This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Followers

Wednesday 28 September 2011

အကယ်၍ ငါမရှိခဲ့တော့ဘူးဆိုလျှင်.............

အကယ်၍များ ငါမရှိတော့ရင် ............ငါ့ကို မလွမ်းကြပါနဲ့ .................။ အလွမ်းဆိုတာ ပူပင်ကြောင့်ကြမှုတွေပါ.......။
ငါ့အတွက်နဲ့  ပူဆွေးသောကတွေ ဝေနေစရာမလိုဘူးနော်.........။

အကယ်၍များ ငါမရှိတော့ရင်................... ငါပြောခဲ့တဲ့ စကားလေးတွေကို အမှတ်ရပေးပါ.............။
လူတော်လူကောင်းအဖြစ် မင်းကို ငါ စိတ်ချစွာ ထားခဲ့ပြစေ.............။
ငါကိုယ်တိုင်လဲ မင်းဖြစ်စေချင်တဲ့ အတိုင်း ကောင်းအောင်ကြိုးစားခဲ့ပါတယ်........။

အကယ်၍များ ငါမရှိတော့ရင်........... ပျော်ရွှင်စွာ နေပါနော်................။
နင် အမြဲတမ်း ပြုံးပျော်ရွှင်နေတာကိုပဲ ငါမြင်ချင်လို့ ပါ.........................။
နင့်ရဲ့  ကြည်လင်နေတဲ့ အပြုံးနဲ့  လောက အလှဆင်ပါ...........။

အကယ်၍များ ငါမရှိတော့ရင်.................. ငါ ရှိနေစဉ် တစ်လျှောက်လုံး မင်းကို တမ်းတနေခဲ့တယ်ဆိုတာ မင်းသိပေးပါနော်..............။
မင်းအကြောင်းတွေးရင်း ငါ့ရဲ့  နေ့ တွေကို မင်းနဲ့ အတူ ငါ့စိတ်ကူးထဲမှာ ဖြတ်သန်းခဲ့ပါတယ်...........။

အကယ်၍များ ငါမရှိတော့ရင်................. ငါဟာ မင်းနေစေချင်တဲ့ နေရာလေးမှာ ငါ့ခွန်အားရှိသလောက် နေခဲ့တာကို မင်းသိပေးပါနော်.............။
ငါဟာ မင်းထားရာနေ မင်းစေရာသွားခဲ့တဲ့ မင်းရဲ့ အရုပ်တစ်ရုပ်အဖြစ်နဲ့  ကြိုးစားရပ်တည်ပြီး နေခဲ့တာပါ.....။
အကယ်၍များ ငါမရှိတော့ရင်...........ငါ့ကို မင်းတစ်ခုတော့ ယုံကြည်ပေးပါကွာ............။
ငါဟာ ကြုံလာခဲ့တဲ့ ဘဝတိုက်ပွဲတွေကို ရဲရဲဝံ့ဝံ့တွန်းလှန်တိုက်ခိုက်ခဲ့သူ မင်းကလွဲရင် အခြားသူတွေကို အရှုံးမပေးသူဆိုတာ ယုံကြည်ပေးပါကွာ.............။

အကယ်၍များ ငါမရှိတော့ရင်............ငါ့ကို မင်းတစ်ခုလောက်တော့ အသိအမှတ်ပြုပေးပါကွာ...........။
ငါဟာ ငါ့ဝန်းကျင်က လူသားတွေကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင် ဖန်တီးပေးခဲ့သူ..............။
ငါ့ရင်ထဲမှာ နင်ကျင်စွာ ငိုကြွေးနေချိန်မှာတောင် အခြားသူအတွက် အပြုံးပန်းတစ်ပွင့် လက်ဆောင်အဖြစ် ကောက်ယူပေးခဲ့သူ.........။

အကယ်၍များ ငါမရှိတော့ရင်.............ငါ့ရဲ့  ရင်ထဲက အစစ်အမှန်နဲ့  ပြောသွားတဲ့ စကားတစ်ခွန်းကို မင်းကြားယောင်ပေးပါ..............။
မင်းယုံကြည်ပေးပါ................။
မင်း ဘယ်လိုပဲ ရက်စက်... ရက်စက်... ဘယ်လိုပဲ ဥပက္ခာပြုပြု ..........ဘယ်လိုပဲ ငါ့ကို အသိအမှတ်မပြုပဲ ထားစေအုံးတော့ ငါ မင်းကို..........


ချစ်တယ်..............
ဒီစကားတစ်ခွန်းကို ငါ သေအံ့မူးမူး သွေးရူးသွေးတန်းနဲ့  ပြောနေပေမဲ့ ငါ့ရင်ထဲမှာ အမြဲတမ်း ကိန်းအောင်းအမြစ်တွယ်နေခဲ့တဲ့ စကားမို့  ဘယ်အချိန် ဘယ်အခါပဲ ဖြစ်ဖြစ် မှန်ကန်စွာ ထွက်ပေါ်ခဲ့တာပါ...............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်





Tuesday 27 September 2011

ချစ်သူ သိပါစေ...........

နင့်ကို အရမ်းလွမ်းတယ်လို့  မပြောချင်ပါဘူး..........။
ငါ့ရင်ထဲမှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကာလုံးထက် လေးနက်တဲ့ ခံစားချက်တွေ ပြည့်လျှံနေလို့ လေ..............။

နင့်ကို စက္ကန့်နဲ့ အမျှ သတိရနေတယ်လို့  ငါ မပြောနိုင်ခဲ့ဘူး.............။
ငါ့ရင်ထဲမှာ နင့်ကို တမ်းတနေတဲ့ စိတ်တွေနဲ့  အသက်ရှုသံတွေ မြန်ဆန်နေလို့  တစ်စက္ကန့် ဘယ်လောက်ကြာတယ်ဆိုတာ ငါရေတွက်ဖို့  အချိန်မရနိုင်ခဲ့လို့ ပါ.............။

နင့်ကို အရမ်းချစ်တယ်လို့  ပြောဖို့  ငါ့နှုတ်တွေ ဆွံ့ အနေခဲ့ရတယ်..............။
ငါသိပ်ချစ်တဲ့ နင့်က ငါ့အနားမှာမှ မရှိခဲ့တော့တာပဲ............။

နင်ဘယ်မှာလဲ.......................။
ဘယ်ဆီကို ရှောင်ပုန်းနေခဲ့တာလဲ.............။
ငါ့ရဲ့ ညတွေဟာလဲ လမင်းကြီး ငုံ့ လျှိုလို့  ကြယ်ရောင်တွေ မစုံခဲ့တော့ဘူး................။

