) လုံး
၇။ နံနံရွက် လက်တစ်ဆုပ်စာခန့်
၈။ ဆလပ်ရွက် အနည်းငယ်
၉။ sour cream တစ်ဗူး (စီးတီးမတ်ကဲ့သို့သော ဆိုင်မျိုးတွင် ဝယ်ယူနိုင်ပါသည်)
၁၀။ wraps (နံပြားကဲ့သို့သော ) (အနောက်တိုင်စားများရောင်းသောေ
၁၁။ cheese( Mild) အနည်းငယ်
၁၂။ Fajita ချက်ရန် ရသာမှုန့်
အဆင့်သင့် ဝယ်ယူ၍ မရနိုင်ပါက မိမိကိုယ်တိုင် စပ်ယူရန်
၁။ ပြောင်းဖူးမှုန့် စားပွဲတင်ဇွန်း (၁) ဇွန်း
၂။ ငရုတ်သီးမှုန့် လဘ္ဘက်ရည်ဇွန်း (၂) ဇွန်း၉။ ငရုတ်ကောင်းမှုန့် အနည်းငယ်
တို့ကို ရောစပ်ပေးရပါမည်။
ချက်ပြုတ်နည်း အဆင့်ဆင့်
၁။အရိုးမပါ ကြက်သားရင်အုပ်သား များကို ရေစင်စင်ဆေးကြောပြီး ပါးပါးလှီးကာ Fajita ရသာမှုန့်နှင့် နယ်ထားပေးရပါမည်။

၂။ ငရုတ်ပွနှစ်လုံးနှင့် ကြက်သွန်နီ တစ်လုံးတို့ကို လှီးကာ အတူတကွ ကြော်ထားပေးရပါမည်။

၃။ ငရုတ်ပွနှင့် ကြက်သွန်နီကို ကြော်ပြီးချိန်တွင် ပထမ နှပ်ထားသော ကြက်သားများကို မီးပြင်းပြင်းနှင့် ခဏတာ ကြော်ပေးလိုက်ပါ။ အချိန်ကြာကြာ ကြော်ပါက အသားများ ကျစ်၍ မာသွားမည်ဖြစ်သောကြောင့် ကြက်သားများ ကျက်သည်နှင့် မီးဖိုပေါ်မှာ ဖယ်ရှားပေးပါ။

ကြက်သားနှင့် ငရုတ်ပွ ကြော်တို့ အဆင်သင့်ဖြစ်ပါက ချက်ပြုတ်ရေး ကဏ္ဍလေး ပြီးဆုံးသွားပါပြီရှင်။
၎။ ဆလပ်ရွက်ကို ပါးပါးလှီးထားပေးပါ။
၅။ ထောပတ်သီးကို သေးငယ်သော အစိတ်အပိုင်းအဖြစ် ပါးပါးလှီးပေးပြီး အရောင်မမဲရလေအောင် သံပုရာရည်အနည်းငယ်၊ ဆားအနည်းငယ်ထည့်၍ ဇွန်းလေးနှင့် အသာမွှေပေးပါး။ သံလွင်ဆီ ရှိပါက သံလွင်ဆီအနည်းငယ်ပါ ထည့်ထားပေးပါ။
၆။အသင့် လုပ်ထားသော salsa မသုံးပဲ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ထည့်သုံးချင်၍ မိမိကိုယ်တိုင် ပြင်ဆင်ယူလိုက်တာပါ။ ခရမ်းချဉ်သီးကို သေးငယ်သော အစိတ်အပိုင်းအဖြစ် လှီးဖြတ်ကာ ဆားအနည်းငယ်၊ သံပုရာရည်အနည်းငယ်နှင့် နံနံရွက် တို့ကို ထည့်ကာ အတူရောမွှေပေးထားရပါသည်။
ထို့နောက်တွင်တော့ စားသုံးရန် အသင့် ဖြစ်နေပါပြီ။

၇။ အားလုံး ပြင်ဆင်ထားပြီးပြီး ဆိုလျှင်တော့ wraps ပေါ်မှာ မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပြါ
ပထမဦးဆုံ wrap ပေါ်မှာ sour cream ကိုသုတ် ကြက်သား၊ ငရုတ်ပွကြော် ၊ ခရမ်းချဉ်သီး၊ထောကတ်သီး၊ ဆလပ်ရွက်၊ cheese စသည်တို့ကို ထည့်ပေးရပါမည်။
ထို့နောက် အားလုံးကို လိမ့်ပေးလိုက်ကာ အသင့်သုံးဆောင်နိုင်ပါပြီရှင်။

နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်ရှင်။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

No comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်