Followers

Sunday 15 April 2012

အပျော်လွန်တော့ အပျက်ဖြစ်ခဲ့ပေါ့ တာသင်္ကြန်

မြန်မာဆိုတာ ယဉ်ကျေးတယ်လို့ မျိုးချစ်စိတ် ရှိသူတွေက လက်သီးထောင် ကြိမ်းဝါးကြတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ဆိုတာ ယဉ်ယဉ်ကျေးကျေး သပြေခက်နဲ့ ရေလောင်းကြတယ်လို့ စာတွေထဲမှာ ဖတ်ခဲ့ဖူးတယ်။
မေတို့ နေတဲ့ မြို့လေးမှာဆို အပျိုမလေးတွေက အလှုရှိတဲ့ အချိန်လောက်သာ မဏ္ဍပ်ထဲ ကူလုပ်ပြီး ပြီးရင် အသီးသီး အိမ်ပြန်လာကြတယ်။
လူပျိုကာလသားတွေက အုပ်စုဖွဲ့ပြီ အပျိုလေးတွေရှိတဲ့ အိမ်တွေ တစ်အိမ်တက် တစ်အိမ်ဆင်း လျှောက်သွားပြီး မိန်းကလေးမိဘတွေဆီ သူတို့သမီးကို ရေလောင်ဖို့ ခွင့်ပန် မိဘတွေက ကိုယ့်သမီးကို ခေါ်ထုတ်ပေးပြီး ကာလသားတွေကို ရေလောင်းခွင့်ပေးတယ်။
အုပ်စုဖွဲ့ပြီး ရေလာလောင်းတဲ့ အမျိုးသားအုပ်စုကြီးက များချင်များနေလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးများရဲ့ မိဘများရှေ့မှာ လေးလေးစားစားနဲ့ ရေလောင်းခဲ့ကြပါတယ်။
ချစ်စရာကောင်းတဲ့ အလေ့အကျင့်လေးပါ။
ခုဆို အင်တာနက် ခေတ်စားလာတဲ့ ၂၁ ရာစု နောက်ပိုင်းမှာတော့ ဘယ်နေရာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ တစ်ပြိုင်ထဲ နီးပါး သိခွင့်ရလာချိန်မှာ သင်္ကြန်ဆိုတာ မေတို့ မရင်းနှီး၊မထိတွေ့ဖူးသေးတဲ့ အပြုအမူ ၊အနေအထိုင်တွေလဲ ရှိပါသေးလားလို့ ရင်တွေဖိပြီး သိလိုရပါတယ်။
ကြည့်ပါအုံးလား ၂၀၁၂ရဲ့ တာသင်္ကြန်

ရေကစားပွဲတော်လား ရေကူးကန်မှာလားကွယ်။
ကားတိုက်မှုတွေ
အမူးလွန်ပြီ ရင်ခွင်ထဲရောက်နေသူတွေ

ဖြစ်လိုက်ကြတဲ့ ရန်ပွဲ

မိန်းမတို့ အနြေ္ဒရွှေပေးမရ။ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာ ဒါမျိုးလို့များ မှတ်ကြတာလားကွယ်။

ဘာတွေမှန်းကို လိုက်မမှီတော့တာတော့ အမှန်ပဲရှင်။

ပြည်သူချစ်တဲ့ အနုပညာရှင်လား ပြည်သူကစ်တဲ့ အနုပညာရှင်တွေလားကွယ်။

မိမိသားသမီးတွေ အပြင်မှာ ဒီလိုဖြစ်ပျက်နေတာ မိဘတွေသိရဲ့လား။ အချို့သော မိဘတွေ ရင်ကျိုမှာ အမှန်ပါပဲ။
ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းဖို့ မေ့နေကြပြီလားကွယ်။ လက်ဆင့်ကမ်းလာတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို မိမိတို့ လက်ထက်မှာ ဖျက်ပစ်ရက်တယ်လားကွယ်။
အနောက်တိုင်း ယဉ်ကျေးမှုတွေ ရောပြွန်းစေပြီး မိမိကိုယ်ထဲကို သိက္ခာမဲ့ အပြုအမူစရိုက်တွေ ဆင်ယင်တော့မှာလား။
မိမိသမိုင်း မိမိသာလျှင်ရေးသားတယ် ဆိုပေမဲ့ မိမိနိုင်ငံရဲ့ သမိုင်းတစ်ခု လှပဖို့တော့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
မိမိကြောင့် တိုင်းပြည် သိက္ခာမကျပါစေနဲ့လို့တော့ ပြောခွင့်ရရင် ပြောချင်ပါတယ်။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



1 comment:

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်