နင်နဲ့  တွေ့ ဆုံခဲ့ဖူးတဲ့ညက ဝေဖြာခဲ့တဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေက ခုတော့..........................
မျက်ရည်မိုးအဖြစ်ပြောင်းလဲလို့  ငါ့ခေါင်းအုံးလေး ရွှဲရွဲစိုနေလေရဲ့ .................။

မချစ်ခဲ့လို့ လား............. ရက်စက်တတ်သွားတာလား...........
နင်ထားခဲ့တဲ့ ငါ့အသဲ ခုတော့ တစ်လွှာချင်း အစိတ်စိတ်အမွှာမွှာ ကြေမွလို့  ငါ့မျှော်လင့်ချက် မြေမှာ ကျရှုံး ပျက်သုန်ကုန်ပြီး ထားခဲ့သူရေ............။

နင်လှစ်ပြခဲ့တဲ့ မျှော်လင့်ချက်...........
နင်ပေးခဲ့တဲ့ အိပ်မက်တွေက ခုတော့ နင်နဲ့  အတူ ငါ စွန့် လွတ်ရတော့မယ်ထင်ရဲ့ ...........။

ငါ မျှော်နေချင်သေးတယ် ချစ်သူ............။
ယုံကြည်ချက်တစ်ခုကို ရင်ဝယ်ပိုက်ရင်း ခံယူချက်အားအင်တွေနဲ့ 
ပျောက်ဆုံးနေတဲ့ ငါ့ချစ်သူ ငါ့ရှေ့ အရောက်လာမဲ့နေ့ ကို ငါ့ရဲ့  ဝင်သက်ထွက်သက်တိုင်းနဲ့  အတူ မျှော်နေတယ်နော်...........။



တစ်ချိန်က နင့်သိပ်မြတ်နိုးတန်ဖိုးထားခဲ့တယ်ဆိုတဲ့ ငါ့နှလုံးသားပန်းခင်း နင့်အတွက် ရည်းစူးပြီး ပွင့်ဆဲ.....၊ လန်ဆန်းဆဲ...........၊ ဝေဖြာနေဆဲပါ...........။

ဒီပန်းခင်းထဲ ခိုလှုံတဲ့သူ နင်တစ်ယောက်ထဲ အတွက်ပါ ငါ သိပ်ချစ်တဲ့ ချစ်သူ............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Sunday 25 September 2011

ကျေးဇူးပြု၍ ဖတ်ပေးပါ.............

ခုတစ်လော ဆိုဒ်တွေကို ဝင်ကြည့်မိခဲ့ရင်း စိတ်မကောင်းစရာ တစ်ခုကို တွေ့ ရှိခဲ့ပါတယ်............။
တခြားအကြောင်းအရာတော့ မဟုတ်ပါဘူး..........။

ဆိုဒ်တွေထဲမှာ စာဖတ်သူတွေ တဖြည်းဖြည်း နည်းလာတာကို တွေ့ နေရပါတယ်..............။
တစ်ဆိုဒ်ထဲမှာပဲ မဟုတ်ပါဘူး.........။ ဆိုဒ်တွေ အတော်များများမှာ စာဖတ်သူတွေ နည်းလာတာတွေ့ နေရပါတယ်.............။

ဘာကြောင့်များပါလိမ့်..................။

တစ်ချိန်က Ningဆိုဒ်လေးတွေ ခေတ်စားလာပြီး စာတွေ ဝင်ရေးကြ ၊ ဝင်ဖတ်ကြနဲ့  လူငယ်လေးတွေ အင်တာနက်ကို အကျိုးရှိရှိ သုံးနေကြတာတွေ့ ရတော့ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်............။

လေ့လာသင်ယူနိုင်ကြသလို ဝါသနာပါသူတွေ လက်ရည်သွေး လေ့ကျင့်ရေးကွင်းပြင်ကြီးလို အမုန်းမပါတဲ့ အပြိုင်အဆိုင်တွေနဲ့  တိုးတက်ရာ တိုးတက်ကြောင်း ရေးသားမျှဝေကြ  ဖတ်ရှုအားပေးကြရင်း ဗဟုသုတတွေ တိုးပွားလာခဲ့ကြတယ်.........။ကိုယ်နဲ့  လက်လှမ်းမမှီတဲ့ နေရာဒေသအကြောင်းလေးတွေ သိခွင့်ရရှိခဲ့သလို ဒဿနအတွေးလေးတွေ ထပ်တိုးလာရင်းအမျိုးမျိုးနှင့် မရိုးနိုင်တဲ့ ရသ ခံစားမှု လေ့လာမကုန်တဲ့ နည်းပညာတွေဆည်းပူးရင် မျှဝေသူအတွက်လဲ ပီတိခံစား ဖတ်ရှုသူတွေအနေနှင့်လဲ တိုးပွားလာခဲ့တဲ့ အခြေအနေတွေ ရောက်ခဲ့လာကြပြီးမှ ခုနောက်ပိုင်း ဘာလို့  စာဖတ်သူတွေ နည်းလာခဲ့ရသလဲ............။

တစ်ခါလာ မဲပြာပုဆိုး ကော်ပီတွေကြီး ထပ်ခါတလဲလဲ ဖတ်နေရလို့  ညီးငွေ့ ကုန်ကြပြီလား..........။
ကော်ပီတင်သူတွေအနေနဲ့ ပြန်လည်မျှဝေပေးလို့  ကျေးဇူးတင်ပါတယ်..........။ ဒါပေမဲ့ ကိုယ်တင်လိုက်တဲ့ ကော်ပီဟာ ရှေ့ မှာ သူများတင်ပြီးသားလားဆိုတာ သေချာပြန်ရှာပြီ တင်ရင် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်နော်..............။

ကိုယ်တိုင်ရေးလေးတွေကို ဦးစားပေးရင်း ကော်ပီလေးတွေ လျှော့ကြရအောင်..............။

ကိုယ်တိုင်ရေးကို ဝင်ရောက်ဖတ်ရှုသူတွေ အနေနှင့်ကရော.............
ဘယ်လို ကိုယ်တိုင်ရေးကိုပဲ ဖတ်ဖြစ်ကြပါသလဲ................
ကိုယ်သိပြီးသား နာမည်ရ ဘလော့ဂါရေးတဲ့ ပို့ စ်တွေလောက်သာ ဖတ်တာလား
ကိုယ်နဲ့  ခင်တဲ့သူရေးတဲ့ ပို့ စ်တွေလောက်ကိုသာ ဖတ်တာလား
ပျိုးခင်းထဲမှာ လက်တည့်စမ်းရေးနေကြတဲ့ လူသစ်လေးတွေရဲ့  ပို့ စ်လေးတွေကရော............

