ဖုန်းဆက်တိုင်လဲ ဖုန်းမကိုင်တဲ့ နင့်ကြောင့်...။ ငါ့ဖုန်းလေး ခေါ်နေရလွန်းလို့  နာကျင်ပြီး ငိုကြွေးနေလေရဲ့ ...။ နင့်ရဲ့  အေးစက်စိမ်းကားဥပက္ခာ တစ်စုံတရာကြောင့် ငါ့ရဲ့ ဘယ်ဘက်ရင်အုံ အတွင်းတစ်နေရာက လှိုက်စားပြီး အောက်သက်နေတာ နင်မသိနိုင်ဘူမဟုတ်လား............။
ငါ.......... ငါဆိုတဲ့ ငါ့ကိုယ်ငါကို သေချာ ပြန်မေးကြည့်ခဲ့တယ်.....။
နင့်ရဲ့  အဝေးမှာ နေနိုင်သလား...။ ဟင်အင်း..........ငါ့ကိုယ်ငါ မသေချာခဲ့ဘူး...။ ဒါပေမဲ့ သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ငါ ပိုင်ပိုင်နိုင်နိုင် ချလိုက်တယ်...။
နင် မပိုင်ဆိုင်စေချင်တဲ့ ခြောက်သွေ့ မှုကမ္ဘာမှာ ပြန်လည်ခိုဝင်လို့  တစ်ကိုယ်ထဲညတွေကို ငါတစ်ယောက်ထဲသာ ဖြတ်သန်းပါတော့မယ်..။
မမရေ..
ReplyDeleteချမ်းပြောင်လေးလာလည်တယ်
အရမ်းလှတဲ့ မမဆိုဒ်ကိုလည်းသွားရေကျသွားတယ်
ပြောင်လေးဆီကိုလည်းလညလည်ပါဦးဗျ