နာမည်ရ ဘလော့ဂါတွေအနေနဲ့  ပျိုပင်ပေါက်လေးတွေကို မြေတောင်မြှောက်ပေးပြီးဆွဲခေါ်ရင် ဒီခြံထဲက ထွက်လာတဲ့ အသီးအပွင့် ပိုပြီး ချိုမြိန်လာခဲ့မယ်ထင်ပါရဲ့ နော်..............။

နာမည်ရ ဘလော့ဂါတွေ အနေနဲ့ ဒီလိုစာမျက်နှာပေါ်မှာ မိမိ ပထမဆုံးခြေချစဉ်ကာလက ပထမဆုံးရတဲ့ အားပေးမှု ၊ ကွန်မန့်  ၊ ကိုယ့်ရှေ့ က နာမည်ရ ဘလော့ဂါတို့ ရဲ့  ကွန်မန့်တစ်ချက်အပေါ်ရရှိခဲ့တဲ့ ပီတိကို ပြန်လည်အမှတ်ရခဲ့မယ်ဆိုလျှင်ဖြစ် ပျိုးပင်ပေါက်လေးတွေကို ဖေးမကူညီခေါ်ဆောင်ပြီး လက်သစ်လေးတွေ ရေးတဲ့ ပို့ စ်လေးတွေကို ဖတ်ရှုအားပေးမိကြမှာပါပဲ...........။

စာရေးတာကို ဝါသနာပါတဲ့ ခုမှ လက်ရည်စမ်းချင်တဲ့ လူသစ်လေးတွေ အနေနဲ့ ကလဲ ကိုယ့်ရှေ့ က အတွေ့ အကြုံ ရှိသူတွေရဲ့ အပြောအဆို အရေးအသားကို လေ့လာပြီး ဗဟုသုတတွေကို မှီငြမ်းလေ့လာ စာများများ ဖတ်သင့်တယ် မဟုတ်လား........။

ခုတော့ နာမည်ရ ဘလော့ဂါတွေကလဲ ကိုယ့်အချင်းချင်းလောက်သာ ကျင်လည်ပြီး သူရေးတဲ့စာကိုယ်ဖတ် ကိုယ်ရေးတဲ့စာသူဖတ်နေချိန်မှာ ခုမှ လက်တည့်စမ်းရေးတဲ့ ပျိုးပင်ပေါက်လေးတွေက စိတ်ဓာတ်ခွန်အားတွေ ကျလို့  စာရေးစာဖတ်ချင်းအလုပ်ကို လစ်လျူရှူ နောက်ဆုံး ချက်တင်ထဲပဲ ရောက်ကုန်လေသလား...........။

ခုနောက်ပိုင်း Ning ဆိုဒ်တွေမှာ ဘလော့ပိုင်းတွေကို ဝင်ရောက်ဖတ်ရှုသူတွေ နည်းလာခဲ့ပြီး ချက်ဘောက်တွေမှာပဲ လူတွေက ပိုစည်ကားလာခဲ့ပြီ..............။

ပညာအလင်းပွင့်စေတဲ့ ဗဟုသုတ တိုးစေနိုင်တဲ့ ဘလော့ပို့ စ်တွေ နေရာမှာ အတော်လေး ခြောက်သွေ့ လာခဲ့ပြီ..............။

စာပုံမှန်ရေးနေတဲ့သူတစ်ယောက်အတွက်ကတော့ စာဖတ်သူတွေ နည်းလာတာ စာရေးနေတဲ့ လက်လေးကို တုန်ချိနှေးကွေးလာစေတဲ့ အတိုင်းခံစားမှုလေးတွေနဲ့  စာဖတ်သူဦးရေကို မျှော်လင့်တကြီး စောင့်စားနေမိခဲ့ပါပြီ.....။

ဘလော့ရေးသူတွေကို ကူညီချင်သောအားဖြင့် ၊
မျှဝေခံစားစေသော အားဖြင့်
ဗဟုသုတတွေ ရှာဖွေမှီငြမ်းလိုသောအားဖြင့်

ဘယ်လိုပဲ ရှိစေတော့ မေ တစ်ခုလောက် တောင်းဆိုကြည့်ချင်တာက

ကျေးဇူးပြု၍ စာများများဖတ်ပေးပါ..............။
ကျေးဇူးပြု၍ ပျိုးပင်ပေါက်လေးတွေကို ဆွဲခေါ်ပြီး မြေတောင်မြှောက်ပေးပါ...........။
ကျေးဇူးပြု၍ ဘလော့ရေးသူတို့ ရဲ့  စိတ်ကို ပိုပြီ ရှင်သန်လာအောင် မြေဩဇာနှင့်တူသော အားဆေး စာဖတ်ပေးပါ.............။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်





ရောက်ဖြစ်ခဲ့တဲ့ စကာင်္ပူနိုင်ငံမှ FORMULA 1ကားပြိုင်ပွဲ

စကာင်္ပူနိုင်ငံမှာ ကျင်းပနေတဲ့ Formula 1 ကားပြိုင်ပွဲ ကွင်းလေးထဲကို ခြေချမိခဲ့တယ်.........။


ဒီနိုင်ငံလေးမှာ ကျင်းပခဲ့တဲ့ လေးနှစ်တာအတွင်း ပထမဆုံး ရောက်ဖြစ်ခဲ့တဲ့ ပွဲဆိုရင်လဲ မမှားပါဘူး...........။

ပြိုင်ကား ဝါသနာအိုးလေးတွေအတွက် မေ က မျှဝေပေးလိုက်တာပါ..........။


အမှန်အတိုင်းဝန်ခံရရင်တော့ ပြေးနေတဲ့ ကားတွေက မြန်လွန်းလို့  ဓာတ်ပုံတောင် သေချာမရိုက်နိုင်လိုက်ပါဘူး........။

ပွဲခင်းအပြင်အဆင်လေးကိုပဲ မေက ပြန်လည်မျှဝေလို့ ရမှာပါ.........။
ဒါလေးက မေ ဝင်ခဲ့တဲ့ ဂိတ် ၆ ပါ...။ Raffles place MRT အနားမှာရှိတဲ့ ဝင်ပေါက်ပါ........။

အစောင့်အကြပ်တွေကတော့ အတော်လေးထူထပ်တာပဲ.....။ လေယာဉ်ပေါ်တက်ခါနီးအတိုင်းပါပဲ ....တစ်တီး တီး နဲ့  အစစ်ခံနေရတာ ..လက်နှစ်ဘက်ကို ဘေးကားထားပြီးတော့.....။ အထဲကိုတော့ စားသောက်စရာကအစ ဘာမှ ယူဆောင်ခွင့်မပေးပါဘူး......။ ရေဘူးးပါးရင်တောင် အထဲကရေသွန်ပြီးမှ ဘူးအလွတ်ပဲ ယူဝင်ခဲ့ရပါတယ်။။။။။။

ဟဲ.ဟဲ ရှိုးထုတ်ကြည့်တာပါ.........။

သူတို့ တွေလဲ အလုပ်ရှုပ်နေကြလေရဲ့ .....။ ပွဲမဝင်ခင် ကြိုတင်ပြင်နေကြလေရဲ့ ........။

ပွဲကြည့်စင်မှာ နေရာယူနေကြပြီလေ..........။ ကြိုယူထားမှ နေရာရမှာမို့  အစောကြီးထဲကနေ နေရာ ယူထားရတာ..........။
အပြင်ကနေ သယ်ယူဆောင်ခွင့်မရတဲ့ အစားအသောက်တွေအတွက် အထဲမှာ ဈေးကြီးကြီးနှင့်ရောင်းချပေးနေပါတယ်ရှင်.......။ဒီလမ်းကလေးကတော့ စကာင်္ပူရောက်မြန်မာတွေ တနင်္ဂနွေနေ့ မှာ လမ်းသလားနေကြလမ်းလေးပါပဲ............။

သူတို့ တွေလဲ ဘောတွေ လွယ်ပြီး ကျွမ်းထိုးမှောက်ခုံ ဟန်ရေးပြနေကြလေရဲ့ ............။ အတော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်.............။
ကြိုက်တာယူကြနော်.............။ တစ်ခုတော့ ကြိုပြောမယ် ဟီးးးးးးးး ဈေးတော့ အရမ်းကြီးတယ်..........။

Red Bull ပရိသတ်တွေ အတွက် လိုချင်တာရမယ်နော်........။
ကြိုက်တာရွေး.......................။







ဒါကတော့ မေ့အကြိုက် Ferrari............။ ဦးထုပ်တစ်လုံးတော့ ဝယ်ထားမိပါရဲ့ ...။ အမှတ်တရ..........။ ဈေးတွေက ကြောက်လွန်းတယ်.......။



ကားတွေက မြန်လွန်းလို့  ဘယ်အသင်းကလဲ ဆိုတောင် မသိနိုင်ဘူး.......။ ဆူညံနေတဲ့ အသံတွေကလဲ ကြေညာသံကိုတောင် ကြားတစ်ချက်မကြားတစ်ချက်..........။ မြန်လိုက်တဲ့ ဖြစ်ချင်း ဝှီးးးးးးးးးးးးးးး ဆို မျက်စေ့အောက်က ပျောက်ပြီး....။ နာတွေ အူခဲ့တာပဲ သေချာသိတယ်.........။




ဓာတ်ပုံရိုက်လို့ မမှီလို့  တီဗွီထဲကနေ ပြန်ခိုးရိုက်ရတာ.......။ ရှူးးးးးးးး ဘယ်သူမှ မသိလောက်ပါဘူးနော်...။














ရမလားလို့  အရုပ်တုလေး နောက်က ရပ်ကြည့်တာပါ........။

ကဲ ............ကြည့် အဲ့လိုမြန်တာ........။ ဘာမှ သေချာမမြင်ရဘူး............။




တွေ့ တယ်နော်.......။ သိကြသေးလား ဘယ်အသင်းကလဲ ဆိုတာ............။ မေတော့ မူးနေပြီး.......။ အသံတွေ ဆူညံတာနဲ့ တင် ခေါင်းတစ်ခြမ်းကိုက်နေပြီ................။







အထင်မကြီးပါနဲ့  တကယ်ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ရပါဘူး........။ ကြိုပြောတယ် မေက မောင်းတာဆိုလို့  နွားလှည်းပဲ မောင်းတတ်တာ.....။



  Mc Queen ကိုတော့ ဝယ်မလားလို့  စိတ်ကူးမိပါရဲ့ ..............။ ဘယ်တုန်းကမှ မထိုးတဲ့ ထီမပေါက်တာနဲ့  အိပ်မက်ထဲမှာပဲ ဝယ်လိုက်တော့မယ်............။




ဆူညံနေတဲ့ အသံတွေကို ကျောခိုင်းပြီး Charic ရဲ့  တစ်ကိုယ်တော်ရှိုး ၊ကိုးးရီးယား band GD& TOP&SEUNGRI  အပါအဝင် နိုင်ငံတကာ နာမည်ကြီး အဆိုတော်တွေ ရဲ့  ရှိုးပွဲကို တစ်ပိုင်းတစ်စ ဝင်ရောက် အားပေးပြီး ပြန်လာခဲ့ရပါကြောင်း................။


ကားပြိုင်ပွဲလို့  ပြောပြီး ပြိုင်ကားတွေ မထည့်နိုင်တဲ့ အတွက်တော့ အပြစ်မဆိုကြပါနဲ့ ရှင်.......။
ဘယ်လိုမှ ဓာတ်ပုံကို အဆင်ပြေပြေ မရိုက်နိုင်ခဲ့လို့ ပါ...........။သံဇကာတွေ အထပ်ထပ်ကြားကနေ ဓာတ်ပုံကို ရိုက်ယူနေရသေးတယ်လေ...........။ ပွဲခင်းအခြေအနေကိုပဲ မျှဝေပေးလိုက်တာပါနော်.......။ မေက သတင်းထောက်လဲ မဟုတ်တော့ သတင်းတွေကို အကွက်စေ့ မရိုက်တတ်ဘူးလေ........။

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်







Friday 23 September 2011

သင့်ခန္ဓာမှ ထိုအရာကို ချေးငှားကြည့်ပါ..............

မေတို့ တွေ လူ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကျင်လည်လာခဲ့စဉ်တစ်လျှောက် အမျိုးမျိုးသော ချေးငှားမှုမျိုးတွေ ကြုံတွေ့ လာခဲ့ကြတယ်...........။

ကိုယ်ကိုယ်တိုင်လဲ ချေးငှားခဲ့ဖူးသလို မိတ်ဆွေတွေကိုလဲ ချေးငှားပေးခဲ့ဖူးတယ်..........။

ဘာတွေ အများဆုံး ချေးငှားခဲ့ကြသလဲ.............။

ပိုက်ဆံ ၊ အဝတ်အထည် ၊ စိန် ၊ရွှေ ၊ငွေ၊ တိုက် ၊ ကား ၊ အဝတ်အထည်  စသည်ဖြစ်ပေါ့.........

တန်ဖိုးကြီးလွန်းတဲ့ အရာတွေ ရှိသလို ငွေကြေးအားဖြစ် တန်ဖိုးနည်းပေမဲ့ တဖက်သူ အမှန်တကယ် လိုအပ်နေတဲ့ သက်မဲ့ အရာဝတ္တုလေးတွေကို လှိုက်လှိုက်လှဲလှဲသော်၎င်း ၊ မျက်နှာပန်းလှဖို့ ရန်သော်၎င်း ချေးငှားတတ်ကြပါတယ်............။

လူသားတိုင်းအတွက် တကယ်တမ်းလိုအပ်နေတဲ့ တစ်စုံတစ်ရာကို သင် ချေးငှားခဲ့ဖူးပါသလား.............။

ထိုအရာလေးက အခြားသော သက်မဲ့ အရာဝတ္တုတော့ မဟုတ်ပါဘူး..........။

တုန့် ပြန်ခံစားတတ်တဲ့ သင့်ခန္ဓာကိုယ်မှ သင်ပိုင်ဆိုင်သောအရာ.................။

သင့် နှလုံးသားနှင့် ဆက်စပ်နေတဲ့ သင့်ရဲ့  ခန္ဓာကိုယ်မှ ကြီးမားကျယ်ပြန့်  နွေးထွေးနူးညံ့တဲ့

ပခုံးလေးတစ်ဖက်...............။



ခံစားတတ်တဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ထားခဲ့ကြတဲ့ လူသားတွေမှာ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို အမြဲတမ်းထိတွေ့  ခံစားနေရမှာပါပဲ...............။

ပျော်ရွှင်မှုတွေကို ဝိုင်းကူခံစား ပျော်ရွှင်ပေးခဲ့သူတွေ များခဲ့နိုင်ပေမဲ့ ဝမ်းနည်းပူဆွေးမှုတွေကိုတော့ အပူကိုယူပြီး မျှဝေခံစားပေးနိုင်သူတွေ နည်းလှပါတယ်..............။

ဝမ်းနည်းနေသူအတွက် တစ်ချက်မျှသော ရင်ဖွင့်ခံစားမှုဟာ ရေနစ်နေသူ လှမ်းဆွဲလိုက်တဲ့ ကောက်ရိုးတမျှင်လိုပါပဲ............။

လွတ်မြောက်ရှင်သန်မှု မျှော်လင့်ချက်တွေ စုဝေးပြီ ပုံအောချလိုက်တာပါ...........။

ထိုသူအတွက် သင့်ရဲ့  ပုခုံးလေးကို ကြင်နာစွာထိုးပေးလိုက်ပါ.............။

သူ့ ရဲ့  ခံစားချက်တွေ မျှဝေခံစားပေးကြည့်ပါ................။

သူဖွင့်အန်လာသမျှကို နားထောင်ပေးပါ...........။

ဝမ်းနည်းနေသူ တစ်ယောက်အတွက် ဒီအချိန်မှာ ရင်ဖွင့်ဖော် တစ်ယောက်တော့ သေချာလိုအပ်နေမှာပါ........။

နှစ်သိမ့်အားပေးပြီး လမ်းမှန်ကို မြင်အောင်ပြပေးပါ...........။

သူ့ ရင်ထဲက ခံစားမှုတွေ စုပုံပြီး မျက်ရည်မိုးရွာချခဲ့ရင်လဲ သင့်ပုခုံးလေး စိုစွတ်ချင် စိုစွတ်ပါစေ ရွာချခွင့်ပေးကြည့်ပါလား............။

နူးညံ့ခြင်းတွေနဲ့  ပြည့်လျှံနေတဲ့ သင့်ရင်ဘတ်ထဲ ငြိမ်းချမ်းခြင်းတွေ ခံစားရမှာပါ...........။

ကြေကွဲနေတဲ့ သူ့ မျက်နှာပြင်ပေါ်မှာ သင့်ရဲ့  ဖေးမကူညီမှုကြောင့် အရောင်ပြောင်းလာတဲ့ အပြုံးတစ်ပွင့်ဟာ တစ်ဖြည်းဖြည်း လင်းလက်လာတာနှင့်အမျှ သင့်ရင်ထဲက ကြည်နူးမှု ရာခိုင်နှုန်းတွေကလဲ မြင့်တက်လာမှာပါ...........။


သူ့ ရဲ့  ကြေကွဲမှုတွေ လွင့်စင်လာတာနှင့်အမျှ သင့်ရင်မှာ သေချာရရှိလိုက်တဲ့ ပီတီကို သင်ပြန်လည်ခံစားမိမှာပါ..........။

ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလဲ ချမိလာပါလိမ့်မယ်...........။



အချေးငှာတစ်ကာ ချေးငှားရသော သက်ရှိသက်မဲ့ အရာဝတ္တုတွေထဲတွင် ပုခုံးလေးတစ်ဖက် ငှားရမ်းပေးခြင်းသည် ကြည်နူးပီတိ အဖြစ်ဆုံးနှင့် အမြင့်မြတ်ဆုံးးးးးးးးးး




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်










Thursday 22 September 2011

အနမ်းဦနှင့်  ကြိုဆိုမည့်ခရီး.............

အချစ်စစ်ဟာ မဖြောင့်ဖြူးဘူးတဲ့..............
ဆိုးရိုးစကားတောင် ရှိခဲ့တာပဲ...............။

အားတင်းထားချစ်သူ...........။
လမ်းတစ်ဝက်မှာ မပြိုလဲစေပါနဲ့ ...........။
ကြိုးစားမှုရဲ့  နေ့ သစ်တွေတိုင်းဟာ ငါတို့ ရဲ့  နီးစပ်မှုတွေပါ...........။

                                                    __█████_____█████
______________________________███____██_██_____███
_____________________________██________██__________██
____________________________██__________█____________██
________██████____________██________________________██
_____███████████________██________________________██
____█████████████_______██_______________________██
___███████████████______██______________________██
___████████████████______██___________________██
___████████████████_______██_________________██
____███████████████_______███_______________██
_______███████████_______██__██_____________██
___________███████______████___██__________██
____██████__██████████████_____██_____██
__██████████████████████________██__██
_████████████████████_____________████
██_█████_████████████_______________█
█__█_██__████████████
_____█__████████████
_______█████████████
_______██████████████
_______███████████████
________███████████████
_______███████__████████
______███████_____███████
____█████████________██████

ငါတို့ ရဲ့  ခိုင်မာတဲ့ ချစ်ခြင်းတွေက တိုက်ခတ်လာတဲ့ လေနီကြမ်း တစ်ချို့ လောက်ကိုတော့ မမှုဘူး.............။

ရိုက်ခတ်လာတဲ့ လှိုင်းတံပိုးတွေလောက်ကိုတော့ တိုက်စားခံရမှုမရှိဘူး..........။

တွန်းတိုက်မှုတွေ ခံနေရပေမဲ့ နဲ့ နဲ့  မလာဘူး ဆိုတာ ငါ ယုံကြည်ပါတယ်...........။


ဒီရင်ဘတ်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းတရား ......
ရစ်ပတ်ချည်နှောင်ထားတဲ့ မေတ္တာကြိုးမျှင်...............
ကာရံထားတဲ့ သစ္စာတရားတွေကို ယုံကြည်ပေးပါ............။

ရှေ့ ဆက်ရမဲ့ လမ်းတွေအတွက် ဆူးခင်းလမ်းတွေ ရှိနေချင်ရှိနေလိမ့်မယ်....
သာယာလှပတဲ့ လမ်းတစ်ကြောင်းဖြစ်ဖို့  မျက်ရည်တွေနဲ့  ဆေးကြောချင် ဆေးကြောရလိမ့်မယ်..........။
နှလုံးသွေးတွေ တစ်စိမ့်စိမ့် ယိုချင်ယိုနေလိမ့်မယ်............
________________________________________¶¶
______________________________________________¶¶¶¶
____________________________________________¶¶¶¶¶¶¶
__________________________________________¶¶¶¶¶¶¶¶¶¶¶
_________________________________________¶¶¶¶¶¶¶¶¶¶¶¶¶¶
__________¶¶¶¶¶¶¶¶¶________¶¶¶¶¶¶¶¶¶__¶¶¶¶¶¶¶¶¶¶¶¶¶¶
_______¶¶¶¶¶¶¶¶¶¶¶¶¶¶¶_¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
_____¶¶¶¶¶¶¶_____¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
____¶¶¶¶¶____¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶_¶¶¶¶¶
__¶¶¶¶¶__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
___¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
___¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
____¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
______¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
___¶___¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶_____¶¶¶_¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶¶¶___¶¶_¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶_¶¶¶¶_¶¶__¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶¶
__¶__¶__¶¶_____¶¶¶¶¶¶¶¶¶¶¶¶¶
_¶_____¶¶¶________¶¶¶¶¶¶¶
¶________¶¶¶________¶¶
¶¶¶¶¶¶¶¶¶¶¶¶¶

ငါ ကမ်းပေးတဲ့ လက်ကို လှမ်းယူပြီ ကြိုးစားရပ်တည်ပါ...........။
ရှေ့ ကို ခြေလှမ်းဆက်လျှောက်ပါ ချစ်သူ.....................။

နင့်ရဲ့ ဘေးမှာ ဖဝါးထပ်မျှပါလာမဲ့ ငါ့အတွက် နင့်ရဲ့  တွန့် ဆုတ်နေတဲ့ ခြေလှမ်းတွေကို ခွန်အားရှိသလောက် လှမ်းကြည့်စမ်းပါ...........။
နင့်ရဲ့  ခြေလှမ်းသစ်တိုင်းဟာ ငါ့နှလုံးသားရဲ့  ရှင်သန်ခြင်း မျှော်လင့်ချက်တွေပါ...........။

နင့်ရင်ထဲက အချစ်တွေကို ယုံကြည်ပြီးသားမို့  လမ်းတစ်ဝက်နဲ့  ရပ်တန့် မှုမရှိအောင် ငါတို့ ................
တွဲလက်တွေ မဖြုတ်တမ်း ရှေ့ ဆက်ကြမယ်................။

ခရီးဆုံးမှာ ပန်းတိုင်ရှိတယ်.................။
အနမ်းဦးနဲ့  ငါ ကြိုနေမယ်..............။


▀██▀─▄███▄─▀██─██▀██▀▀█
─██─███─███─██─██─██▄█
─██─▀██▄██▀─▀█▄█▀─██▀█
▄██▄▄█▀▀▀─────▀──▄██▄▄█
_____________$$$$$$
___________$$$$$$$$$$
__________$$$$$$$$$$$$$
_________$$$$$$$$$$$$$
__________$$$$$$$$$$$$___$$$$$

_________$$$$$$$$$$$$__$$$$$$$$$
_________$$$$$$$$$$$$$_$$$$$$$$$$
______$$$$$$$$$$$$$$_$$$$$$$$$$$$$
___$$$$$$$$$$$$$$$$_$$$$$$$$$$$$$$
__$$$$$$$$$$$$_______$$$$$$$$$$$$$$
__$$$$$$$$$$$__MG_____$$$$$$$$$$$$$
_$$$$$$$$$$$$___&_____$$$$$$$$$$$$$
_$$$$$$$$$$$$$_MAY____$$$$$$$$$$$$
$$$$$$$$$$$$$$$$$_$$$$$$$$$$$$$$$$$
$$$$$$$$$$$$$$$$_$$$$$$$$$$$$$$$$$$$
$$$$$$$$$$$$$$$_$$$$$$$$$$$$$$$$$_$$
$$$$..$$$$$$$.$$$_$$$$$$$$$$$$$_$$$
$$$$$$$$$$$$$$$_$$$$$$$$$$$$$$$$_$$
$$$$$$$$$$$$$$$__$$$$$$$$$$$$$$$$$
$$$$$$$$$$$$$$$__$$$$$$$$$$$$$$_$$
$$$$$$$$$$$$$$__$$$$$$$$$$_$$$$_$
_$$$$$$$$$$$$$__$$$$$$$$$$$$$$_$_$
_$$$$$$$$$$$$$__$$$$$$$$$$$$__$_$
_$$$$$$$$$$$$$$$$$$$$$$$$
_$$$$$$$$$$$$$$$$$$$$$$$$$
$$$$$$$$$$$$$$_$$$$$$$$$$$
$$$$$$$$$$$$$$__$$$$$$$$$
$$$$$$$$$$$$$$__$$$$$$$$$$$
$$$$$$$$$$$$$$__$

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Monday 19 September 2011

ရင်မောင့်ရဲ့  နည်းပညာစာအုပ်

ဘာရယ်တော့ မဟုတ်ပါဘူးဗျာ . . . ရင်မောင်ရဲ့ နောက်ဆုံးလက်ဆောင်လေးကို သူငယ်ချင်းတွေ အားလုံးကို
ပေးချင်လို့ ဒီခေါင်းစဉ်ကို ရေးလိုက်တာပါ ။ ဒါမှာလည်း လာကြမယ်လို့ ထင်မိတယ်လေ . . . ဒါကြောင့်ပါ
ကျွန်တော် ပေးတဲ့ စာအုပ်လေးကို ယူပြီး သိမ်းထားလိုက်ကြပါ အဆင်ပြေတဲ့နေ့မှ လိုတာတွေကို ယူကြပေါ့
အားလုံးအတွက် အဆင်ပြေမယ်ဆိုရင် . . . . အိပ်ရေးပျက်ရကျိုး နပ်ပါပီ . . . . . သူငယ်ချင်းတွေ အားလုံး
အမုန်းတရား ကင်းမဲ့စွာဖြင့် ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် . . . . ဒီပိုစ့်လေးထဲမှာ စကားတွေ
အများကြီး ရေးချင်နေတာပါ . . . ဒါပေမယ့် ရင်မောင် မရတော့ဘူး ရေးလို့မနိုင်တော့လို့ပါ . . . ......။











Ifile. . . . . . . . . . | . . . . . . . . Mediafire



♣ ♣ ♣ လိမ်လိမ်မာမာနေကြပါဗျာ♣ ♣ ♣

Sunday 18 September 2011

မေသဇင်သာ တောပြန်ခဲ့ရင်...........

ပထမဆုံး မေ့ကိုယ်မေ မိတ်ဆက်ပါရစေ...............။

မေက ကရင်ပြည်နယ် ဒေါနတောင်ခြေက မထင်မရှား ကျေးတောရွာလေးမှာ ကြီးပြင်းလာခဲ့သူပေါ့.........။

တောဓလေ့ တောသဘာဝထဲမှာ ကျင်လည်လာခဲ့ရင် မြို့ ကြီး ပြကြီးကို စိတ်ကူးယဉ်ပုံဖော် စိတ်ကူးပန်ချီတွေ အကြိမ်ကြိမ်ရေးဆွဲခဲ့ဖူးတယ်..............။

ဖိနပ်မပါ ခြေဗလာနဲ့  ရွာရိုးကိုးပေါက် လျှောက်ခါ သွားခဲ့တာလဲ အကြိမ်ကြိမ်ပါပဲ...........။

သာမန်ဆင်းရဲတဲ့ မိသားစုမှ လူဖြစ်ခွင့်ရလာတဲ့မေ ခြိုးခြံချွေတာရင်း တစ်ခါတစ်ရံ အဝတ်ရေစို လဲစရာအပိုတောင် မရှိခဲ့သူလေ............။

ရေနံချေးဝနေတဲ့ ရေနံဆီမီးခွက်မှိန်မှိန်အောက်မှာ ဆည်းပူးလာခဲ့တဲ့ စာတွေကို ရွတ်အံရင်း မေ့ရဲ့  နေ့ တွေက မရိုးနိုင်တဲ့ ထပ်တူညီချင်းတွေနဲ့  ကုန်ဆုံလာခဲ့ရင်းနဲ့ သာ.............။

ခေတ်တစ်ခေတ်ရဲ့  ရေစီးချောင်းထဲမှာ ကွန်ပြူတာဆိုတာ လူတိုင်းရဲ့  ပါးစပ်ဖျားထဲမှာ ခိုတွဲနေချိန် ၊ ရွယ်တူ သူငယ်ချင်းတွေ မြို့ ပေါ်တက်ပြီး ကွန်ပြူတာဆိုတဲ့ ပညာရပ်ကို သွားရောက်ဆည်းပူးနေချိန်မှာ မေ့အတွက်ကတော့ အိပ်မက်ထဲတောင် ထည့်မက်ခွင့်မရခဲ့တဲ့ အခြေအနေနဲ့ ပေါ့..........။

ပညာကို အာသာငမ်းငမ် လိုချင်နေတဲ့ အရွယ်မို့  မေလဲ သင်ယူခဲ့ချင်ပေမဲ့ ဘဝက ပေးလာတဲ့ အခြေအနေတွေနဲ့ မို့  အခွင့်အရေးတစ်ခုတောင်ဆိုပြီး မိဘကို အပူကပ်ရမှာတောင် မဝံ့ရဲခဲ့ပါဘူး...........။

သင်ယူတတ်မြောက်လာတဲ့ အတန်းပညာတွေကို စာရင်းချုပ်ကြည့်လိုက်တော့ နောက်ဆုံးစားရင်းကျန် ခပ်ထူထူစာရွက်တစ်ရွက်ပေါ်က လက်မှတ်တစ်ခုနဲ့  အများက ခေါ်ဆိုတဲ့ ဘွဲ့ လက်မှတ်တဲ့..........။

ဒါဟာ သင်ကြားတတ်မြောက်လာတဲ့ ပညာရေးစားရင်းချုပ်ပါ.......။

ဘဝအာမခံ လက်မှတ်မဟုတ်သလို ရေရာတဲ့ အလုပ်ထောက်ခံစာလဲ မဟုတ်ခဲ့ပါဘူး.......။

မွန်းကြပ်လွန်းတဲ့ အကြပ်အတည်းတွေနဲ့  ဖြတ်သန်းလာရတဲ့ ဘဝအခက်အခဲတွေကြောင့်....

စူးစမ်းလေ့လာတတ်တဲ့ အရွယ်မှာ စွန့် စားလိုစိတ်တစ်ခုထဲနဲ့  မွေးရပ်မြေက ထွက်ခွာလာပြီး လူမျိုးခြားတွေအလည်မှာ ဘဝရပ်တည်မှုအတွက် အံကိုခဲ ကြံ့ ခိုင်အောင်ရပ်တည်ရင်း စွမ်းအားရှိသလောက်နဲ့  မယိုင်လဲအောင် တည့်မတ်လာခဲ့ရတဲ့ အခြေအနေတွေနဲ့  .....

တစ်နေ့ တာ ကုန်ဆုံးသွားတဲ့ ဒုက္ခတွေကို ကျောခင်းအိပ်ရင်း နောက်တစ်နေ့ မှာ ကြုံတွေ့ လာနိုင်တဲ့ အခက်အခဲတွေအတွက် အားမွေးယူနေရတဲ့ အခြေအနေက သံသရာတစ်ခုပမာ......။

ရပ်တန့် လို့ မရတဲ့ ကြိုးစားအားထုတ်မှုတွေထဲမှာ တစ်ချိန်က စိတ်ကူးယဉ်ခွင့်မရခဲ့တဲ့ ကွန်ပြူတာ ဆိုတဲ့ ဝေါဟာရတစ်ခုကို အသက်ပြန်သွင်းရင်း လမ်းတစ်ခုပေါ် မှုန်ဝါးဝါးအစပြုလျှောက်ခဲ့ရင်းမှ ဒီလမ်းလေးပေါ်မှာ တမ်းတ စွဲလမ်းတတ်လာခဲ့ပြီး......။

မေ သင်ယူခဲ့တဲ့ ဒီပညာလေးကြောင့် ဘဝရဲ့  အခက်အခဲတစ်ချို့ ကို ချိုမြမြ ဖြတ်သန်းနိုင်လာခဲ့ပြီ.....။

ငယ်ငယ်လေးထဲက ဝါသနာပါလာခဲ့တဲ့ စာရေးခြင်းဆိုတဲ့ ဝါသနာမျိုးစေ့ကိုလဲ ဒီမြေမှာ စိုက်ခွင့်ရခဲ့ပြီ..........။

သင်ယူခွင့်ရဖို့ ကိုတောင် စိတ်ကူးယဉ်ခွင့်မရခဲ့တဲ့ အခြေအနေကနေ ခုဆိုရင် ဝက်ဘ်ဆိုဒ် တစ်ကာလှည့်ပြီး ယောင်းမတစ်ချောင်းလို ဟိုလိုက်မွှေ ဒီလိုက်မွှေ ရင်း လေ့လာတတ်နေခဲ့ပြီ........။

မနက်မိုးလင်းလို့  အိပ်ရာက နိုးတယ်ဆိုတာနှင့် လက်က ကွန်ပြူတာကို ဖွင့်နေလျှက်သား အခြေအနေမျိုးထိ စွဲလမ်းနေမိခဲ့ပြီး.........။



ဒီလို အခြေအနေမျိုးနှင့်မေ...................

ခုချိန်မှာ မေ ချစ်တဲ့ ရွာကို ပြန်ချင်လားမေးရင် မေရဲ့  တွေဝေနေတဲ့ မျက်နှာကို ခဏတော့ မြင်ရလိမ့်မယ် ထင်ပါရဲ့ ..........။

ဒါပေမဲ့ မေ ရွာကို ချစ်တယ်..............။

မေ ရွာမှာနေတုန်းက PC တစ်လုံးမရှိခဲ့ဘူး.........။
ဒါပေမဲ့ မေတို့ ရွာမှာ ပေစိလို့ ခေါ်တဲ့ တောစီစစ်ဖိနပ်ကို နွေမိုးဆောင်း စီးပြီ ဘောင်းဘီတိုနဲ့  စွပ်ကျယ်လက်ပြတ်ကို အချိန်ပြည့်ဝတ်တတ်တဲ့ ခပ်ဂေါက်ဂေါက် ပေစိ တော့ ရှိတယ်လေ.......။

မေ့ရွာမှာ ခုလို (၂၄ )နာရီ လျှပ်စစ်မီးမရှိဘူး........။
စွမ်းအင်ချွေတာတဲ့ သဘာဝအလင်းနဲ့  ရေနံဆီမီးခွက်ရှိတယ်......။
ဒီတော့ ခုလို အိပ်ပျက်ညတွေထဲမှာ အချိန်မကုန်တော့ဘူး...........။

မေ့ရွာမှာ နက်(Net) မရှိဘူး...............။
ဒါပေမဲ့ နတ်တွေတော့ရှိတယ်.........။
(၃၇)မင်းတောင်မကဘူး.........။စုံနေတာများ ဆိုင်းသံဗုံသံတွေက တညံညံ........။
ကမ္ဘာကြီး ရွာကြီးဖြစ်လားမဖြစ်လား မသိနိုင်ပေမဲ့ ဒီရွာကြီးကတော့ သူ့ ရွာနှင့်သူ တစ်ကမ္ဘာသီးသန့် ပမာ.....။

မေ့ရွာမှာ ဝက်ဘ်(Web) မရှိဘူး...........။
ဒါပေမဲ့ မနက်မိုးလင်းရင် တိုးပြီး ဝယ်ရတဲ့ တစ်ဆိုင်ထဲသော ဝက်သားဆိုင်တော့ သေချာရှိတယ်.......။
ဝက်သားတုံးကို ချိန်ခွင်ထဲ လေဟုန်နဲ့  ဝုန်းခနဲ့  ပစ်ထည့် အရှိန်နဲ့  ကျသွားတဲ့ ဝက်သားတုံး လေဟုန်ထဲ ပြန်မတက်ခင် ကောက်ယူပေးလိုက်တဲ့ အရှိန်က မြန်လိုက်တဲ့ အရှိန် ဒီဝက်ဘ်(Web)ထဲ ကူးသန်းသွားလာနေရတာလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်.........။

မေတို့ ရွာမှာ ကွန်နက်ရှင် မရလဲ ဘာမှတော့ မဖြစ်ပါဘူး....။
ကွန်မရှိရင် ရေမြုံး၊ ရေကွင်း ၊ ငါးမျှားတံ နဲ့  ပိုက်တွေ ထောင်စားလို့ ရတယ်လေ.......။
ဘယ်သူ့ ကိုမှ ဒေါသတစ်ကြီး မေတ္တာပို့ နေစရာမလိုတော့ဘူးပေါ့.........။

မေတို့ တွေ တိုင်းတစ်ပါးမှာ ရုန်းကန်နေကြရတယ်.........။
တစ်နေ့ နေ့ တစ်ချိန်ချိန် အိမ်ပြန်ကြရမှာပါပဲ.............။

တောဓလေ့မှာ ပျော်မွေ့ ခဲ့တဲ့မေ တောရဲ့  သဘာဝကို ချစ်တယ်..........။

“အွန်လိုင်း”ဆိုတာ သုံးခွင့်မရခဲ့တော့ရင် မေချစ်တဲ့ အမြတ်တနိုးလွယ်ခဲ့တဲ့ “ပလိုင်း” လွယ်ပြီး တောခုတ်သွားမယ်..........။



“ဝက်ဘ်ဆိုဒ်”တစ်ကာလှည့်ပြီး ယောင်းမတစ်ချောင်းလို မွှေနေတဲ့ အချိန်တွေအတွက် အဲ့ဒီယောင်းမ အိမ်ပြန်ယူသွားပြီး “ဝက်စာ“ ကျိုတဲ့ အခါတွေမှာ မွှေနေလိုက်မယ်............။

ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဘာတွေကိုပဲ အဆက်ဖြတ်ရ ဖြတ်ရ မေ အချိန်တန်ရင် မေချစ်တဲ့ ရွာလေးဆီကို ပြန်ခဲ့ပါ့မယ်...........။

မေ့ရဲ့  ဇာတိချက်မြုပ် ရွာလေးကို မေ အရမ်းချစ်လို့ ပေါ့.......။



မေသဇင်